တရုတ်အာကာသယာဉ်က အင်္ဂါဂြိုဟ်တစ်ခုလုံး၏ ရုပ်ပုံများကို ရိုက်ကူးရယူနိုင်

တရုတ်နိုင်ငံက လွှတ်တင်ထားသော လူမဲ့အာကာသယာဉ်တစ်စင်းက အင်္ဂါဂြိုဟ်တစ်ခုလုံး၏ရုပ်ပုံများကို  ရိုက်ကူးရယူ လိုက်နိုင်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဇွန် ၂၉ ရက်တွင် ဖော်ပြထားသည်။

အဆိုပါရုပ်ပုံများတွင်  အင်္ဂါဂြိုဟ်၏ တောင်ဝင်ရိုးစွန်းရုပ်ပုံများလည်း အပါအဝင်ဖြစ်ကာ ထိုအာကာသယာဉ်က ယင်းဂြိုဟ်ကို အပတ်ရေ ၁၃၀၀ ကျော်ပတ်ပြီးနောက် ယခုကဲ့သို့ ရုပ်ပုံများကို ရိုက်ကူးနိုင်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက စေလွှတ်လိုက်သည့် Tianwen-1 အာကာသယာဉ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်  အင်္ဂါဂြိုဟ်ဆီသို့ အောင်မြင်စွာ ရောက်ရှိသွားသည်။

ထိုခရီးစဉ်မှ ဂြိုဟ်ပတ်ယာဉ်သည် အင်္ဂါဂြိုဟ်ပတ်လမ်းမှပတ်ကာ အချက်အလက်များကို ရယူနေစဉ် ဂြိုဟ်ဆင်းယာဉ်တစ်စီးက ယင်းဂြိုဟ်ပေါ်၌ လျှောက်သွားကာ သုတေသနလုပ်နေခြင်း ဖြစ်သည်။

အဆိုပါဂြိုဟ်ပတ်ယာဉ်က ပထမဆုံးပေးပို့လိုက်သည့်ဓာတ်ပုံများမှာ  အင်္ဂါဂြိုဟ်၏ တောင်ဝင်ရိုးစွန်းရုပ်ပုံများ ဖြစ်ပြီး ထိုနေရာသည် အဆိုပါဂြိုဟ်၏ တစ်ခုတည်းသော ရေအရင်းအမြစ်များရှိရာ နေရာဖြစ်ကြောင်း သိရသည်။                    

Ref:TST