ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ခြောက်ဦး တွေ့ရှိ ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၁၁ ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ခြောက်ဦး တွေ့ရှိ ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၁၁ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဇွန်  ၂၉

    ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊  ဓာတ်ခွဲ အတည်ပြုလူနာနှင့်    အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၂၈-၆-၂၀၂၂ ရက် ည ၈ နာရီမှ ၂၉- ၆-၂၀၂၂ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း ၅၄၄၂ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ    ကိုဗစ်-၁၉ ရောဂါ  ဓာတ်ခွဲအတည်ပြု လူနာသစ် ခြောက်ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ   သုည ဒသမ ၁၁ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၃၆၇၀၈၇ ခုအား စစ်ဆေးခဲ့ပြီး  ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၆၁၃၅၈၃ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ သုံးဦးရှိသဖြင့်   ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၅၃၉ ဦးရှိပြီဖြစ်သည်။ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြင့်  သေဆုံးသူ မရှိသဖြင့်  ယနေ့ အထိ သေဆုံးသူစုစုပေါင်း ၁၉၄၃၄ ဦးရှိ သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ဇွန် ၂၈ ရက်အထိ အသက်၁၈ နှစ်နှင့်အထက် လူဦးရေစုစုပေါင်း ၂၉၈၇၁၆၈၇ ဦးနှင့် အသက် ၁၈ နှစ်အောက်လူဦးရေ စုစုပေါင်း ၅၄၅၂၃၀၄ ဦးတို့အား ထိုးနှံပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက  သတင်းထုတ်ပြန်ထားသည်။