အီတလီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လာမည့်ဘောလုံးရာသီမှ စတင်ကာ ချန်ပီယံဆုအတွက် စည်းမျဉ်းအသစ်ကို ပြောင်းလဲအသုံးပြုမည်

အီတလီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က    လာမည့် ဘောလုံးရာသီမှစတင်ကာ     ချန်ပီယံဆုအတွက် နောက်ဆုံးပွဲစဉ် ကစားပြီးချိန်အထိ ရမှတ်တူညီနေပါ က ထိပ်တိုက်တွေ့ဆုံမှုရလဒ်၊ ဂိုးကွာခြားချက်တို့ဖြင့် ဆုံးဖြတ်မည် မဟုတ်ဘဲ   ရှုံးထွက်ပွဲစဉ် ကစားစေပြီး   ချန်ပီယံဆုကို ဆုံးဖြတ်မည်ဟု    ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ထိပ်တန်းလိဂ်များတွင် ဘောလုံးရာသီနောက်ဆုံးပွဲစဉ် ကစားပြီးချိန်တွင် ချန်ပီယံဆု အတွက် အသင်းများအနေဖြင့် ရမှတ်နှင့် ဂိုးကွာခြားချက် တူညီနေပါက အဆိုပါ နှစ်သင်းထိပ်တိုက်တွေ့ဆုံ မှုရလဒ်ဖြင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သော်လည်း လာမည့် ဘောလုံးရာသီတွင် စည်းမျဉ်းသစ်အဖြစ် ချန်ပီယံဆုအတွက်  ရှုံးထွက်အဆင့်ကစားပြီး  အနိုင်ရရှိမည့် အသင်းကသာ ချန်ပီယံဆုဆွတ်ခူးနိုင်မည်ဖြစ်သည်။

အီတလီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းသစ်အရ ချန်ပီယံဆုအတွက်ဆုံးဖြတ်သည့် ရှုံးထွက်အဆင့် ပွဲစဉ်တွင် မိနစ် ၉၀ အတွင်း သရေရလဒ်ထွက်ပေါ်နေ  မည်ဆိုပါက အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားစေ မည်မဟုတ်ဘဲ   တိုက်ရိုက်ပယ်နယ်တီကစားရမည် ဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ ဂျာမန်ဘွန်ဒက်စ်လီဂါနှင့်  ပြင်သစ်လီဂူး  စသည့် အမှတ်ပေးပြိုင်ပွဲများတွင် ချန်ပီယံဆုအတွက် ရမှတ်တူညီနေပါက  ဂိုးကွာခြားချက်ဖြင့်သာ  ဆုံးဖြတ်လျက်ရှိပြီး ထိပ်တန်းလိဂ်ကြီးများတွင် အီတလီစီးရီး အေပြိုင်ပွဲက ချန်ပီယံဆုအတွက် ပထမဆုံးရှုံးထွက် ကစားရမည့် လိဂ်တစ်ခုဖြစ်လာမည်ဖြစ်သည်။

အီတလီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က   ချန်ပီယံဆုအတွက်ကိုသာ    စည်းမျဉ်းပြောင်းလဲခဲ့ခြင်းဖြစ်ပြီး  တန်းဆင်း ရမည့် အသင်းများကို    ဆုံးဖြတ်ရာတွင် လက်ရှိကျင့်သုံးနေသည့် စည်းမျဉ်းဖြစ်သော  ရမှတ်တူညီနေပါက    ထိပ်တိုက် တွေ့ဆုံမှုရလဒ်ဖြင့်သာ     ဆုံးဖြတ်သည့် စနစ်ကို     ဆက်လက် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။                    

Ref;Dello Sports