အာဂျင်တီးနားနိုင်ငံက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့် ကာလဖြစ်သည့် နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အထိ တစ်နိုင်ငံလုံး၏ အားလပ်ရက်အဖြစ် သတ်မှတ်

အာဂျင်တီးနားနိုင်ငံအစိုးရက ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပမည့် ကာလဖြစ်သည့် နိုဝင်ဘာ ၁၅ ရက် မှ    ဒီဇင်ဘာ ၂၅ ရက်အထိ   တစ်နိုင်ငံလုံး၏ အားလပ်ရက်အဖြစ်    သတ်မှတ်အတည်ပြုခဲ့ကြောင်း သိရသည်။

အာဂျင်တီးနားလက်ရွေးစင် အသင်းသည် နိုဝင်ဘာလတွင် ကာတာနိုင်ငံ၌ ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင်   ၎င်းတို့ လက်ရွေးစင်အသင်းကို ပြည်သူများ အပြည့်အဝ အားပေးနိုင်စေရန်  အဆိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲကာလကို  အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

အာဂျင်တီးနား နိုင်ငံသမိုင်းတစ်လျှောက်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ခြင်း မရှိဘဲ ယခုအခါမှသာ ပထမဆုံးအကြိမ် သတ်မှတ်ပေးခြင်းဖြစ်ပြီး     အဓိကကစားသမား မက်ဆီဦးဆောင်မည့် ၎င်းတို့အသင်းအနေဖြင့် အောင်မြင်မှုရရှိရန် မျှော်လင့်ပြီးနောက် အစိုးရကပင် အားလပ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

အာဂျင်တီးနားအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မက္ကဆီကိုအသင်း၊ ပိုလန်အသင်း၊ ဆော်ဒီ အာရေဗျအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ရှုံးထွက်အဆင့်သို့တက်ရောက်ရန် ရေပန်းအစား ဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း သိရသည်။          

Ref;ESPN