ဖာဒီနန်မားကို့ ဖိလစ်ပိုင်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသော ဖာဒီနန်မားကို့က ဖိလစ်ပိုင်သမ္မတအဖြစ် ဇွန် ၃၀ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုကြောင်း သိရသည်။

အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲကို မနီလာမြို့ရှိ အမျိုးသားပြတိုက်၌ အစိုးရအဖွဲ့နှင့် ပြည်ပနိုင်ငံများမှ တာဝန်ရှိသူများ၊ သတင်းထောက်များ၊  ပြည်သူများရှေ့မှောက်တွင် ကျင်းပခြင်း ဖြစ်သည်။

ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ  သမ္မတရိုဒရီဂိုဒူတာတေက  ဖာဒီနန်မားကို့ကို မာလာကာနန်းသမ္မတ အိမ်တော်၌ လက်ခံ တွေ့ဆုံသည်။

ဖာဒီနန်မားကို့သည်    ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆိုးဝါးနေသည့်အပြင် လက်ရှိဖြစ်ပွားနေသော ကုန်ဈေးနှုန်း မြင့်တက်မှုများကြောင့် တိုးတက်မှုမရှိသည့် စီးပွားရေး အခြေအနေကို ဦးစွာကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။

ထို့ပြင်  ငွေကြေးဖောင်းပွမှုကိုဖြေရှင်းရေး၊ စီးပွားရေးတိုးတက်မှုကိုမြှင့်တင်ရေးနှင့် စားနပ်ရိက္ခာ ထုတ်လုပ်မှု တိုးမြှင့်ရေးတို့ကိုလည်း ဦးစားပေး ဆောင်ရွက်သွားရမည် ဖြစ်သည်။

အလားတူ နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံရေးတွင်လည်း အားလုံးကိုမိတ်ဆွေအဖြစ်သတ်မှတ်ကာ  မည်သည့်နိုင်ငံကို မျှရန်သူဟု မသတ်မှတ်သည့်မူဝါဒကို   စွဲကိုင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဖာဒီနန်မားကို့က ပြောထားသည်။

Ref: Bangkok Post