တောင်ကိုရီးယားက အခြေခံလုပ်အားခကို ၅ ရာခိုင်နှုန်းတိုးမြှင့်ပေးမည်

တောင်ကိုရီးယားအစိုးရက နိုင်ငံအတွင်းရှိ အလုပ်သမားများအတွက်   အခြေခံလုပ်အားခကို  ၅ ရာခိုင်နှုန်း တိုးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ လုပ်ခလစာတိုးမြှင့်ပေးမှုအရ အခြေခံအလုပ်သမားတစ်ဦးသည် တစ်နာရီလျှင် ဝမ် ၉၆၂၀ အထိတိုးမြှင့်ရရှိမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဇွန် ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

အလုပ်ရှင်များဘက်က လုပ်ခလစာကို ၁ ဒသမ ၈၆ ရာခိုင်နှုန်းသာ တိုးမြှင့်ပေးရန် အဆိုပြုထားသော်လည်း အလုပ်သမားများဘက်ကမူ လုပ်အားခကို  ၁၀ ဒသမ ၁ ရာခိုင်နှုန်းတိုးမြှင့်ပေးရန်   တောင်းဆိုထားသည့်အတွက်  ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက်    အစိုးရတာဝန်ရှိသူများက လုပ်ခလစာကို ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ပေး လိုက်ခြင်းဖြစ်သည်။

နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှု မြင့်တက်နေစဉ် ယခုကဲ့သို့ လုပ်ခလစာတိုးမြှင့်ပေးခြင်းကြောင့်  ငွေကြေးဖောင်းပွမှု အခြေအနေကို ပိုဆိုးစေမည်ဟု    အချို့က သုံးသပ်ထားသည်။

သို့သော် အလုပ်သမားများကို လုပ်ခလစာတိုးမြှင့်ပေးခြင်းသည်  ဆင်းရဲချမ်းသာကွာဟမှုကို   ကျဉ်းမြောင်း စေမည်ဖြစ်ပြီး စီးပွားရေးကို ကောင်းစွာ စီးဆင်းစေမည်ဟုလည်း ပညာရှင်အချို့က သုံးသပ်ထားကြောင်း သိရသည်။

Ref: TST