NATO တပ်ဖွဲ့က ရုရှားနှင့်ပဋိပက္ခဖြစ်ရေးကို ၂၀၁၄ ခုနှစ်ကတည်းက မျှော်မှန်းထားခဲ့ဟုဆို

NATO တပ်ဖွဲ့အနေဖြင့် ရုရှားနိုင်ငံနှင့် ပဋိပက္ခဖြစ်ရေးကို ၂၀၁၄ ခုနှစ်ကတည်းက မျှော်မှန်းကာ ဥရောပ အရှေ့ပိုင်းသို့ စစ်သည်အင်အားတိုးမြှင့်စေလွှတ်ပြီး စစ်ရေးအသုံးစရိတ်များကို တိုးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း NATO တပ်ဖွဲ့အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့က ဇွန် ၂၉ ရက်တွင် သတင်းထောက်များကို ပြောသည်။

၂၀၁၄ ခုနှစ်ကတည်းက ယူကရိန်းတပ်ဖွဲ့များက   ဒိုးနက်နှင့် လူးဟန့်ဒေသတို့ရှိ မြို့များကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း ဖြစ်သည့်တိုင်   ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ဒွန်းဘက်ဒေသသို့ အင်အားသုံး ဝင်ရောက်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ယန်စတိုတန်ဘာ့က စွပ်စွဲထားသည်။

စပိန်နိုင်ငံမက်ဒရစ်မြို့၌ NATO တပ်ဖွဲ့ဝင်နိုင်ငံများနှင့်    မိတ်ဖက်နိုင်ငံများကြား ထိပ်သီးအဆင့် ဆွေးနွေးပွဲများ  ပြုလုပ်ပြီးနောက် ယန်စတိုတန်ဘာ့က ယခုကဲ့သို့ပြောလာခြင်းဖြစ်သည်။

ပကတိအမှန်တရားမှာ NATO တပ်ဖွဲ့သည် ၂၀၁၄ ခုနှစ်ကတည်းက  ယခုကဲ့သို့သော အခြေအနေများအတွက် ကြိုတင်ပြင်ဆင်နေခဲ့ခြင်း ဖြစ်ကြောင်းနှင့် တပ်ဖွဲ့ဝင်နိုင်ငံများကလည်း   စစ်ရေးအသုံးစရိတ်များကို တိုးမြှင့်အသုံးပြုလာခြင်းဖြစ်ကြောင်း NATO တပ်ဖွဲ့အတွင်းရေးမှူးချုပ်က ဆက်ပြောသည်။

ဥရောပရှိ ဗြွှဥ တပ်ဖွဲ့ဝင်နိုင်ငံများနှင့် ကနေဒါနိုင်ငံတို့က   ၂၀၁၄ ခုနှစ်မှစ၍ စစ်ရေးအသုံးစရိတ်ကို ၁ ဒသမ ၂ ရာခိုင် နှုန်းမှ ၅ ဒသမ ၉ ရာခိုင်နှုန်းကြား ပုံမှန်တိုးမြှင့် အသုံးပြုလာခြင်းဖြစ်သည်။

သို့သော် အဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ အနက် ၁၀ နိုင်ငံကသာ NATO တပ်ဖွဲ့၏ ရည်မှန်းချက်ဖြစ်သော GDP ၏ ၂ ရာခိုင်နှုန်းကို စစ်ရေးအသုံးစရိတ်အဖြစ် အသုံးပြုထားခြင်း ဖြစ်ကြောင်း သိရသည်။

Ref: RT