ရတနာပုံအသင်းက GFA အသင်းကို ခုနစ်ဂိုးပြတ် အနိုင်ရ

ရတနာပုံအသင်းက GFA အသင်းကို ခုနစ်ဂိုးပြတ် အနိုင်ရ

နေပြည်တော်  ဇွန်  ၃၀

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာ နေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁)မှ  ရတနာပုံ FC  အသင်းနှင့် GFA  FC အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရတနာပုံ FC အသင်းက  GFA FC  အသင်းကို ၇ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ပထမပိုင်း၌ ရတနာပုံ FC အသင်း အတွက် အဖွင့်ဂိုးကို ပွဲကစားချိန် ၁၄ မိနစ် တွင် ရဲရင့်အောင်က စတင်သွင်းယူခဲ့ပြီး ပွဲကစားချိန်၂၄ မိနစ်တွင် မျိုးကိုထွန်းက ရတနာပုံ FC  အသင်းအတွက် ဒုတိယမြောက်ဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့သည်။

ပွဲချိန် ၃၆ မိနစ်တွင် ရတနာပုံ FC အသင်းအတွက်  တတိယမြောက်ဂိုးကို ရှေ့တန်းတိုက်စစ်မှူး ရဲရင့်အောင်က ထပ်မံ သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် ရတနာပုံ FC အသင်း က ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် GFA FC အသင်းကို ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့ရာ ပွဲကစားချိန် ၅၄ မိနစ်တွင် သက်နိုင်က လည်းကောင်း၊ ပွဲကစားချိန် ၅၆ မိနစ်တွင် သိုင်းဘွဲ့အောင်က လည်းကောင်း၊ ပွဲကစား ချိန် ၆၄ မိနစ်တွင် ဘီဘီက လည်းကောင်း၊ ပွဲကစားချိန် ၈၉ မိနစ်တွင် ဟိန်းနေဆန်း ကလည်းကောင်း  ရတနာပုံ FC အသင်း အတွက် ဂိုးများဆက်တိုက် သွင်းယူပေးနိုင် ခဲ့သည့် အတွက် ဒုတိယပိုင်းပွဲပြီးချိန်တွင် ရတနာပုံ FC အသင်းက GFA FC အသင်းကို ခုနစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိသည်။

ဇူလိုင် ၂ ရက်တွင် ဟံသာဝတီယူနိုက် တက်အသင်းနှင့် မဟာယူနိုက်တက် အသင်း တို့သည် ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း ၌ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။