လီဗာပူးအသင်းနှင့် ဆာလက်ချ်တို့ သုံးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီးနောက် အသင်းသမိုင်းတစ်လျှောက် လုပ်ခလစာ အများဆုံးကစားသမားဖြစ်လာ

လီဗာပူးအသင်းက ဆာလက်ချ်ကို သုံးနှစ်သက် တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ပြီးနောက်  အသင်းသမိုင်း တစ်လျှောက်  လုပ်ခလစာ အများဆုံးကစားသမား ဖြစ်လာခဲ့ကြောင်း သိရသည်။

ဆာလက်ချ်သည် ၂၀၁၇ ခုနှစ်က ရိုးမားအသင်းမှ  လီဗာပူးအသင်းသို့  ပြောင်းရွှေ့ကစားပြီးနောက် ဘောလုံးရာသီတိုင်းတွင်   အကောင်းဆုံးခြေစွမ်းပြနိုင်ကာ အသင်းနှင့်အတူ  ဆုဖလားများစွာ  ဆွတ်ခူး နိုင်ခဲ့သည့်အပြင်   တစ်ဦးချင်းဆုတံဆိပ်များလည်း များစွာရယူနိုင်ခဲ့သူဖြစ်သည်။

ဆာလက်ချ်နှင့် လီဗာပူးအသင်းတို့သည် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး လီဗာပူးအသင်း က ပြီးခဲ့သည့်ဘောလုံးရာသီကတည်းက သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန် အကြိမ်ကြိမ်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း လုပ်ခလစာညှိနှိုင်းမှုအဆင်မပြေ ဖြစ်ပြီးနောက်  ကြန့်ကြာနေခဲ့ပြီး  ယခုအခါ  တစ်ပတ် လုပ်ခလစာ စတာလင်ပေါင် ၃၅၀၀၀၀ ဖြင့် သုံးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းက လီဗာပူးအသင်းနှင့် ဆာလက်ချ်တို့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်အတွက် လုပ်ခလစာ ညှိနှိုင်းမှု အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် လီဗာပူးအသင်းက  သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုကို ရပ်တန့်ခဲ့သော်လည်း  မာနေးကို  လက်လွှတ်ခဲ့ရပြီး နောက် ဆာလက်ချ်ကို  တစ်ပတ်လုပ်ခလစာ စတာ လင်ပေါင်  ၃၅၀၀၀၀  ဖြင့်  သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆာလက်ချ်သည် သက်တမ်းတိုး စာချုပ်မချုပ်ဆိုမီက တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၂၀၀၀၀၀ သာ ရရှိနေပြီး လီဗာပူးအသင်း သမိုင်းတစ်လျှောက်တွင်  အစောပိုင်းက  လုပ်ခလစာအများဆုံးကစား သမားအဖြစ် ဗန်ဒိုက်က တစ်ပတ်လုပ်ခလစာ စတာ လင်ပေါင်  ၂၂၀၀၀၀  ဖြင့်  ထိပ်ဆုံး၌  ရပ်တည်ခဲ့ သော်လည်း ယခုအခါ ဆာလက်ချ်က တစ်ပတ်လုပ်ခ လစာ စတာလင်ပေါင် ၃၅၀၀၀၀ ဖြင့် ကျော်ဖြတ်နိုင် ခဲ့ကြောင်း သိရသည်။                     

Ref;Sky Sports