ယူရို ယူ-၁၉ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အစ္စရေးအသင်းကို အနိုင်ရရှိပြီး အင်္ဂလန် ယူ-၁၉ အသင်း ဒုတိယအကြိမ်မြောက် ချန်ပီယံဆုဆွတ်ခူးရရှိ

ယူရို ယူ-၁၉ ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အင်္ဂလန်ယူ-၁၉ အသင်းနှင့် အစ္စရေး ယူ-၁၉  အသင်းတို့  ယှဉ်ပြိုင် ကစားရာ အင်္ဂလန်အသင်းက ၃ ဂိုး-၁ ဂိုးဖြင့် အနိုင် ရရှိပြီး ငါးနှစ်အတွင်း ဒုတိယအကြိမ်မြောက် ချန်ပီယံ ဆုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ယူရို ယူ-၁၉ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အင်္ဂလန် ယူ-၁၉ အသင်းနှင့် အစ္စရေးယူ-၁၉ အသင်းတို့ ပွဲစကတည်းက အပြန်အလှန်ဖိအားပေးကစားမှုများဖြင့်   အကြိတ် အနယ်ရှိခဲ့ပြီး ပွဲချိန် မိနစ် ၄၀ အတွင်း ဂလော့ဗ်က အစ္စရေးအတွက်  ဦးဆောင်ဂိုးသွင်းယူနိုင်ကာ  ပွဲချိန် ပထမပိုင်းတွင် အစ္စရေးအသင်းက ၁ ဂိုး- ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ပွဲချိန်ဒုတိယပိုင်းတွင် အင်္ဂလန် ယူ-၁၉ အသင်းက  ပြန်လည်ဖိအားပေးကစားနိုင်ပြီးနောက် ပွဲချိန် ၅၂ မိနစ်တွင် ဒွိုင်လီက အင်္ဂလန် ယူ-၁၉ အသင်း အတွက်  ချေပဂိုးသွင်းယူနိုင်ပြီး  လက်ကျန်ပွဲချိန်များ တွင် နှစ်သင်းစလုံးဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားခဲ့ရသည်။

ထို့နောက် အချိန်ပို မိနစ် ၃၀ ကစားရာ ပွဲချိန် ၁၀၈ မိနစ်တွင် ချူကူမီကာနှင့် ပွဲချိန် ၁၁၆ မိနစ်တွင် ရမ်ဆေးတို့က အင်္ဂလန် ယူ-၁၉ အသင်းအတွက် ဂိုး များသွင်းယူနိုင်ပြီးနောက် ပွဲပြီးဆုံးချိန်တွင် အင်္ဂလန် ယူ-၁၉ အသင်းက ၃ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလန် ယူ-၁၉ အသင်းသည် ယူရို ယူ-၁၉ ပြိုင်ပွဲ တွင် ၂၀၁၇ ခုနှစ်က ချန်ပီယံဆုရရှိခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်မြောက်  ဆွတ်ခူးနိုင်ခဲ့ကြောင်း    သိရသည်။                               

Ref;ESPN