SKY NET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက် ကျင်းပ

SKY NET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက် ကျင်းပ

ရန်ကုန်  ဇူလိုင်   ၃

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်နှင့် SYK NETတို့ ပူးပေါင်းကျင်းပသည့် SYK NETရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ယနေ့နေ့လယ် ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ဆက်လက် ကျင်းပသည်။

ယနေ့ပြိုင်ပွဲ၏ ၆၀ ကီလိုတန်းပြိုင်ပွဲတွင် ဟိန်းထွန်းအောင်(ရွှေသထုံ)နှင့် စောအယ်ဖူး(ဒို့ရိုးရာ)၊ စောဘဟိန်း(ဘိလပ်မြေ)နှင့် မင်းကျော်ဇ(ဇွဲကပင်မြေ)၊ ၆၃ ဒသမ ၅ ကီလို တန်းပြိုင်ပွဲတွင် နက္ခမင်း(ဇွဲကပင်မြေဧရာ)နှင့် ကျားသွေး(ထွန်းထွန်းမင်း)၊ အဲမွီ(နဂါးမင်း) နှင့် သက်ဝင်းအောင်(ရွှေသထုံ)၊ ၆၇ ကီလို  တန်းတွင် စောမင်းမင်း(ရွှေသထုံ)နှင့် ကိုနိုင်း (ဇာနည်သွေး)၊ မာန်မင်းအောင်(ဘိလပ်မြေ) နှင့် ကမ္ဘာရှား(AMT2)တို့ ယှဉ်ပြိုင် ထိုးသတ် ခဲ့ကြသည်။

ပြိုင်ပွဲ၏ ပွဲဦးထွက် ၆၀ ကီလိုတန်းပြိုင်ပွဲတွင် ဟိန်းထွန်းအောင်(ရွှေသထုံ)နှင့် စောအယ်ဖူး(ဒို့ရိုးရာ)တို့ ပွဲစဉ်တွင်  ဟိန်းထွန်းအောင်(ရွှေသထုံ)က အနိုင်ရရှိသည်။

ဒုတိယပွဲစဉ်ဖြစ်သည့်  စောဘဟိန်း(ဘိလပ်မြေ)နှင့် မင်းကျော်ဇ(ဇွဲကပင်မြေ)တို့၏ ပွဲစဉ်တွင် စောဘဟိန်းက အနိုင်ရရှိသည်။

၆၃ ဒသမ ၅ ကီလိုတန်းပြိုင်ပွဲတစ်ပွဲ ဖြစ်သည့် နက္ခမင်း(ဇွဲကပင်မြေဧရာ)နှင့် ကျားသွေး(ထွန်းထွန်းမင်း)တို့ ပွဲစဉ်တွင် နက္ခမင်းက အနိုင်ရရှိသည်။  ၆၃ ဒသမ ၅ ကီလိုတန်းပြိုင်ပွဲ နောက်တစ်ပွဲဖြစ်သည့် အဲမွီ(နဂါးမင်း)နှင့် သက်ဝင်းအောင် (ရွှေသထုံ)တို့ပွဲတွင် အဲမွီ(နဂါးမင်း)ကအနိုင်ရရှိသည်။

၆၇ ကီလိုတန်းပြိုင်ပွဲဖြစ်သည့် စောမင်း မင်း(ရွှေသထုံ)နှင့် ကိုနိုင်း(ဇာနည်သွေး)တို့ ပွဲစဉ်တွင် စောမင်းမင်းက အနိုင်ရရှိသည်။ ယနေ့ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်တစ်ခုဖြစ်သည့် မာန်မင်းအောင်(ဘိလပ်မြေ)နှင့် ကမ္ဘာရှား (AMT2)တို့ပွဲစဉ်တွင်  လေးချီမြောက်၌် ကမ္ဘာရှား၏ လက်သီး တွဲလုံးများကြောင့် မာန်မင်းအောင် အမှတ်စဉ် ရေတွက်ခံရသည်။ ဆက်လက် မယှဉ်ပြိုင်နိုင်သည့်အတွက် ကမ္ဘာရှား(AMT2) က အနိုင်ရရှိသည်။

အဆိုပါ SYK NET  ရွှေအောင်လံမြန်မာ့ ရိုးရာလက်ဝှေ့  ဗိုလ်လုပွဲပြိုင်ပွဲများကို ဇူလိုင် ၁၀ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲ၏ ၆၀ ကီလိုတန်းတွင် ဟိန်းထွန်းအောင်(ရွှေသထုံ)နှင့် စောဘဟိန်း (ဘိလပ်မြေ)၊ ၆၃ ဒသမ ၅ ကီလိုတန်းတွင် နက္ခမင်း(ဇွဲကပင်မြေ)နှင့် အဲမွီ(နဂါးမင်း)၊ ၆၇ ကီလိုတန်းတွင် စောမင်းမင်း(ရွှေသထုံ)နှင့် ကမ္ဘာရှား(AMT2)၊ ၇၀-၇၁ ကီလိုတန်းတွင် စောမင်းအောင်(တောင်ကလေး)နှင့် ကြယ်ကြီး(G3G)တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်ကြောင်း သိရသည်။