(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင် ခဲ့သော ချင်းပြည်နယ်မှ လက်ရွေးစင်အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြု ချီးမြှင့်

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင် ခဲ့သော ချင်းပြည်နယ်မှ လက်ရွေးစင်အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြု ချီးမြှင့်

နေပြည်တော်၊ ဇူလိုင် - ၅

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင် ခဲ့သော ချင်းပြည်နယ်မှ လက်ရွေးစင်အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြု ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ၃ ဦးနှင့် နည်းပြ ၁ ဦးတို့ကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်ကြရာ အားကစားနည်းပြက ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။