ရှမ်းပြည်နယ်အတွင်း လက်နက်/ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ မှုများတွင် ပါဝင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

ရှမ်းပြည်နယ်အတွင်း လက်နက်/ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ မှုများတွင် ပါဝင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ ဇူလိုင် - ၅

ရှမ်းပြည်နယ်အတွင်း လက်နက်/ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုများတွင် ပါဝင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် ရှမ်းပြည်နယ်အတွင်း လက်နက်/ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုများတွင် ပါဝင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သတင်းရရှိသည်။