ပီအက်စ်ဂျီအသင်းက နည်းပြပိုချက်တီနို၏ နေရာ၌ နိုက်စ်အသင်းနည်းပြ ဂယ်တီယာကို ခန့်အပ်ရန် သဘောတူညီမှုရရှိ

ပီအက်စ်ဂျီအသင်းက နည်းပြပိုချက်တီနိုကို ထုတ်ပယ်ပြီး ၎င်း၏နေရာ၌ နိုက်စ်အသင်းနည်းပြ ဂယ်တီယာကိုခန့်အပ်ရန်  သဘောတူညီမှုရရှိခဲ့ပြီး  မကြာမီအတည်ပြုကြေညာမည် ဖြစ်ကြောင်း သိရသည်။

ပီအက်စ်ဂျီအသင်းသည်    နည်းပြပိုချက်တီနိုကို ထုတ်ပယ်ရန် ပြီးခဲ့သည့်ဘောလုံးရာသီအကုန်ကတည်း က ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း စာချုပ်လျော် ကြေးငွေညှိနှိုင်းမှု   အဆင်မပြေဖြစ်နေသည့်အတွက် ကြန့်ကြာနေခဲ့ပြီး ယခုအခါ ပိုချက်တီနိုနှင့် နှစ်ဦးလမ်းခွဲရန် သဘောတူညီမှုရရှိခဲ့ပြီးနောက် နည်းပြသစ်အဖြစ် နိုက်စ်အသင်းနည်းပြ ဂယ်တီယာကို ခန့်အပ်မည်ဖြစ်သည်။

ပီအက်စ်ဂျီအသင်းသည်  အစောပိုင်းက  နည်းပြဇီဒန်းကိုခန့်အပ်ရန် ပြင်ဆင်ထားသော်လည်း နည်းပြဇီဒန်းကိုယ်တိုင်က ငြင်းဆိုခဲ့သည့်အတွက် နည်းပြဂယ်တီယာကိုသာ ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နည်းပြဂယ်တီယာသည် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီက လိုင်လီအသင်းကို ကိုင်တွယ်ရာတွင် ပြင်သစ်လီဂူးဝမ်း ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သကဲ့သို့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကလည်း   နိုက်စ်အသင်းကို   ရလဒ်ကောင်းများရရှိအောင်   စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ယခုအခါ  ပီအက်စ်ဂျီအသင်းက  နည်းပြသစ်အဖြစ် ဂယ်တီယာကိုခန့်အပ်ရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ပြီး မကြာမီ  အတည်ပြု ကြေညာမည် ဖြစ်ကြောင်း သိရသည်။               

Ref;L'Equipe