တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ယွမ် ၆ သန်းကျော် တန်ဖိုးရှိ ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ် လှူဒါန်း

တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ယွမ် ၆ သန်းကျော် တန်ဖိုးရှိ ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ် လှူဒါန်း

ထိန်ချုံး   ဇူလိုင်  ၅

ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကာကွယ်တိုက်ဖျက်ရာ၌  အထောက်အကူဖြစ်စေရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မြန်မာနိုင်ငံ ကချင်ပြည်နယ် အစိုးရသို့ လှူဒါန်းသည့်   ယွမ်ငွေ ၆ သန်းကျော်  တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ  ထိန်းချုပ်ကုသရေး အထောက်အကူပြု ပစ္စည်းများ  လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို  ယနေ့တွင် ယူနန်ပြည်နယ် ပေါင်စန်းပြည်နယ်ခွဲ ထိန်ချုံးမြို့၌ ကျင်းပသည်။

အခမ်းအနားတွင် ယူနန်ပြည်နယ် ပေါင်စန်းပြည်နယ်ခွဲ  ဒုတိယအုပ်ချုပ်ရေးမှူး Mr. Cheng Dejun က လှူဒါန်းသည့် ပစ္စည်းများကို လွှဲပြောင်းပေးအပ်ပြီး မြန်မာနိုင်ငံ ကိုယ်စား  ကူမင်းမြို့ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ်  ဦးသော်တာအောင်က    လက်ခံရယူသည်။

ထို့နောက် ပေါင်စန်းပြည်နယ်ခွဲ ဒုတိယ အုပ်ချုပ်ရေးမှူး Mr. Cheng Dejun က လှူဒါန်းရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး   မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေး အထောက်အကူပြု ပစ္စည်းများကို ကချင်ပြည်နယ်သို့ နယ်စပ်ဂိတ်မှ တစ်ဆင့် မော်တော်ယာဉ်များဖြင့်   ပို့ဆောင်သွားမည် ဖြစ်ကြောင်း  သိရသည်။