ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် သူနာပြုများကို ရာထူးတိုးမြှင့် ခန့်ထားရာတွင်  တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ လုပ်သက်ရင့်သူနာပြုများကို စိစစ်ရွေးချယ်၍ တစ်နှစ်တာ လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်မှတ်တမ်းပေါ် မူတည်ကာ ရာထူး တိုးမြှင့်ပေးခဲ့ခြင်းဖြစ်

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် သူနာပြုများကို ရာထူးတိုးမြှင့် ခန့်ထားရာတွင်  တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ လုပ်သက်ရင့်သူနာပြုများကို စိစစ်ရွေးချယ်၍ တစ်နှစ်တာ လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်မှတ်တမ်းပေါ် မူတည်ကာ ရာထူး တိုးမြှင့်ပေးခဲ့ခြင်းဖြစ်

နေပြည်တော်  ဇူလိုင်  ၅

သူနာပြုအုပ်/ဦးစီးအရာရှိ(သူနာပြု)အဆင့်သို့ ရာထူး တိုးမြှင့်ခန့်ထားသည့် အမိန့်ကြော်ငြာစာများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေး ဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေး ခန်းမ၌ ကျင်းပရာ   ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း  တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍကို အထူးဦးစားပေး၍ ချီးမြှင့်ပေးလျက်ရှိရာတွင် ဝတ်စုံစရိတ်၊ စားစရိတ်၊ ညဂျူတီစရိတ်၊ ဘွဲ့လွန်ပညာရှင်ချီးမြှင့်ငွေ စသဖြင့် ချီးမြှင့်ပေးလျက် ရှိကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် သူနာပြုများကို အရာရှိများ ဖြစ်စေရန် စီစဉ်ရာတွင် ဦးစီးဌာနများ အကြား တစ်ပြေးညီဖြစ်စေရေး အချိန်ယူ၍ အဘက်ဘက်မှ စနစ်တကျ စုစည်း ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ တစ်နှစ်တာ စွမ်းဆောင်ရည် အကဲဖြတ်မှတ်တမ်းများ အပေါ်ဆန်းစစ်၍   စုစုပေါင်း ၁၅၀ ဦးကို သူနာပြုအရာရှိများအဖြစ်   စနစ်တကျ ရာထူးတိုးမြှင့် ခန့်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ရာထူးတိုးမြှင့်ရန် ျန်ရှိသည့် သူနာပြုကြီးများ အတွက်လည်း  ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ သူနာပြုအုပ်/ဦးစီးအရာရှိ (သူနာပြု)၊ တာဝန်ခံသူနာပြု အရာရှိ/ဒုတိယ သူနာပြုအုပ်များအား  ရာထူးတိုးမြှင့် ခန့်ထားသည့်  အမိန့်ကြော်ငြာစာများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်    တာဝန်ရှိသူများက  ပေးအပ်ရာ   ရာထူးတိုးမြှင့်ခံရသူများက  လက်ခံရယူခဲ့သည်။ 

ထို့နောက် ရာထူးတိုးမြှင့်ခံရသူများ ကိုယ်စား ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သူနာပြုအုပ် နော်သဇင်ကျော်က   ကျေးဇူးတင်စကား ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် သူနာပြုများကို ရာထူးတိုးမြှင့်ခန့်ထားရာတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ လုပ်သက်ရင့် သူနာပြုများကို စိစစ်ရွေးချယ်၍ တစ်နှစ်တာ လုပ်ငန်း စွမ်းဆောင်ရည် အကဲဖြတ်မှတ်တမ်းပေါ် မူတည်ကာ ရာထူးတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး ရာထူးတိုးမြှင့်ခံထားရသည့် သူနာပြု အရာရှိများကို နေပြည်တော် ကုသရေး ဦးစီးဌာန၌ ဇူလိုင် ၅ ရက်နှင့် ၆ ရက်တို့တွင်သူနာပြုစုမှုဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းကို ပို့ချသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။