ပူတာအိုမြို့ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေး

ပူတာအိုမြို့ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေး

ပူတာအို  ဇူလိုင်  ၅  

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည်  တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နေ့လယ်ပိုင်းက ပူတာအိုမြို့ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း တို့သို့   သွားရောက်ကြည့်ရှု စစ်ဆေးသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်  အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းကျောင်း(ပူတာအို)၌ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့်  နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ဝန်ထမ်းများ၊  ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းသူများအား တွေ့ဆုံကာ ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းသစ္စာဓိဋ္ဌာန်(၆)ရပ်နှင့် အညီ  တာဝန်ထမ်းဆောင်ရန်၊ ကျောင်းသား၊ ကျောင်းသူများအား မိသားစုသဖွယ် သဘောထား၍ ပညာသင်ကြားပေးခြင်း၊ ဆုံးမသွန်သင် ပေးခြင်းများ ပြုလုပ်ပေးရန်၊ မူလတာဝန်ဖြစ်သည့် ရုံးလုပ်ငန်းများ အပြင် ကျောင်းသား၊ ကျောင်းသူများကို လိမ္မာယဉ်ကျေးမှု ရှိအောင် ထိန်း

ကျောင်းပြုစု ပျိုးထောင်ကြရန်၊  ငယ်စဉ်ကတည်းကပင် မိမိအသိစိတ်ဓာတ်ဖြင့် ကြိုးစားလိုစိတ် ရှိအောင် သင်ကြားလေ့ကျင့်ပေးရန် လိုအပ်ပြီး မိမိကိုယ်ကို ယုံကြည်မှုရရှိသည်အထိ ကြိုးစားအားထုတ် တတ်အောင် နည်းပေးလမ်းပြ သင်ကြားပေးရန်နှင့် စိတ်ရင်းစေတနာမှန်ဖြင့် လုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်ကြရန်၊ လူငယ်သင်တန်းကျောင်း အနေဖြင့် လက်ရှိရရှိထားသော တက္ကသိုလ် ဝင်တန်းအောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းသွားရန်၊ အိမ်တွင်းမှုသင်တန်း တက်ရောက်နေကြသော သင်တန်းသူများ အနေဖြင့်လည်း သင်ကြားပေးသည့် အတတ်ပညာများကို တတ်မြောက်အောင် သင်ကြားကာ အသက်မွေးဝမ်းကျောင်းပြုရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက်  ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ကာ သင်တန်းသူများ စက်ချုပ်သင်တန်း တက်ရောက်ပညာ သင်ကြားမှု၊ အိပ်ဆောင်၊ စားရိပ်သာနှင့် စားချက်ဆောင်တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းဝင်းအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် သုံးထပ်ဆောင် ဆောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ စံချိန်စံညွှန်းပြည့်မီပြီး သတ်မှတ်ချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။