၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံ လေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံ လေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ

နေပြည်တော်  ဇူလိုင်   ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ  ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ  ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့   လေ့လာရေး ခရီးသွားရောက်ခဲ့သည့်  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူအဖွဲ့သည် ယမန်နေ့ ည ၁၀ နာရီက  ရန်ကုန်မြို့သို့  ပြန်လည်ရောက်ရှိရာ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ယနေ့တွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို   မိဘရပ်ထံပြန်လည် ပို့ဆောင်ပေးခဲ့သည်။

ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို   နိုင်ငံချစ်စိတ်၊  မျိုးချစ်စိတ်ရှင်သန် ထက်မြက်စေရေး၊ ပြည်တွင်းပြည်ပနိုင်ငံ အတွေ့အကြုံကောင်းများ ရရှိစေရေးတို့ အတွက် ဇွန် ၂၇ ရက်မှ ဇူလိုင် ၁ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ တွင်လည်းကောင်း၊  ဇူလိုင်  ၄ ရက်မှ  ၆ ရက်အထိ    ထိုင်းနိုင်ငံတွင် လည်းကောင်း၊   ဇူလိုင် ၆ ရက်မှ  ၈ ရက်အထိ စင်ကာပူနိုင်ငံတွင် လည်းကောင်း     လေ့လာရေး ခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။