ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စံချိန်တင်ပြန်လည်မြင့်တက်

တိုကျို၊ ကျန်းမာရေး

ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စံချိန်တင်ပြန်လည်မြင့်တက်

ဂျပန်နိုင်ငံ၌ နေ့စဉ်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၁၀၆၀၀ အထိရှိလာသောကြောင့် ထိုရောဂါဖြစ်ပွားသူအရေအတွက် စံချိန်တင်  ပြန်လည် မြင့်တက်လာကြောင်း တာဝန်ရှိသူများက ဇူလိုင် ၁၆ ရက်တွင် ပြောသည်။

ဂျပန်နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ၏ မျိုးရိုးဗီဇခွဲတစ်ခုဖြစ်သည့် BA.5 ကူးစက်မှုကြောင့် သတ္တမအကျော့ ရောဂါကူးစက်မှုဖြစ်ပွားနေခြင်းဖြစ်သည်။ ထိုနိုင်ငံ၌ နောက်ဆုံးဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအများဆုံး အရေ အတွက်မှာ ၁၀၄၁၆၉ ဦးဖြစ်ပြီး ယခု နှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက်    ရောဂါဖြစ်ပွားသူအရေအတွက်   တဖြည်းဖြည်းကျဆင်းလာကာ ဇွန်လလယ်မှစ၍ နေ့စဉ်ရောဂါဖြစ်ပွားသူ အရေအတွက်    သိသိသာသာပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

သို့သော် ရောဂါဖြစ်ပွားသူအများစုမှာ ရောဂါပြင်းထန်ခြင်းမရှိသည့်အပြင် ဆေးရုံတက်ရောက်ကုသရန်လည်း မလိုအပ်ကြောင်း တာဝန်ရှိသူများကပြောသည်။

လက်ရှိတွင် အစိုးရက စတုတ္ထအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေး ဝန်ထမ်း အားလုံးနှင့် သက်ကြီးစောင့်ရှောက်ရေးဂေဟာများရှိ အလုပ်သမားများအားလုံး စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးရန် အကျုံးဝင် ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယခုဖြစ်ပွားနေသော သတ္တမအကျော့ရောဂါကူးစက်ပျံ့နှံ့မှုတွင် သေဆုံးသူအရေအတွက်နှင့် ရောဂါပြင်းထန်သူအရေ အတွက်မှာ ရောဂါဖြစ်ပွားသူ အရေအတွက်နှင့်နှိုင်းယှဉ်ပါက လွန်စွာနည်းပါးကြောင်းသိရသည်။

Ref: Bangkok Post