အမေရိကန်အတွက် စိတ်ရှုပ်ဖွယ်ရာ ကိစ္စရပ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည့် အီရန်၏ နျူကလီးယားအစီအစဉ်

အမေရိကန်အတွက် စိတ်ရှုပ်ဖွယ်ရာ ကိစ္စရပ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည့် အီရန်၏ နျူကလီးယားအစီအစဉ်

 

အီရန်၏အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်နှင့်  လက်နက်ထုတ်လုပ်ရေး အစီအစဉ်တို့သည်   အမေရိကန် အစိုးရ အဆက်ဆက်အတွက် စိုးရိမ်မကင်းဖြစ်စရာ ကိစ္စရပ်တစ်ခုအဖြစ်    တည်ရှိနေခဲ့သည်။ အမေရိကန် အစိုးရအဖွဲ့များ၏ ဆယ်စုနှစ် နှစ်စုကြာ အလုပ်မဖြစ်ဘဲ ကျရှုံးခဲ့သည့် မူဝါဒများကြောင့် အီရန်နိုင်ငံသည် အမေ ရိကန်နိုင်ငံနှင့်    အနောက်နိုင်ငံများကို   ခြိမ်းခြောက်လာနိုင်သည့်  အခြေအနေသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ထို့ပြင် ရှေ့မတိုး၊နောက်မဆုတ်သာဖြစ် နေသည့် အီရန်နိုင်ငံ၏ နျူကလီးယားအစီ အစဉ်နှင့်စပ်လျဉ်း၍   မည်သို့မည်ပုံရှေ့ ဆက်လုပ်ဆောင်ရမည်ဟူသော  အချက်မှာလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ နိုင်ငံခြားရေး မူဝါဒအတွက် စိတ်ရှုပ်ဖွယ်ရာ ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့သည်ဟုလည်း ဆိုနိုင်သည်။  အီရန်နိုင်ငံ၏   နျူကလီးယား အစီအစဉ်သည် ဒေသတွင်းလုံခြုံရေးတည် ငြိမ်မှုကို ကြီးမားစွာ အဟန့်အတားပြုလျက် ရှိသည်ဟု အမေရိကန်နိုင်ငံနှင့် အနောက် နိုင်ငံများက ယူဆနေပြီး အဆိုပါ အစီအစဉ်ကို ရပ်တန့်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြ သော်လည်း ယခုအချိန်ထိ အောင်မြင်မှုမရ ရှိသေးပေ။

သို့ရာတွင် နျူကလီးယားအရေးနှင့် စပ်လျဉ်း၍ သဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ရေးအတွက် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံများ ပါဝင်သည့် ကမ္ဘာ့အင်အားကြီးခြောက်နိုင်ငံ P5+1 အဖွဲ့သည် အီရန်အစိုးရနှင့် ၂၀၁၅ ခုနှစ်က  တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက်တချို့ကို ချမှတ်နိုင်ခဲ့သည်။

အဆိုပါ သဘောတူညီချက်သည် ထူးခြားသည့် သဘောတူညီချက်တစ်ရပ်ဖြစ်သည်ဟု   နိုင်ငံအများအပြားက   ယူဆနေစဉ် အတွင်းမှာပင် အမေရိကန်နိုင်ငံ၌ ဒေါ်နယ်ထရမ့် ဦးဆောင်သည့်   အစိုးရသစ်တက် ရောက်လာပြီး နောက်တွင် အခြေအနေမှာ ပြန်လည်ဆိုးရွားလာခဲ့သည်။ အိုဘားမားလက်ထက်တွင် ရေးထိုးခဲ့သည့်   အဆိုပါ နျူကလီးယား  သဘောတူညီချက်သည် အမေရိကန်နိုင်ငံအတွက်  အကျိုးတစ်စုံ တစ်ရာမရှိဟုဆိုကာ အဆိုပါ သဘောတူညီ ချက်မှ အမေရိကန်နိုင်ငံက နုတ်ထွက်သွားခဲ့သည်။ အမေရိကန်နိုင်ငံ၏ လုပ်ဆောင် ချက်ကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံကလည်း  ယခင်က ရပ်ဆိုင်းထားခဲ့သည့် နျူကလီးယား လုပ်ဆောင်ချက်များကို ပြန်လည်စတင်ခဲ့သည်။

အီရတ်၊ အီရန်၊ ဆော်ဒီအာရေဗျ၊ အီဂျစ်နှင့် အထူးသဖြင့် အစ္စရေးစသည့် နိုင်ငံများ တည်ရှိရာ အရှေ့အလယ်ပိုင်း ဒေသသည် အကြမ်းဖက်တိုက်ခိုက်မှုများ   မကြာခဏ ရင်ဆိုင်ရလျက်ရှိသည့်  ဒေသတစ်ခုဖြစ် သည်။   အကြမ်းဖက် တိုက်ခိုက်မှုများဟု ဆိုရာတွင်      မျိုးနွယ်စုပဋိပက္ခများနှင့် ဘာသာရေးဆိုင်ရာ   အကြမ်းဖက်မှု များ ပါဝင်သည်။ တစ်ချိန်တည်းမှာပင် ယင်းဒေသ အတွင်းရှိ နိုင်ငံအများအပြား အထူးသဖြင့် အမေရိကန်နိုင်ငံ၏ မဟာမိတ်နိုင်ငံများ ဖြစ်သည့် အစ္စရေးနိုင်ငံနှင့် ရေနံကြွယ်၀သည့် ပင်လယ်ကွေ့နိုင်ငံများက အီရန်နိုင်ငံ ၏စစ်လက်နက်နည်းပညာ တိုးတက်လာခြင်းကို စိုးရိမ်မကင်း ဖြစ်နေသည်။ 

အကယ်၍ အီရန်နိုင်ငံက နျူကလီးယား လက်နက်ကို ပိုင်ဆိုင်ပြီဆိုပါက ယင်းဒေသတွင်းရှိ တစ်နိုင်ငံတည်းသော နျူကလီးယား လက်နက်နိုင်ငံဖြစ်သည့် အစ္စရေးနိုင်ငံသည် ၎င်းတို့ထံတွင် နျူကလီးယားဗုံးများ ပိုင်ဆိုင် ထားခြင်းရှိ၊ မရှိနှင့်စပ်လျဉ်း၍ အတည်ပြု ရန် သို့မဟုတ် ငြင်းဆိုရန် ပြည်တွင်းပြည်ပမှ ဖိအားပေးမှုများနှင့်  ရင်ဆိုင်လာရဖွယ်ရှိ သည်။ ထို့ပြင် အစ္စရေးနိုင်ငံသည် ၎င်းင်းတို့ ၏ရပ်တည်ရေး၊ နိုင်ငံအဓွန့်ရှည်တည်တံ့ ရေးနှင့် အီရန်နိုင်ငံ၏ နျူကလီးယားခြိမ်း ခြောက်မှုများကို   တုံ့ပြန်နိုင်ရန်အတွက် ၎င်းင်းတို့၏ အဓိကမဟာမိတ် နိုင်ငံကြီးတစ် နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံကို အပူကပ်လာမည့် အလားအလာရှိသည်။  

အချုပ်အားဖြင့်ဆိုရပါမူ အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်သည်   အရှေ့အလယ်ပိုင်းဒေသတွင်း နိုင်ငံများကို ခြိမ်းခြောက်စေလျက်ရှိပြီး   အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့်   စပ်လျဉ်း၍ အမေရိကန်နှင့် အီရန်နိုင်ငံတို့ကြား  ခိုင်မာသည့်သဘောတူညီချက်တစ်ရပ်ကို ချမှတ်နိုင်ခြင်း မရှိပါက အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်သည် အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံများအတွက် သာမက အမေရိကန် အစိုးရအတွက်ပါ    စိုးရိမ်ဖွယ်ရာကိစ္စရပ် သို့မဟုတ်  စိတ်ရှုပ်ဖွယ်ရာကိစ္စရပ် တစ်ခုအဖြစ်     ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။     

Ref: cfr: Ap