လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပြည်ထောင်စုဝန်ကြီး ဖလား မိုးရာသီ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပြည်ထောင်စုဝန်ကြီး ဖလား မိုးရာသီ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

နေပြည်တော်  ဇူလိုင်  ၁၇

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပြည်ထောင်စုဝန်ကြီး ဖလားမိုးရာသီ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်  ၉  နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း  မိုးလုံလေလုံ အားကစား(A)ရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာအောင်ဇေယျ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။

ရှေးဦးစွာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘော်လီဘော(အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲတို့တွင် တတိယဆုရရှိသည့် အသင်းနှင့် ဒုတိယဆုရရှိသည့် အသင်းများအား ဆုများအသီးသီး ပေးအပ်ပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဘောလုံး(အမျိုးသား) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန အသင်းအား ဆုပေးအပ်ချီးမြှင့်သည်။ ယင်းနောက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြည်ထောင်စုဝန်ကြီးဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနအသင်းအား လည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသည့်  ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အသင်းအား လည်းကောင်း၊ ဘော်လီဘော(အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အသင်းအားလည်းကောင်း၊  ဘောလုံး(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းအသင်းအား လည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။  

ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီ အားကစားပြိုင်ပွဲများ ဖြစ်သော ဘောလုံး (အမျိုးသား)ပြိုင်ပွဲကို အသင်းခြောက်သင်း၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို အသင်းလေးသင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်းခြောက်သင်းဖြင့်    အသီးသီး ယှဉ်ပြိုင်ကစားကြောင်း သိရသည်။