ရှမ်းယူနိုက်တက်အသင်း မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၄)ထိ အဆင့်(၁)နေရာတွင် ဆက်လက်ရပ်တည်

ရှမ်းယူနိုက်တက်အသင်း မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၄)ထိ အဆင့်(၁)နေရာတွင် ဆက်လက်ရပ်တည်

နေပြည်တော်  ဇူလိုင်  ၁၈

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာ နေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၄)ကို ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက် အသင်းနှင့် ISPE အသင်းတို့ ယှဉ်ပြိုင်ကစားရာ  ရှမ်းယူနိုက်တက်အသင်းက  ISPE အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိပြီး ပွဲစဉ်အမှတ်ပေး ဇယားထိပ်ဆုံး အဆင့်(၁) တွင် ဆက်လက် ရပ်တည်လျက် ရှိကြောင်း သိရသည်။

ပထမပိုင်း ပွဲကစားချိန်တွင်  နှစ်ဖက် အသင်းများမှ ကစားသမားများ အားလုံး အပေးအယူ အချိတ်အဆက် မိမိကစားခဲ့ပြီး ပွဲကစားချိန် ၇ မိနစ်တွင် ရှမ်းယူနိုက်တက် အသင်းမှ နန္ဒကျော်က ပယ်နယ်တီဖြင့် ဦးဆောင်ဂိုးကို    စတင်သွင်းယူခဲ့သည်။ ပွဲကစားချိန် ၄၆ မိနစ်တွင် ISPE အသင်းမှ မင်းမြတ်စိုးက ချေပဂိုးပြန်လည် သွင်းယူနိုင် ခဲ့သည့်အတွက်    ပထမပိုင်းအပြီးတွင် တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ပွဲကစားချိန် ၅၆ မိနစ်တွင် ရှမ်းယူနိုက်တက် အသင်းမှ နန္ဒကျော်က ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည့် အတွက်  ISPE အသင်းအနေဖြင့် ဂိုးထပ်မံရရှိနိုင် ရေးအတွက် ဖိအားပေးတိုက်စစ်ဆင် ကစားခဲ့ရာ ပွဲကစားချိန် ၆၃ မိနစ်တွင် မင်းမြတ်စိုး က   ချေပဂိုးဆက်လက် သွင်းယူနိုင်ခဲ့သော်လည်း ရှမ်းယူနိုက်တက်အသင်းမှ ပွဲကစား ချိန် ၈၃ မိနစ်တွင် ဆန်းဒေးမက်သရူး၏ သွင်းဂိုးဖြင့် အဖိုးတန်အနိုင် သုံးမှတ်ရယူခဲ့ကာ ရှမ်းယူနိုက်တက်အသင်းက ISPEအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့်   အနိုင်ရရှိခဲ့သည်။

ဇူလိုင် ၂၀ ရက်တွင် မြန်မာနေရှင်နယ် လိဂ် ၂၀၂၂ ပွဲစဉ်(၄)မှ ဧရာဝတီယူနိုက် တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်း တို့သည် ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။