အေဂျက်အသင်းမှ မာတီနက်ဇ်ကို ခေါ်ယူနိုင်ကြောင်း အတည်ပြုကြေညာပြီးနောက် မန်ယူအသင်း သမိုင်းတစ်လျှောက် ဒုတိယပြောင်းရွှေ့ကြေး အများဆုံး ခံစစ်ကစားသမားဖြစ်လာ

အေဂျက်အသင်းမှ မာတီနက်ဇ်ကို ခေါ်ယူနိုင်ကြောင်း အတည်ပြုကြေညာပြီးနောက် မန်ယူအသင်း သမိုင်းတစ်လျှောက် ဒုတိယပြောင်းရွှေ့ကြေး အများဆုံး ခံစစ်ကစားသမားဖြစ်လာ

မန်ယူအသင်းသည် အေဂျက်အသင်းမှ မာတီနက်ဇ်ကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း အတည်ပြုကြေညာပြီးနောက်  အသင်းသမိုင်းတစ်လျှောက်  မက်ဂွိုင်းယား ပြီးလျှင်   ဒုတိယမြောက် ပြောင်းရွှေ့ကြေးအများဆုံး ခံစစ်ကစားသမား ဖြစ်လာကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ် မာတီနက်ဇ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက အေဂျက်အသင်း၌ လက်ရှိ မန်ယူအသင်းနည်းပြ တန်ဟတ်အောက်တွင်   ပုံစံကောင်းပြသနိုင်သဖြင့် နည်းပြတန်ဟတ်က အသင်းသို့ ခေါ်ယူခြင်းဖြစ်ပြီး  မန်ယူအသင်းက  မာတီနက်ဇ် အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၆ ဒသမ ၈ သန်းအပြင် အပိုဆုကြေး စတာလင်ပေါင်  ၈ ဒသမ ၅ သန်း ပေးချေရမည်ဖြစ်သည်။

၂၀၁၈ ခုနှစ်က လက်စတာအသင်းမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင်  ၈၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည့်  မက်ဂွိုင်းယားက  မန်ယူအသင်း သမိုင်းတစ်လျှောက်တွင်သာမက ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင်လည်း ပြောင်းရွှေ့ကြေး အများဆုံး ခံစစ်ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

လက်ရှိတွင် မာတီနက်ဇ်က မက်ဂွိုင်းယားပြီးနောက် ပြောင်းရွှေ့ကြေး အများဆုံး ခံစစ်ကစားသမား ဖြစ်လာခဲ့ပြီး မန်ယူအသင်းတွင် တစ်နှစ်လုပ်ခ လစာစတာလင်ပေါင် ၁၂၀၀၀၀ ရရှိမည်ဖြစ်ကာ ငါးနှစ်စာချုပ်ချုပ်ဆို မည်ဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်စာချုပ်ချုပ်ဆိုကာ အသင်းနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။