ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်အနေဖြင့် ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် ကာလရှည် အနားယူရမည် ဖြစ်သော်လည်း အေစီမီလန်အသင်းက တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို

ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်အနေဖြင့် ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် ကာလရှည် အနားယူရမည် ဖြစ်သော်လည်း အေစီမီလန်အသင်းက တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို

ဝါရင့်တိုက်စစ်မှူး    အီဗရာဟီမိုဗစ်ချ်အနေဖြင့် ဒူးဒဏ်ရာခွဲစိတ်ကုသမှု ခံယူထားသောကြောင့် နောက်ထပ် အနည်းဆုံး ငါးလခန့် အနားယူရမည် ဖြစ်သော်လည်း အေစီမီလန်အသင်းက တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အသက် ၄၀ ရှိပြီဖြစ်သည့် အီဗရာဟီမိုဗစ်ချ်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလက ဂလက်ဆီအသင်းမှ အေစီမီလန်အသင်းသို့ တစ်ကျော့ပြန်လည်ပြောင်းရွှေ့ကစားခဲ့သူဖြစ်ကာ ပြီးခဲ့သည့် ဘောလုံးရာသီကလည်း   အေစီမီလန်အသင်း ဆယ်စုနှစ်တစ်ခုကျော်၌    စီးရီးအေချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

အီဗရာဟီမိုဗစ်ချ်သည်  ပြီးခဲ့သည့်ဘောလုံးရာသီ ကတည်းက     ဒူးဒဏ်ရာခံစားနေခဲ့ရသော်လည်း ဘောလုံး ရာသီကုန်ဆုံးချိန်အထိ ဆေးထိုးကာ ပါဝင်ကစားခဲ့ပြီး ဘောလုံးရာသီအပြီးတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ကာလရှည် အနားယူရမည်ဖြစ်သဖြင့် လာမည့်ဘောလုံးရာသီဝက် နောက်ပိုင်းမှသာ ပြန်လည်ပါဝင် ကစားနိုင်ဖွယ်ရှိနေခြင်း ဖြစ်သည်။

အီဗရာဟီမိုဗစ်ချ်သည် ဇွန် ၃၀ ရက်က အေစီမီလန်အသင်းနှင့်   စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ ဖြစ်နေသော်လည်း ကစားသမားဘဝမှ   အနားမယူသေးသည့်အတွက်   အေစီမီလန် အသင်းက တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။         

Ref;Dailymail