အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာကာယဗလမယ် အေးသန္တာခိုင်က  ရွှေတံဆိပ်ဆွတ်ခူး

အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာကာယဗလမယ် အေးသန္တာခိုင်က  ရွှေတံဆိပ်ဆွတ်ခူး

နေပြည်တော်  ဇူလိုင်  ၁၉

မော်လ်ဒိုက်တွင်ကျင်းပသော (၂၀၂၂) ကာယဗလအာရှ အားကစားပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ ၂၁ ရက်အထိ ကျင်းပလျက် ရှိရာ မြန်မာနိုင်ငံမှ အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ Modern Physics ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ကာယဗလမယ် မအေးသန္တာခိုင်က ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင်  မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့မှ အမျိုးသား အားကစားသမား သုံးဦး၊ အမျိုးသမီးအားကစားသမားသုံးဦး ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာ ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသော ပြိုင်ပွဲအမျိုးအစား များဖြစ်သော အမျိုးသား ၅၅ ကီလိုတန်းတွင် ကျော်မင်းသန်း၊ ၇၀ ကီလိုတန်းတွင် ရဲထွန်းနောင်နှင့် ၈၅ ကီလိုတန်းတွင် ခင်မောင်ကျော်တို့ ပါဝင်ယှဉ်ပြိုင်ပြီး အမျိုးသမီးအားကစားသမားသုံးဦးဖြစ်သော အေးသန္တာခိုင်၊ မီမီကျော်နိုင်နှင့် ဝတ်ရည်ဖြိုးတို့က Modern Physics  ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ  အာရှကာယဗလနှင့် ကြံ့ခိုင်မှုပြိုင်ပွဲ Modern Physics ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ကာယဗလမယ် မအေးသန္တာခိုင်က ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာကာယဗလ အားကစားနည်းမှ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု ရယူနိုင်ခဲ့ကြောင်း သိရသည်။                                                            

 ကျော်လွင်