ခံစစ်ကစားသမား ဒီလစ်ကို ခေါ်ယူပြီးနောက် ပြောင်းရွှေ့ကြေး အများဆုံးအသုံးပြုသည့် အသင်းစာရင်းတွင် ဘိုင်ယန်မြူးနစ်အသင်း ထိပ်ဆုံးမှဦးဆောင်

ခံစစ်ကစားသမား ဒီလစ်ကို ခေါ်ယူပြီးနောက် ပြောင်းရွှေ့ကြေး အများဆုံးအသုံးပြုသည့် အသင်းစာရင်းတွင် ဘိုင်ယန်မြူးနစ်အသင်း ထိပ်ဆုံးမှဦးဆောင်

ဘိုင်ယန်မြူးနစ်အသင်းက ဂျူဗင်တပ်စ်အသင်းမှ ခံစစ်ကစားသမား ဒီလစ်ကို မြင့်မားသည့်ပြောင်းရွှေ့ ကြေးတစ်ရပ်ဖြင့် ခေါ်ယူပြီးနောက် လက်ရှိကစား သမားအပြောင်းအရွှေ့ကာလအတွင်း   ပြောင်းရွှေ့ ကြေးအများဆုံးအသုံးပြုထားသည့် အသင်း ၁၀ သင်း စာရင်းတွင်  ထိပ်ဆုံးမှဦးဆောင်နေကြောင်း  သိရ သည်။

ဘိုင်ယန်မြူးနစ်အသင်းသည်   ဒီလစ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ အသုံးပြုခဲ့ပြီးနောက်  မာနေးနှင့် ဂရာဗန်ဘတ်ချ်တို့အပါအဝင် စုစုပေါင်း ပြောင်းရွှေ့ကြေးအသုံးစရိတ် ယူရို ၁၂၀ ဒသမ ၅ သန်းအထိရှိလာပြီး မန်စီးတီးအသင်းကို  ကျော်ဖြတ် ကာ ပြောင်းရွှေ့ကြေး အများဆုံးအသုံးပြုထားသည့် အသင်းဖြစ်လာခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းနောက်တွင်   မန်စီးတီး အသင်းက ဟာလန်းနှင့် ကယ်ဗင်ဖီးလစ်တို့ နှစ်ဦး တည်းသာ  ခေါ်ယူခဲ့သော်လည်း  ပြောင်းရွှေ့ကြေး ယူရို ၁၀၈ ဒသမ ၇၅ သန်းအထိရှိနေပြီး အဆင့် (၂) နေရာ၌ ရပ်တည်နေကာ လီဝန်ဒေါစကီးနှင့် ရာဖင် ဟာတို့ကိုခေါ်ယူခဲ့သည့် ဘာစီလိုနာအသင်းက ယူရို ၁၀၃ သန်းဖြင့် အဆင့် (၃) နေရာ၌ ရပ်တည်နေ သည်။

ဘာစီလိုနာအသင်းက  ခရစ္စတန်ဆန်နှင့် ကက်ဆီ တို့ကို ခေါ်ယူထားသော်လည်း ၎င်းင်းတို့နှစ်ဦးအတွက် ပြောင်းရွှေ့ကြေးအသုံးမပြုခဲ့ရဘဲ အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆင့် (၄) နေရာ၌  အာဆင်နယ် အသင်းက ယူရို ၉၇ ဒသမ ၀၆ သန်းဖြင့် ရပ်တည်နေ သော်လည်း အာဆင်နယ်အသင်းက မန်စီးတီးအသင်း မှ ဇက်ချန်ကိုပါ ခေါ်ယူရန်သဘောတူညီမှုရရှိထား သည့်အတွက် ဘာစီလိုနာအသင်းကိုကျော်ဖြတ်ရန် နီးစပ်နေခြင်းဖြစ်သည်။

အလားတူ  အဆင့်  (၅)  နေရာ၌  ချယ်လ်ဆီး အသင်းက ၉၄ ဒသမ၂ သန်း၊ အဆင့် (၆) နေရာ၌ ဒေါ့မွန်အသင်းက ယူရို ၈၆ သန်း၊ အဆင့် (၇)နေရာ ၌ လီဗာပူးအသင်းက ယူရို ၈၅ ဒသမ ၅ သန်း၊ အဆင့်(၈) နေရာ၌ ရီးယဲလ်မက်ဒရစ်အသင်းက ယူရို သန်း ၈၀၊ အဆင့် (၉) နေရာ၌ ပီအက်စ်ဂျီအသင်းက ယူရို ၇၉ ဒသမ ၅ သန်းနှင့်  အဆင့်  (၁၀)  နေရာ၌ မန်ယူအသင်းက  ယူရို  ၇၂  ဒသမ ၅၇  သန်းဖြင့် အသီးသီး ရပ်တည်နေကြောင်း သိရသည်။

Ref;Bild