ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၆ ဦး တွေ့ရှိ ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၂၅ ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၆ ဦး တွေ့ရှိ ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၂၅ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဇူလိုင်  ၂၁

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊  ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်းအား   ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၂၀-၇-၂၀၂၂ ရက် ည ၈ နာရီမှ ၂၁-၇-၂၀၂၂ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၃၇၉ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်    ၁၆ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၂၅ ရာခိုင်နှုန်း ရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၄၇၉၉၀၃ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၁၃၈၈၇ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှု ပေးခြင်းများ ဆောင်ရွက် ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ရှစ်ဦးရှိသဖြင့်  ယနေ့အထိ  ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၇၇၄ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့်  ယနေ့ အထိ သေဆုံးသူစုစုပေါင်း ၁၉၄၃၄ ဦးရှိ ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။