ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၄၃ ဦး တွေ့ရှိ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၇၉ ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၄၃ ဦး တွေ့ရှိ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၇၉ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဇူလိုင်  ၂၃

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊  ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်းအား   ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၂၂-၇-၂၀၂၂ ရက် ည ၈ နာရီမှ ၂၃-၇-၂၀၂၂ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၄၆၁ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်    ၄၃ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၇၉ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၄၉၀၃၃၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၁၃၉၄၀ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၁၂ ဦးရှိသဖြင့်  ယနေ့အထိ  ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၇၈၉ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့်  ယနေ့ အထိ သေဆုံးသူစုစုပေါင်း ၁၉၄၃၄ ဦးရှိ   ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။