ဖိလစ်ပိုင်တက္ကသိုလ် တစ်ခု၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုဖြစ်ပွား လူသုံးဦးသေဆုံး

ဖိလစ်ပိုင်တက္ကသိုလ် တစ်ခု၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုဖြစ်ပွား လူသုံးဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ မနီလာတက္ကသိုလ်၌ ဇူလိုင် ၂၄ ရက်တွင် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခါနီး၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုဖြစ်ပွားရာ ခယ်ဇွန်မြို့တော်ဝန်ဟောင်း အပါအဝင်    လူသုံးဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါပစ်ခတ်မှုသည် မြို့တော်ဝန်ဟောင်း   ရို့စဖူရီဂေးကို   ပစ်မှတ်ထား လုပ်ကြံမှုဖြစ်ကြောင်း ခယ်ဇွန်မြို့နယ်ရဲမှူး ရီမတ်မဒီနာကပြောသည်။

လုပ်ကြံသူမှာမူ တက္ကသိုလ် လုံခြုံရေး တာဝန်ကျတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားပြီး ကားဖြင့် ထွက်ပြေးစဉ် နောက်က လိုက်လံဖမ်းဆီးမှုကြောင့်  နောက်ဆုံးတွင် အဖမ်းခံလိုက်ရကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချောင်းရှောင်းယူမို အမည်ရှိ  အဆိုပါ လုပ်ကြံသူထံမှ သေနတ်အတိုနှစ်လက်နှင့် အသံတိတ်ပြောင်း တစ်ခုတို့ကို သိမ်းဆည်း ရမိကြောင်းနှင့် လုပ်ကြံသူသည် မြို့တော်ဝန်ဟောင်းနှင့်  တရားရေးဆိုင်ရာ ပဋိပက္ခ ဖြစ်ပွားဖူးသူဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေဘွဲ့နှင်းသဘင် အခမ်းအနားသို့ နိုင်ငံတော် တရားသူကြီးချုပ် အလက်ဇန်းဒါးဂက်စမန်ဒို တက်ရောက်မည် ဖြစ်သော်လည်း ပစ်ခတ်မှု ဖြစ်ပွားသည့် အခြေအနေကြောင့် လမ်းခုလတ်မှ လှည့်ပြန်သွားကြောင်း သိရသည်။