ဂျပန်နိုင်ငံရှိ ဆာကူရာဂျီမာ မီးတောင် ပေါက်ကွဲမှုဖြစ်ပွား

ဂျပန်နိုင်ငံရှိ ဆာကူရာဂျီမာ မီးတောင် ပေါက်ကွဲမှုဖြစ်ပွား

ဂျပန်နိုင်ငံအနောက်ပိုင်း ကျူရှူးကျွန်းပေါ်ရှိ ဆာကူရာဂျီမာ မီးတောင်သည် ဇူလိုင် ၂၄ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၅ မိနစ်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

မီးတောင်ပေါက်ကွဲမှုနှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကို မသိရှိရသေးသော်လည်း မီးတောင်မှ  ၂ ဒသမ ၅   ကီလိုမီတာအကွာတွင်   မီးတောင်ကျောက်ခဲများ ကျရောက်မှုရှိကြောင်း NHK သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ  မီးတောင်ပေါက်ကွဲမှုကြောင့် သတိပေးမှု အဆင့်ကို  အမြင့်ဆုံးဖြစ်သည့် အဆင့် ၅ ထုတ်ပြန်ထားပြီး နေရာအချို့ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် တာဝန်ရှိသူများက သတိပေးထားသည်။

ဆာကူရာဂျီမာ မီးတောင်သည်   ဂျပန် နိုင်ငံရှိ မီးတောင်ရှင်များ အနက် လှုပ်ရှားမှု အရှိဆုံးသော မီးတောင်ဖြစ်ပြီး ပြင်းထန်မှု ပမာဏအမျိုးမျိုးဖြင့်   ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ထိုမီးတောင်အနေဖြင့်   နောက်ဆုံး ပြင်းထန်စွာ ပေါက်ကွဲမှုမှာ ၂၀၁၉ ခုနှစ်တွင် ဖြစ်ပြီး ထိုသို့လှုပ်ခတ်စဉ်က မီးတောင်ပြာများမှာ မီးတောင်အထက် ၅ ဒသမ ၅ ကီလိုမီတာအမြင့်အထိ ရောက်ရှိကြောင်း သိရသည်။