ကိုဗစ်-၁၉ ရောဂါ တစ်ကိုယ်ရေ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများအနက် အရေးပါသည့် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရန် လိုအပ်သည့် အခြေအနေများ

ကိုဗစ်-၁၉ ရောဂါ တစ်ကိုယ်ရေ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများအနက် အရေးပါသည့် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရန် လိုအပ်သည့် အခြေအနေများ

၁။  ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါအား ကူးစက်မြန်ရောဂါအဖြစ် စတင် သတ်မှတ်သည့်အချိန်မှစ၍ ရောဂါကာကွယ်ရေး အတွက် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရန် အစဉ်တိုက်တွန်း နှိုးဆော်လျက်ရှိပါသည်။

၂။  ပြည်သူလူထုအနေဖြင့် နေ့စဉ်ပုံမှန်ဘဝ၌ ကျင့်သုံးလိုက်နာ ဆောင်ရွက်နေရသော ကိုဗစ်-၁၉ ရောဂါ တစ်ကိုယ်ရေကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ အနက် အောက်ပါ အခြေအနေများတွင် ပါးစပ်နှင့်နှာခေါင်းစည်းအား မဖြစ်မနေ တပ်ဆင်ရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်-

    (က)အခန်းတွင်း၌ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေခြင်း၊

    (ခ)အများပြည်သူ အသုံးပြုသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ်  စသည့်ယာဉ်များဖြင့်  ခရီးသွားလာခြင်း၊ အများပြည်သူ ဝင်/ထွက် သွားလာ အသုံးပြုသော ဆေးရုံ/ကျန်းမာရေးဌာနများ၊ ရုံးများ၊ ကျောင်းများ၊ ဈေးများ၊ ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ အစရှိသော လူထူထပ်သောနေရာများ၌ လူအများနှင့်အတူရှိနေခြင်း၊

    (ဂ)ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊  ကိုယ်လက်ကိုက်ခဲခြင်း၊ ရုတ်တရက်အနံ့အရသာ ပျောက်ဆုံးခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ တစ်ခုခုရှိခြင်း။

ကျန်းမာရေးဝန်ကြီးဌာန

 (၂၅-၇-၂၀၂၂)