နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏(၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏(၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နေပြည်တော် ဇူလိုင် ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို  ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာန ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြား သည်။

သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောမည့် အကြောင်းအရာများမှာ (တစ်) ရုရှားနိုင်ငံခရီးစဉ်ဆိုင်ရာကိစ္စရပ်များ (နှစ်) ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ (သုံး) အကြမ်းဖက်အဖွဲ့အစည်းအချို့နှင့် ပြည်ဖျက်မီဒီယာအချို့တို့က လုပ်ကြံဖန်တီးထားသည့် ပျူစောထီးဆိုသည့် အခေါ်အဝေါ်နှင့် ပတ်သက်သည့်ကိစ္စရပ်များ (လေး) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဆိုင်ရာ ကိစ္စရပ်များ (ငါး) ပညာရေးဆိုင်ရာ ကိစ္စရပ်နှင့် ဆက်စပ်မှုများသာဖြစ်ကြောင်း၊ (တစ်) မှ (ငါး) အထိ မိမိအနေဖြင့် ရှင်းလင်းပြောပြသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်အပိုင်းကို  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း၊ ထို့နောက် မေး၊ ဖြေ ကဏ္ဍဖြစ်ကြောင်း၊ မေးခွန်းများမေးသည့်အခါ စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးမှ မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွား မည်ဖြစ်ကြောင်း၊ မီဒီယာတစ်ခုလျှင် အချိန်ကန့်သတ်ချက်အရ မေးခွန်းတစ်ခုစီ မေးမြန်းပေးရန်ဖြစ်ကြောင်း  ပြောကြားသည်။

ပထမအချက်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ရုရှားနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ စတင်ရှင်းလင်းတင်ပြလိုကြောင်း၊ ယင်းအကြောင်းအရာအား မရှင်းလင်းမီ ရုရှားနိုင်ငံနှင့် မြန်မာ နိုင်ငံသည် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ (၇၄)နှစ် ရှိခဲ့ပြီဖြစ်ပြီး  လာမည့်နှစ်သည် စိန်ရတု(၇၅)နှစ်မြောက် နှစ်ဖြစ် ကြောင်း၊ သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် ကာလမှ ယနေ့ကာလအထိ နှစ်နိုင်ငံဆက်ဆံရေးသည်   အဆင်ပြေချောမွေ့မှုများ သာရှိခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း  ဘက်မလိုက်သော ကြားနေမူဝါဒကို  လက်ခံကျင့်သုံးလျက်ရှိသကဲ့သို့  ခိုင်မာသည့် မိတ်ဆွေ နိုင်ငံအဖြစ်လည်း ရပ်တည်လျက်ရှိကြောင်းကို ထည့်သွင်းပြောကြားလိုကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ  ရုရှားနိုင်ငံကို သွားရောက်ခဲ့ကြောင်း၊ ခရီးစဉ်ကာလတွင် မော်စကိုမြို့၊ စိန့်ပီတာစဘတ်မြို့၊ အတနာမီ  ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်၊  တာတာစတန်ပြည်နယ်၊  ကာဇန်မြို့၊ နိုဘိုစီဘစ်ရိချ်မြို့ စသည့်မြို့အသီးသီးကို သွားရောက်ခဲ့ကြောင်း၊ ခရီးစဉ်အတွင်း အဓိက အကြောင်းအရာအနေဖြင့် ရုရှားနိုင်ငံ၊ ကာလုဂါပြည်နယ်၊ အတနာမီ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်၌  သီတဂူ ဆရာတော်ဘုရားကြီး၏ ဦးဆောင်လမ်းညွှန်မှု၊ ကြည်း၊ ရေ၊ လေ တပ်မတော်သားများ အပါအဝင် စေတနာရှင်ပြည်သူများ၏ စုပေါင်း လှူဒါန်းငွေနှင့် တည်ဆောက်ပူဇော်ခဲ့သည့် ရွှေစည်းခုံစေတီနှင့် ပုံစံတူတည်ထားခဲ့သည့် စေတီတော်ကို ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်  တပ်ဆင်ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားပြုလုပ်ခြင်းတို့   ပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားကို သီတဂူဆရာတော်ကြီးအပါအဝင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော်၊ တိပိဋက ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Orthdox ဘုန်းတော်ကြီးများ၊ လားမားဘုန်းတော်ကြီး အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒနှင့်  ထေရ်ကြီးဝါကြီး ဆရာတော် များ၊  ရုရှားနိုင်ငံ၊  ကာကွယ်ရေး ဒုတိယဝန်ကြီး၊ ရုရှားနိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊  ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများ၊ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်ရေးအသင်း၊ စစ်ဘက် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်းများမှ  အကြီးအကဲများ၊ နိုင်ငံပေါင်းစုံသံရုံး၊  စစ်သံရုံးများမှ မိသားစုများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ရုရှားနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ၊ ပညာတော်သင်များ စသည်ဖြင့် စုံစုံလင်လင်နှင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း၊ ဗုဒ္ဓသာသနာကို ကိုးကွယ်သူများအကြား ကမ္ဘာအနှံ့ပျံ့နှံ့စေရန် ကြိုးပမ်းဆောင်ရွက်မှုများထဲက တစ်ခုအနေဖြင့် မိမိတို့မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားလိုကြောင်း ပြောကြားသည်။

ခရီးစဉ်ကာလအတွင်း နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ ရုရှား-အာဆီယံ  စီးပွားရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့၊ ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း အထွေထွေညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့၊ ရုရှားနိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း၏ အထွေထွေ ညွှန်ကြားရေးမှူးချုပ်နှင့် ရုရှားသမ္မတ၏  နိုင်ငံတကာအာကာသဆိုင်ရာ အထူးသံတမန်အဖြစ်  တာဝန်ယူထားရသူ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ Rosoboronexport  ကုမ္ပဏီအမှုဆောင်အရာရှိချုပ်တို့နှင့် ဇူလိုင်လ ၁၁ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း၊ တွေ့ဆုံဆွေးနွေးစဉ် ဆွေးနွေးခဲ့မှုများအနေဖြင့်  နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ကမ္ဘာလှည့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်များ တင်ပို့နိုင်ရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် နှစ်နိုင်ငံပို့ကုန်၊ သွင်းကုန်ကဏ္ဍ အဆင့်မြှင့်တင်ရေး၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ သိပ္ပံနှင့်သုတေသနစမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စက်မှုကဏ္ဍအသုံးပြုခြင်း၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

ခရီးစဉ်၏ ဒုတိယနေ့ဖြစ်သည့် ဇူလိုင်လ ၁၂ ရက်နေ့တွင်  ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူအကြီးအကဲများနှင့်  တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ မူလက ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း ရုရှားနိုင်ငံ၏ အခြား အရေးကြီးလုပ်ငန်းတချို့ ပေါ်ပေါက်လာခဲ့သည့်အတွက် ဒုတိယဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းကို ဖြည့်စွက်ပြော ကြားလိုကြောင်း၊ တွေ့ဆုံဆွေးနွေးစဉ်တွင် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၌ နိုင်ငံရေးဖြစ် ပေါ်ပြောင်းလဲမှု အခြေအနေများ၊ နှစ်နိုင်ငံအစိုးရနှင့်  တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

ခရီးစဉ်၏ တတိယမြောက် ၁၃ ရက်နေ့တွင် တာတာစတန်ပြည်နယ် သမ္မတ၏ ဖိတ်ကြားချက်အရ တာတာစတန်ပြည်နယ်ကို ရောက်ရှိခဲ့ပြီး PJSC "Tatneft" ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့၊ Republic of the Tatarstan ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးရာစီမံခန့်ခွဲမှု ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ Kazan Federal University ဒုတိယပါမောက္ခချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ Republic of the Tatarstan ၏အကြီးအကဲ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့စသည်တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ဆွေးနွေးမှု အကြောင်းအရာများ အနေဖြင့်  ကူးသန်းရောင်းဝယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မြှင့်တင်ဆောင်ရွက် သွားနိုင်မှု အခြေအနေများ၊  ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ စွမ်းအင်စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ခြင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပညာတော်သင်ကိစ္စရပ်များ၊ နည်းပညာရပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ ကြောင်း ပြောကြားသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ်မြို့ကို ရောက်ရှိခဲ့ပြီး Polytechnic State University ပါမောက္ခချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ အကြီးအကဲနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှု အကြောင်းအရာများမှာ စိန့်ပီတာစဘတ်မြို့၌ မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ် ရုံးအသစ်ဖွင့်လှစ်နိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြောင်း ပြောကြားသည်။

ဇူလိုင်လ ၁၅ ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည်  နိုဘိုစီဘစ်ရိချ်မြို့ကို ဆက်လက် ထွက်ခွာ ခဲ့ပြီး Novosibirsk State University ပါမောက္ခချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ Higher Military Command School ကျောင်းအုပ်ကြီးဦးစီးသည့် အဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စစ်ဘက်၊ အရပ်ဘက်သင်တန်းသားများ  ပညာသင်ကြားရေး ဆိုင်ရာ  ကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြောင်းပြောကြားသည်။

ဇူလိုင်လ ၁၆ ရက်နေ့တွင် Novosibirsk အစိုးရအဖွဲ့အကြီးအကဲဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုဘိုစီ ဘစ်ရိချ်နှင့် မြန်မာနိုင်ငံကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲပျံသန်းနိုင်မည့် အခြေအနေများ၊ ယင်းဒေသ၌ နယ်ပယ် ကဏ္ဍ အသီးသီးမှ အဆင့်မြင့်တက္ကသိုလ်ပေါင်း ၂၂ ခုရှိပြီး မြန်မာနိုင်ငံမှ သင်တန်းသားများ တက်ရောက်သင်ကြားနိုင်မည့် အခြေအနေ များ၊ ရုရှားနိုင်ငံ၌ကျင်းပမည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာဖိုရမ်ကို မြန်မာကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြောင်း ပြောကြားသည်။

နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ရုရှားနိုင်ငံအနေဖြင့် ရင်းနှီးဖော်ရွေမှု၊ ခရီးစဉ်အလိုက် ဆိုက်ရောက်ချိန်များတွင် ကော်ဇောနီ ခင်းပြီး နိုင်ငံတော်အဆင့်ဖြင့် ကြိုဆိုမှု၊ ဒေသဆိုင်ရာအစိုးရ အကြီးအကဲများ ကိုယ်တိုင်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တာဝန် ရှိသူများ ကိုယ်တိုင်ကြိုဆိုခဲ့ကြောင်း၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ရိုးရာအစားအစာများဖြင့် ဧည့်ခံကြိုဆိုမှု စသည်တို့နှင့်  အပြန်အလှန် လေးစားမှု၊ ချစ်ကြည်မှု၊ ယုံကြည်မှုတို့ကို ပုံဖော်ပြသခဲ့သည့်အတွက် အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်းကို ပြောကြား လိုကြောင်း၊ ခရီးစဉ်ကာလအတွင်း သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးနှင့် တွေ့ဆုံဆွေးနွေးမှု(၁၅)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်မှန်သမျှကို ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ခရီးစဉ်အတွင်း နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ဆွေးနွေးမှုများသည် အားရဖွယ်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းနေချိန်တွင် နှစ်နိုင်ငံပူးပေါင်းပြီး စီးပွားရေးကဏ္ဍမြှင့်တင်ရန် လိုလိုလားလားရှိကြောင်း၊ မကြာခင်ကာလ၌လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အရှိန်အဟုန် မြှင့်တင်သည့်ခရီးစဉ်များ ရှိလာဦးမည်ဖြစ်ကြောင်း ပြောလိုကြောင်း၊ နောက်တစ်ခုအနေဖြင့် အဆင့်မြင့်ပညာများ သင်ကြားရေး အစီအစဉ်များဖြစ်ကြောင်း၊ ရုရှားနိုင်ငံ တက္ကသိုလ်များသည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များ စာရင်းဝင်များဖြစ်ကြောင်း၊ သိပ္ပံပညာရှင်များစွာမွေးထုတ်နိုင်ခဲ့ပြီး စစ်ဘက်၊ အရပ်ဘက် အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရီးစဉ်ကာလအတွင်း အပြုသဘောဆောင်သည့် ရလဒ်ကောင်းများ၊  ဆွေးနွေးမှုများ၊ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းများ စသည်ဖြင့် အကြောင်းအရာများစွာကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အထူးအောင်မြင်သည့် ခရီးစဉ်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း ပြောကြားသည်။

ဒုတိယအချက်အနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအကြောင်းကို ပြောလိုကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၈၄ တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အရ  နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းက ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းတည်ထောင်ခြင်းနှင့် ဘဏ်မဟုတ်သည့် ငွေရေး ကြေးရေး အဖွဲ့အစည်းများတွင် အကျိုးတူရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ ညွှန်ကြားချက် (၈/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နေ့တွင် ထုတ်ပြန်လိုက်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်များ အကြောင်း ၇-၆-၂၀၂၂ ရက်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးအရ “ကုမ္ပဏီများ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀၀ ရာခိုင်နှုန်းနှင့်အထက်ပါရှိပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမိန့် ကြော်ငြာစာအမှတ်(၁၂/၂၀၂၂)မှ ချွင်းချက်ပြုသည့် လုပ်ငန်းများနည်းတူ ဆောင်ရွက်ပေးရန် ဖော်ပြခဲ့ခြင်းကို ပယ်ဖျက်ခဲ့ ကြောင်း” ပြောကြားသည်။

ဆက်လက်ပြီး “နိုင်ငံခြားသားပိုင်ဆိုင်မှု  ၃၅ % အထိပါဝင်သည့်  မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားသုံးငွေစာရင်းမှ နိုင်ငံခြားငွေများအား မြန်မာကျပ်ငွေဖြင့် လဲလှယ်သွားရန်” အတွက် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၃၂/၂၀၂၂) ဆုံးဖြတ်ချက်အား ဗဟိုဘဏ်က ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး မျိုးစုံဝေဖန်မှုများရှိကြကြောင်း၊ နိုင်ငံခြားတိုင်းပြည်များမှ လာရောက်ရင်းနှီးမြှုပ်နှံရန်ခက်ခဲသွားမည်၊ ပြည်ပက ချေးငွေဖြင့် ကုန်စည်တင်သွင်းနေကြသည့် ကုမ္ပဏီများအပေါ်၌လည်း သက်ရောက်နိုင်သည်၊ အစိုးရတွင် ဒေါ်လာ လိုအပ်ချက်ရှိ နေသဖြင့် နိုင်ငံခြားအရန်ငွေကြေးမရှိတော့ကြောင်း စသည်ဖြင့် ဝေဖန်ကြကြောင်းပြောကြားသည်။

မိမိတို့နိုင်ငံ၌ သင့်တင့်သည့် နိုင်ငံခြားအရန်ငွေကြေးနှင့် အရန်ဘဏ္ဍာငွေများ ရှိပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၌ လုံလောက်သည့် ငွေကြေးရှိသောကြောင့်လည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်ပြီး ယခုလ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်အစိုးရ၏ စီးပွားရေးကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း (အမြဲတမ်းဝန်ထမ်းများ)ကို အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည်ဖြစ်ပါက မူရင်းလစာ၏ ၈ % နှင့် လူပျိုဖြစ်ပါက ၄ % ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ထောက်ပံ့မည့် အစီအစဉ်အသေးစိတ်ကိုလည်း နေ့စဉ်ထုတ်သတင်းစာများတွင် ဇယားများနှင့် ဖော်ပြပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အတွက် ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် ၁၀၀၀၀ ကျပ်ကိုလည်း လစဉ်ထောက်ပံ့ သွားမည်ဖြစ်ကြောင်း၊  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် စတင် တာဝန်ထမ်းဆောင်စဉ်ကစပြီး ယနေ့အထိ ယခုကဲ့သို့ ထောက်ပံ့မှု ၂၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အစိုးရဝန်ထမ်းများကို ခေတ်နှင့်အညီ ချီးမြှင့်ငွေ၊ ထောက်ပံ့ငွေများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလကတည်းက ထိခိုက်ကျဆင်းခဲ့ရသည့် နိုင်ငံတော်၏စီးပွားရေး ပြန်လည် ဦးမော့လာ စေရန် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက်  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ် ၄၉၁ ဘီလီယံကျော်အနက် ကျပ် ၄၀၀ ဘီလီယံကို သီးသန့်ရန်ပုံငွေ ထူထောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာ တွင် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလက်မှု ဆိုင်ရာ လုပ်ငန်းများနှင့် ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ပေးနိုင်သည့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို အတိုးနှုန်းသက်သာသည့် ချေးငွေများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံစီးပွားရေးအဖြစ် ဆောင်ရွက်နေသည့် ကျေးလက်နေတိုင်းရင်းသားပြည်သူ ၇၀ ရာခိုင်နှုန်း၏ လူမှုစီးပွားဘ၀ လျင်မြန်စွာ တိုးတက်ရေး(Quick Win) ရရှိအောင် အဓိကထားဆောင်ရွက်ရန် ရည်ရွယ်ကြောင်း ပြောကြားသည်။   

မိမိတို့နိုင်ငံ၌ ခိုင်မာသည့် စီးပွားရေးအရင်းအမြစ်များရှိပြီးဖြစ်ကြောင်း၊ ယင်းကို ထုတ်လုပ်မြှင့်တင်နိုင်ရန်သာလိုကြောင်း၊ ပြည်တွင်း အားသည် ပြည်တွင်း၌သာရှိကြောင်း၊ လက်ရှိကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကိုလည်း မျက်ခြည်မပြတ်ကြည့်ပြီး ဒေသတွင်း အခြေ အနေကိုလည်း စောင့်ကြည့်စေလိုကြောင်း၊ မိမိတို့အစိုးရ၏ ပေးထားသည့် ကတိကဝတ်များအတိုင်း အောင်မြင်အောင် အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

တတိယအချက်အနေဖြင့် ပြည်ဖျက်မီဒီယာအချို့နှင့် အကြမ်းဖက်အဖွဲ့များ လုပ်ကြံဖန်တီးထားသည့် ပျူစောထီးဆိုသည့် အသုံး အနှုန်းအကြောင်း ပြောလိုကြောင်း၊ ဦးစွာသမိုင်းကြောင်းကို သိပါ၊ လေ့လာပါဟု ပြောလိုကြောင်း၊ ပျူစောထီး ဘယ်က ဖြစ်လာသလဲ၊ ဘယ်ကစသလဲဆိုသည်ကို ပုဂံခေတ်က စသည့်အကြောင်း အရာများအား စ၍မပြောတော့ဘဲ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်ကစ၍ ပြောလိုကြောင်း ပြောကြားသည်။

ပျူစောထီးတပ်များကို ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလတွင် ဝန်ကြီးချုပ် ဦးနု ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အမျိုးသား ကာကွယ်ရေး ကောင်စီ၏ ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရက ပျူစောထီးတပ်များဖွဲ့စည်းတော့မည်ဟု ကြေညာစဉ်ကပင် အတိုက်အခံ ပါတီအဖွဲ့အစည်းများသည် အပြင်းအထန်ကန့်ကွက်ခဲ့ကြကြောင်း၊ ပျူစောထီးတပ်များသည် ပြည်သူကို ကာကွယ်စောင့် ရှောက်ရမည့် အစားအချို့သူများသည် လက်နက်အားကိုးဖြင့် ပြည်သူကိုညှဉ်းပန်း နှိပ်စက်လာကြခြင်းများရှိကြောင်း၊ ၎င်းတို့ကို ဖွဲ့စည်းပေးထား သည့် ပါတီအုပ်စုများ၏ ခါးပိုက်ဆောင်တပ်သဖွယ် အသုံးပြုလာသည်အထိ ရှိလာကြောင်း ပြောကြားသည်။

၁၉၅၆ ခုနှစ်ကကျင်းပသည့် ရွေးကောက်ပွဲမတိုင်မီ ပျူစောထီးများ၏ ရမ်းကားမှုများ ပေါ်လာခဲ့ကြောင်း၊ သာဓကအဖြစ် သာယာဝတီ ခရိုင် မင်းလှရွေးကောက်ပွဲ လေးလောင်းပြိုင်လူသတ်မှု၊ ၁၉၅၇ ခုနှစ် မေလ ၂ ရက်နေ့ မြိတ်ခရိုင် ဆီတောင်အိုင်ရွာလူသတ်မှုများ ပေါ်လာခဲ့ကြောင်း၊  ထို့ကြောင့် ဒီမိုကရေစီအရေခြုံ     အာဏာရှင်ပါတီ၏ ပျူစောထီးတပ်များ  ဖွဲ့စည်းနေခြင်းကို ရုပ်သိမ်းပေးရန်၊   ပျူစောထီးတပ်များ ကျူးလွန်ခဲ့သည့် ရက်စက်မှုကြီးများကို ထိရောက်စွာအရေးယူနိုင်ရန် ပြည်သူ့ကော်မရှင် တစ်ရပ် ဖွဲ့စည်းစုံစမ်း အရေးယူရန် အတိုက်အခံ   မြန်မာနိုင်ငံပြည်ထောင်စု အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု(ပမညတ)အဖွဲ့က တောင်းဆိုခဲ့ကြောင်း၊ ထို့အတူ မြောင်းမြမြို့နယ် မရန်းချောင်းကျေးရွာ၊ ဘိုးကြားကုန်းကျေးရွာ၊ ရွှေရပ်တောင်ကုန်းကျေးရွာ စသည့်ရွာများ၌ ပျူစောထီး များက လယ်သမားများကို မတရားဖမ်းဆီးခြင်း၊ လယ်လုပ်ကိရိယာများ၊ မျိုးစပါးများကို မီးရှို့ဖျက်ဆီးခြင်း၊ မွေးထားသော    တိရစ္ဆာန် များကို ပစ်သတ်ခြင်း၊ ယူဆောင်သွားခြင်း စသည်တို့ကို ပြုမူနေမှုနှင့်ပတ်သက်၍ ၁၉၅၇ ခုနှစ် မေလ ၃၀ ရက်နေ့တွင် တောင်သူ လယ်သမား ညီညွတ်ရေးအစည်းအရုံး (ပြည်ထောင်စုမြန်မာနိုင်ငံ) (တလညစ)ဌာနချုပ် မြောင်းမြခရိုင်က သတင်းထုတ်ပြန် ကြေညာခဲ့ကြောင်း၊ စစ်ကိုင်းတွင်လည်း ပျူစောထီးများ၏ ရမ်းကားမှုကို ပျူစောထီးကို ဖွဲ့စည်းပေးထားသည့် ဝန်ကြီးချုပ်ဦးနုထံ ၎င်းတို့ နှိပ်စက်မှုကြောင့် ရရှိသည့်ဒဏ်ရာများကိုပြသ၍ တိုင်ကြားသည်အထိ ဖြစ်လာခဲ့ကြောင်း ပြောကြားသည်။

ဝန်ကြီးချုပ် ဦးနုသည် ၁၉၅၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင်  တပ်မတော်က တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ၁၉၅၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ပမညတအဖွဲ့က ပျူစောထီးများရှိနေသရွေ့ တရားမျှတသန့်ရှင်းသော ရွေးကောက်ပွဲ မဖြစ်နိုင်ဟုဆိုကာ ပျူစောထီးများ ဖျက်သိမ်းရန် ဝန်ကြီးချုပ်ဦးနုအား ထပ်မံတိုက်တွန်းခဲ့ကြောင်း၊ ယင်းတိုက်တွန်းစာတွင် ဝန်ကြီးချုပ်သည်     ပျူစောထီးများကို ဖျက်သိမ်းမည်ဟု  ကြေညာခဲ့သော်လည်း ယခုတိုင် မဖျက်သိမ်းသေးကြောင်း၊ ပျူစောထီးများသည်   နေ့စဉ်နှင့်အမျှ ဆိုးသွမ်းသောင်းကျန်းကာ ပြည်သူလူထု၏ ဘဝကို ခြိမ်းခြောက်မြဲ ခြိမ်းခြောက်နေသည်ကို အားလုံးသိပြီးဖြစ်မည်ဟု ယုံကြည် ကြောင်း၊ ပျူစောထီးတပ်များသည်-

(က)     တစ်ဖွဲ့ တစ်ပါတီ လူတစ်စု၏ ခါးပိုက်ဆောင်တပ်အနေဖြင့် တည်ရှိဆောင်ရွက်နေခြင်း။

( ခ )     စတင်ဖွဲ့စည်းစဉ်ကပင် ပြည်သူလူထုအား နှိပ်စက်ညှဉ်းပန်းခဲ့၍ ယနေ့တိုင်လည်း အမျိုးမျိုးအဖုံဖုံ နှိပ်စက်ညှဉ်း ပန်းလျက်ရှိခြင်း။

(ဂ)       ပြည်သူတို့၏ လွတ်လပ်စွာ စည်းရုံးဆောင်ရွက်ခွင့်ကို ပြောင်ပြောင်တင်းတင်း တားဆီးစော်ကားနေခြင်း။

(ဃ)     အနာဂတ်ကာလတွင်လည်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားညီညွတ်ရေးအတွက် မည်သို့မျှ အထောက်အကူ မပြုရုံမျှမက အကြီးမားဆုံး ဘေးအနှောင့်အယှက် အဟန့်အတားကြီးဖြစ်နေခြင်း။

(င)       လာလတ္တံ့သော ရွေးကောက်ပွဲတွင် ၎င်းတို့တည်ရှိခြင်းဖြင့် လက်နက်ဖြင့် အဆုံးအဖြတ်ပေးမည့် မတရားမမျှတသော ရွေးကောက်ပွဲဖြစ်မည့် အလားအလာက ပိုမိုများပြားနေခြင်း စသည်တို့ကို ထောက်ရှုကာ ပျူစောထီးများအား အမြန်ဆုံး လက်တွေ့ ဖျက်သိမ်းပေးပါရန် လေးနက်စွာ ထပ်မံတိုက်တွန်းရပါကြောင်း စသည်ဖြင့် ပါရှိကြောင်း၊

ပျူစောထီးနှင့်ပတ်သက်ပြီး ဗမာ့တပ်မတော်အား စွပ်စွဲပြောဆိုချက်များကို ထိုစဉ်က အာဏာရနိုင်ငံရေးပါတီခေါင်းဆောင်များ၊   နိုင်ငံရေးသမားများကိုယ်တိုင်က ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်က ခေါင်းဆောင်အချို့သည် ဝန်ကြီးချုပ်ဦးနုနှင့် သွားရောက် တွေ့ဆုံပြီး စွပ်စွဲချက်များသည် မဟုတ်မမှန်ကြောင်းကို ရှင်းလင်းခဲ့ကြကြောင်း၊ ထို့ကြောင့် တပ်မတော်ကို ပုတ်ခတ် ပြောဆိုမှုများ သည် မှားယွင်းကြောင်း ဝန်ကြီးချုပ်က စက်တင်ဘာလ ၄ ရက်နေ့ညတွင် အသံလွှင့်ကာ ရှင်းလင်းခဲ့ရသည်ကို သမိုင်းအထောက် အထားများအရ သိရကြောင်း၊ ယင်းမိန့်ခွန်းတွင် ပျူစောထီးဖျက်သိမ်းရေး အစီအစဉ်နှင့် ပတ်သက်ပြီး ဗိုလ်မင်းခေါင် ဦးဆောင်သော လေးဦးအဖွဲ့က ပျူစောထီး ဖျက်သိမ်းရေး အစီအစဉ်များကို ရေးဆွဲပြီးကြောင်း ပြောကြားခဲ့ကြောင်း ပြောကြားသည်။

ပျူစောထီးကိစ္စနှင့်ပတ်သက်ပြီး ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် အစိုးရက ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး ၁၉၅၅ ခုနှစ် အောက်တိုဘာလမှစ၍ ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့အစည်းများ အားလုံးကိုဖျက်သိမ်းရန် အစိုးရက ဆုံးဖြတ်လိုက် ကြောင်းကြေညာခဲ့ကြောင်းပြောကြားသည်။

မိမိပြောလိုသည်မှာ ပြည်ဖျက်မီဒီယာများ၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့များ၊ PDF အဖွဲ့များ သုံးနှုန်းနေသည့် ပျူစောထီး တပ်ဆိုသည်မှာ ပါလီမန်ဒီမိုကရေစီခေတ်က ဦးနု၏ အာဏာရပါတီက ဒီမိုကရေစီအနိုင်ကျင့်မှုအတွက် ဖွဲ့စည်းထားသည့် အဖွဲ့မျိုးဟု သာ ဆိုချင်ကြောင်း၊ အဆိုပါအမည်မျိုးကို မီဒီယာများက သုံးစွဲနေသည်မှာ သမိုင်းကြောင်းအမှန်ကိုမသိဘဲ ပြောဆိုခေါ်ဝေါ် သုံးစွဲနေခြင်းဖြစ်သည့်အတွက် အံ့သြစရာကောင်းနေကြောင်း၊ ထိုစဉ်က ပြည်သူကိုနှိပ်စက်၊ သတ်ဖြတ်၊ ခြိမ်းခြောက်သည့် လုပ်ငန်း များကို မည်သူတို့က ယနေ့ ဤနိုင်ငံတွင် လုပ်နေသည်လဲ၊ နေ့စဉ်နှင့်အမျှ ရဟန်း၊ သံဃာများကို သတ်ဖြတ်၊ ဆရာ၊ ဆရာမများကို ရန်ရှာ၊ ပြည်သူလူထုကြား ဗုံးခွဲ၊ ကလေးများ၏ ပညာသင်ကြားမှုကို ခြိမ်းခြောက်၊ စာသင်ကျောင်းကိုပါ  Drone နှင့် ဗုံးကြဲနေသည်မှာ မည်သူတို့ဖြစ်သနည်း၊ ယင်း NUG၊ PDF အမည်ခံ အကြမ်းဖက်များသာဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဦးနုဖွဲ့စည်းခဲ့သည့် ပျူစောထီးအမည်ခံ လူရမ်းကားအဖွဲ့ထက်ဆိုးသည့် ခေတ်သစ်ပျူစောပျက်များသာဖြစ်ကြောင်း၊ အွန်လိုင်းပေါ်တွင် စွပ်စွဲပြောဆို နေကြသည်မှာ ပျူစောထီးသည် စစ်မှုထမ်းဟောင်းများနှင့် မဘသများဟု ဆိုကြကြောင်း၊ ယုတ်မာသည့် အကြမ်းဖက်များနှင့် မီဒီယာများ၏ ၎င်းတို့လိုချင်သည့် နှတ်ကြောင်းဟုသာ ပြောလိုကြောင်း၊ ယခင်က အတွေးအခေါ်များကိုသာ ပုံဖော်နေခြင်းဖြစ် ကြောင်း၊ မြန်မာ့နိုင်ငံရေးခရီးစဉ်တွင် စင်ပြိုင်အစိုးရဖွဲ့စည်းမှုနှင့် ပုံဖော်ခဲ့သည်မှာ(၅)ကြိမ်ရှိခဲ့ကြောင်း၊ ပထမအကြိမ်က ဂျပန်တို့ မြန်မာပြည် ထိုးစစ်ကြောင့် ထွက်ပြေးရသည့် ဒေါ်မန်စမစ်၏ ပြည်ပရောက်အစိုးရ၊   ဒုတိယအကြိမ် စင်ပြိုင်အစိုးရမှာ ၁၉၆၉ ခုနှစ် က ပေါ်ထွက်ခဲ့သည့် ဦးနုဦးဆောင်သည့် ပြည်ချစ်ဒီမိုကရေစီပါတီသာဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်း နိုင်ငံတော်အာဏာ ရယူသဖြင့် မကျေနပ်သည့်အတွက် ၁၉၆၉ ခုနှစ်၊  သြဂုတ်လ ၂၉ ရက်တွင် ဖွဲ့စည်းခဲ့သည့်အဖွဲ့ဖြစ်ကြောင်း၊ တတိယအကြိမ်က ၁၉၈၈   အရေးတော်ပုံကာလတွင် ဖွဲ့စည်းခဲ့သည့် ဦးနုဦးဆောင်သည့် ကြားဖြတ်အစိုးရဖြစ်ကြောင်း၊ ဦးနုက ၎င်းသာဝန်ကြီးချုပ်ဆိုပြီး    ဖွဲ့ခဲ့ခြင်းဖြစ်ကြောင်း၊ စတုတ္ထအကြိမ်မှာ ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၈ ရက်က   ပေါ်ပေါက်ခဲ့သည့် NCGUB (မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ) ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ၌ ရုံးစိုက်ခဲ့ပြီး ပြည်ပမှ ဆောင်ရွက်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း၊ သောင်းကျန်းသူဌာနချုပ် တစ်နေရာ၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ အကြမ်းဖက်ခေါင်းဆောင် NUGလည်း ယင်းအတိုင်း သာဖြစ်ကြောင်း၊ စင်ပြိုင်အစိုးရထူထောင်မည်၊ တောတွင်းအစိုးရ ထောင်မည်၊ ၎င်းတို့ ထင်သလိုဖြစ်မလာပါက အကြမ်းဖက် လမ်းစဉ်ကို ရွေးချယ် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ လက်ရှိလည်း ယင်းသို့သာဖြစ်ကြောင်း၊ ၎င်းတို့ အတွက် ခါးပိုက်ဆောင် အဖွဲ့ဆိုသည်မှာ အမြဲကပ်လျက်ပါလာသည်သာ ဖြစ်ကြောင်း ပြောကြားသည်။

မိမိကို ပျူစောထီးကို တပ်မတော်က ဖွဲ့စည်း ပေး/မပေး တပ်မတော်၏ သဘောထား စသည်ဖြင့်မေးကြကြောင်း၊ အစိုးရအနေဖြင့် ရော၊ တပ်မတော်အနေနှင့်ပါ ဖဆပလကဲ့သို့ ဒီမိုကရေစီ အရေခြုံအာဏာရှင်စနစ်ထူထောင်ရန် ခါးပိုက်ဆောင်တပ် ပျူစောထီးကို ဖွဲ့ခဲ့ခြင်းမရှိကြောင်း၊ ပျူစောထီးဆိုသည့် အသုံးအနှုန်းကို မရှိခဲ့ကြောင်း၊ တပ်မတော်သည် သမိုင်းကြောင်းကို ကြေညက်ပြီး ဖြစ်ကြောင်း၊ သမိုင်းကြောင်း အစာမကြေသူများသာ သမိုင်းဘီးကိုနောက်ပြန်လှည့်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်က တည်ဆဲ ဥပဒေများအရ ဒေသခံပြည်သူလူထုက ၎င်းတို့၏ ကျေးရွာ၊ ရပ်ကွက်များ၏ လုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းခွင့်တင်ပြလာပါက ဖွဲ့စည်းခွင့်စိစစ်ခြင်းများ၊ ဖွဲ့စည်းခွင့်ပြုခြင်းများ၊ လိုအပ်သည့်လက်နက် တပ်ဆင်ပေးခြင်းများ၊ စစ်မြေပြင်စည်းကမ်းနှင့် စစ်သင်တန်း ပေးခြင်းများ ဆောင်ရွက်ပေးကြောင်း၊ လိုအပ်လျှင် ဥပဒေအရ ဒေသကာကွယ်ရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းရန်သာရှိကြောင်း၊ ပြည်သူ့စစ်ဆိုသည်မှာ မိမိနိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး၏ လုံခြုံရေးကို မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက် ရမည်ဟု  ပြည်သူလူထုတစ်ရပ်လုံးက   သဘောပေါက်ပြီး နိုးကြားတက်ကြွစွာ အသိနှင့်ယှဉ်သည့် ပါဝင်ဆောင်ရွက်မှုသာဖြစ်ကြောင်း၊ တိုင်းရင်းသား ပြည်သူလူထုအတွင်းမှ စည်းရုံးဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် အေးချမ်းချိန် နိုင်ငံတော်တည် ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ရန်၊ မြို့နယ်၊ ကျေးရွာလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ရေတိုရည်မှန်းချက်က ပြည်တွင်း လက်နက်ကိုင်အကြမ်းဖက်မှုကိုချေမှုန်းရန်၊ ရေရှည်ရည်မှန်းချက်က နိုင်ငံတော် ကာကွယ် စောင့်ရှောက်ရာတွင် ပြည်သူ့စစ်မဟာဗျူဟာအစီအမံ၏ အစိတ်အပိုင်းအဖြစ်ပါဝင်ရန်သာဖြစ်ကြောင်း၊ မီဒီယာများနှင့် ဆန့်ကျင် ဘက် အဖွဲ့အစည်းများ သုံးနေသည့် ပျူစောထီးဆိုသည်မှာ ၂၀၂၁ ဖေဖော်ဝါရီလကုန်ခါနီး နွေရောက်လုဆဲဆဲ ဆောင်းအကုန်၊ နွေအကူးကစပြီး အရူးထခြင်း တစ်မျိုးသာဖြစ်ကြောင်း ပြောလိုကြောင်း ပြောကြားသည်။

စတုတ္ထအချက်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့်ပတ်သက်ပြီး ရှင်းလင်း ပြောကြားလိုကြောင်း၊ ယင်းနေရာတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်၏ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်း ရေးနှစ်အဖြစ်သတ်မှတ်ပြီး ငြိမ်းချမ်းရေးကို ရအောင်ဆောင်ရွက်သွားမည်ဟု ပြောကြားချက်၊ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်  တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိဆိုသကဲ့သို့ ဝန်ကြီးချုပ် ကိုယ်တိုင် ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်ကို သတိပြုမိစေလိုကြောင်း၊ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းချက်၏ ရလဒ်အနေဖြင့် NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိ သည့် လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့၊  စုစုပေါင်း ၉ ဖွဲ့က နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပြီးဖြစ်ကြောင်း၊ ယခင်တွေ့ဆုံပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးနိုင်ရေး စီမံ ဆောင်ရွက် လျက်ရှိကြောင်းကိုလည်း အသိ ပေးလိုကြောင်း၊ ဤနေရာတွင် ယခင်သတင်း စာရှင်းလင်းပွဲတွင် မိမိပြောခဲ့သည့် အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် လာရောက်ဆွေးနွေးရန် ပြင်ဆင်နေမှုများရှိကြောင်း၊ ၎င်းတို့၏အဖွဲ့များထဲတွင် အစည်း အဝေးလုပ်ခြင်း၊ ကိုယ်စားလှယ် ရွေးချယ်ခြင်း၊ ဆွေးနွေးမည့်အကြောင်း အရာပြုစုခြင်းများ လုပ်နေကြသည့်အတွက် နှောင့်နှေးမှု တချို့ရှိနေခြင်းဖြစ်ကြောင်း ကိုလည်း ထည့်သွင်းပြောကြားလိုကြောင်း ပြောကြားသည်။

မီဒီယာများအပါအဝင် ကြည့်ရှုနေသည့် ပြည်သူများရော၊ တိုင်းရင်းသား လက်နက်ကိုင်များကိုပါ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားကြောင်း၊ ငြိမ်းချမ်းရေးရအောင် လုပ်မည်ဆိုသည်ကို သတိပြုမိအောင် ထပ်ပြောလိုကြောင်း၊ ကျန်ရှိနေသည့် လက်နက်ကိုင် အဖွဲ့များထဲမှ အနီးဆုံးတိုက်ပွဲ ဖော်ဆောင်ခဲ့သည့် AA အဖွဲ့အကြောင်း ပြောလိုကြောင်း၊ AA အဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ကစပြီး တပ်မတော်နှင့် ပစ်ခတ်တိုက်ခိုက်မှု လုံး၀နီးပါးမရှိခဲ့သည့်အဖွဲ့ဖြစ်ကြောင်း၊ Gentlemen's Agreement နှင့် ငြိမ်းချမ်းရေးကို တစ်စိတ်တစ်ပိုင်း တည်ဆောက်နိုင်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများ မရှိခဲ့သည့်အတွက် ၂၀၂၀ မတိုင်ခင် နှစ်တချို့တွင် ဒုက္ခရောက်ခဲ့သည့်ပြည်သူများ၊  ငိုကြွေးခဲ့ရသည့် ပြည်သူများသည် အေးချမ်းမှု၏ အရသာကို ပြန်လည်ခံစားခွင့် ရခဲ့ကြကြောင်း၊ ပြည်သူလူထုများ ပြုံးပြုံးရွှင်ရွှင်နှင့် ကိုယ့်မြို့ကိုယ့်ရွာကို ပြန်အခြေချကြ၊ ကိုယ့်အလုပ်ကိုယ်လုပ်ကြနှင့် အေးချမ်းရမည့် အနေအထားထိ ရောက်ခဲ့ကြောင်း၊ ထိုသို့တည်ငြိမ်စပြုလာချိန်တွင် AA အဖွဲ့သည် လွန်ခဲ့သည့်လအချို့က စတင်ပြီး အပြစ်မဲ့ ပြည်သူတချို့ကို ဖမ်းဆီးခြင်း၊ နိုင်ငံ့ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်းများ စ၍လုပ်လာ ကြောင်း၊ ထိုအချိန်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုကိုမလိုလားသည့် ပြည်ဖျက်ဒလက်အချို့ကလည်း သတင်းတု သတင်း မှားများ၊ တစ်ဖက်နှင့်တစ်ဖက်  အထင်အမြင်လွဲမှားအောင် သံသယစိတ်နှင့် စစ်မီးမတောက်တောက်အောင် တွန်းပို့ခဲ့ကြကြောင်း၊ AA ဘက်က ခေါင်းဆောင်အဆင့်ရှိသူများကလည်း တပ်မတော်ကို ထိကပါးရိကပါးနှင့် ရန်စစော်ကားမှုများစွာ လုပ်ခဲ့သည်ကိုလည်း သတိပြုမိမည်ထင်ကြောင်း၊ ယင်းသို့ တင်းမာလာသည့် အခြေအနေမျိုးတွင် ရခိုင်တိုင်းရင်း သားပါတီတစ်ခု၏ အကြီးအကဲဖြစ်သူက ရခိုင်ပြည်နယ်၌ စစ်မီးမတောက်လောင်လာစေရန်၊ ပြည်သူလူထုကိုညှာတာရန်၊ တစ်ဖက်နှင့်တစ်ဖက် ရန်လိုသည့်အပြု အမူများ မလုပ်ရန်လိုသည်ဟု မီဒီယာများမှ တစ်ဆင့် တိုက်တွန်းခဲ့ကြောင်း၊ ထို့ပြင် ရခိုင်လက်နက်ကိုင်အဖွဲ့၏ ခေါင်းဆောင် တစ်ဦးကလည်း အလားတူပြောကြားချက်အပြင် တွေ့ဆုံဆွေးနွေးခြင်းကသာ ကောင်းမွန်သည့်ရလဒ်ကိုရနိုင်ကြောင်း ပြောကြားခဲ့ကြောင်း၊ တပ်မတော် အနေဖြင့် ဒေသခံ ရခိုင်ပြည်သူလူထု အကျိုးကိုရှေးရှုပြီး စိတ်ရှည်သည်းခံခဲ့ကြောင်း၊ သို့သော် AA အဖွဲ့ အနေဖြင့်  မလုပ်သင့်မလုပ်ထိုက်သည့် ရန်စမှုကို ဇူလိုင်လ ၁၈ ရက်နေ့ မောင်တောမြို့ နယ်အတွင်း နေရာနှစ်ခု၌ လုပ်ဆောင်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးပြီး အချို့ကို ဖမ်းဆီးခံခဲ့ရကြောင်း၊ ထိုသို့လုပ်ဆောင်ရခြင်းအတွက် အကြောင်း ပြချက်ကို KNLA တပ်မဟာ(၅) နယ်မြေ အတွင်းရှိ ၎င်းတို့တပ်စခန်းကို တပ်မတော် က ဗုံးကြဲတိုက်ခိုက်သဖြင့် လုပ်ခြင်းဖြစ်သည်ဟု အကြောင်းပြ ကြောင်း၊ AA ၏ မူလအစ သည် KIA နယ်မြေဖြစ်ပြီး လက်ရှိ ရခိုင် ပြည်နယ်ဒေသအချို့၌ ဝင်ရောက်လှုပ်ရှား နေသည်ဟု သိထားကြောင်း၊ ၎င်းတို့ခေါင်းဆောင် အဆင့်ရှိသူများ၏ ထုတ်ဖော်ပြောကြားချက်များထဲတွင်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ရခိုင်ဒေသအတွင်း ၎င်းတို့တပ်များရှိသည်ဟုသာဆိုထားကြောင်း၊ ကရင်ပြည်နယ်ထဲ၌ ရှိသည်ဟူ၍ မည်သူ့ကိုမှ မပြောထားကြောင်း၊ ထို့ပြင် တပ်မတော်အနေဖြင့် လိုအပ်သည့် စစ်ဆင်ရေးလုပ်ရာတွင်လည်းကောင်း၊ ပစ်ခတ်တိုက်ခိုက်မှု လုပ်ရာတွင်လည်း ကောင်း မည်သည့်တိုင်းရင်းသား၊ မည်သည့် အဖွဲ့အစည်း၊ မည်သည့်တပ်ကို စစ်ဆင်ရေး လုပ်မည်ဟု  သတ်မှတ် ထားခြင်းမရှိဘဲ အကြမ်းဖက်အဖွဲ့များကို  တိုက်ခိုက်ရန် အတွက်သာ စစ်ဆင်ရေးလုပ်ခြင်းဖြစ်ကြောင်း၊ ယခု AA အဖွဲ့ကပြောကြား သည့် KNLA တပ်မဟာ(၅)ဆိုသည်ထက် လုံခြုံရေးအရ လိုအပ်သည့်နေရာကိုသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိခိုက်သေဆုံးမှု ဖြစ်လာသည့် အချိန်ကျမှ AA တပ်ဖွဲ့ဝင်များပါ၊ စက်ချုပ် နေသည့်သူများပါဆိုသည့် အဖြေများသည် ရိုးသားမှု ရှိ၊ မရှိ ပြန်လည်ဆန်းစစ်စေလိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ AA အဖွဲ့၊ ကချင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ AA အဖွဲ့များအတွက်  ကရင်ပြည်နယ်ထဲ၌ စက်ချုပ်နေသည်ဆိုသည်မှာ ယုတ္တိရှိပါသလား၊ စေ့စေ့တွေးစရာမလိုဘဲနှင့်ကို အဖြေထွက်ကြောင်း၊ ရိုးသားမှု ရှိခြင်းသည် ဒေသခံပြည်သူလူထုအတွက် ရလဒ်ကောင်း ထွက်နိုင်သည်ဟု အကြံပေးစကားပြောကြား လိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး KNU အဖွဲ့အကြောင်း ပြောကြားလိုကြောင်း၊ KNU ၏ အောက်တွင် KNLA နှင့် KNDO ဆိုသည့် တပ်အမျိုးအစား ၂ ခုနှင့်ဖွဲ့စည်းထားပြီး နှစ်ခုလုံးကို ဗဟိုစစ်ဦးစီးဌာနချုပ်ဆိုသည့်အဖွဲ့က တိုက်ရိုက်ကိုင်တွယ်ထားကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းတွင် တောခိုလူငယ်အချို့ နယ်စပ်ကိုထွက်ပြေးတိမ်း ရှောင်သွားရာ အများစုသည် ကရင်ပြည်နယ် အတွင်း ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း၊ PDF အမည်ခံပြီး KNLA နှင့် KNDO တပ်အချို့ဆီကို  ဝင်ရောက်သွားခဲ့သည့် အတွက် KNLA နှင့် KNDO တပ်အချို့ မှ အင်အားစုတချို့ကို စုဆောင်းနိုင်ခဲ့ပြီး လှုပ်ရှားသည့်နယ်မြေအလိုက် တိုက်ကွက် ဖော်သွေးတိုးစမ်းမှုအချို့ကို  စတင်လုပ် ဆောင်ခဲ့ကြောင်း၊ ထိုအချိန်တွင် လက်ရှိ ရရှိပြီးဖြစ်သည့် NCA လမ်းကြောင်းမှ ငြိမ်းချမ်းရေးကိုလိုလားသည့်အဖွဲ့၊ NCA ကိုပျက်ပြယ် စေလိုသည့်အဖွဲ့နှင့် အခြေအနေကို စောင့်ကြည့်ပြီး အလေးသာသည့်ဘက်ကို ယိမ်းမည့်အဖွဲ့စသည်ဖြင့်အဖွဲ့တွင်း ကွဲလွဲမှု အချို့ဖြစ် ပေါ်ခဲ့ကြောင်း၊ ယင်းအကျိုးဆက်မှာ NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းလိုသည့်အဖွဲ့များရှိသည့်   နယ်မြေ၌အေးချမ်းပြီး NCA ကို ပျက်ပြယ်စေလိုသော အဖွဲ့လှုပ်ရှားသည့်နယ်မြေ၌ တိုက်ပွဲသံများ ပြန်လည်ပေါ်ထွက်လာသည်သာဖြစ်ကြောင်း၊ အောက်ခြေ အဆင့် တပ်မှူးငယ်များမှ အထက်အဆင့်အကြီးအကဲ အဆင့်ထိ မိမိရှိနေသည့်နယ်မြေအလိုက် ပြည်သူလူထုကို အလေးထားမှု ကွဲပြားသွား ခြင်းဖြစ်သည်ဟု ပြောလိုကြောင်း ပြောကြားသည်။

မိမိပြောခဲ့သည့်အထဲတွင် KNDO အဖွဲ့ဆို၍ပါကြောင်း၊ ယင်း KNDO အဖွဲ့၏ ယခင်စစ်ဦးစီးချုပ်သည် KNU ခေါင်း ဆောင်ဟောင်း စောဘိုမြ၏သားအကြီး နယ်ဒါးမြဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ဝေါလေ-ကနဲလေးလမ်းဖောက်လုပ်ရေး လုပ်ကိုင်နေသည့် အရပ်သား ၂၅ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့်အတွက် KNLA က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် တာဝန်မှ ရပ်စဲခြင်းခံခဲ့ရကြောင်း၊ စစ်ရာဇဝတ်မှုကြီးဖြစ်ကြောင်း၊ ၎င်း၏ KNDO စစ်ဦးစီးချုပ် ဆိုသည့်နေရာတွင် စောရှီးလေဆိုသူကို အစားထိုးခန့်အပ်ခဲ့သည့်အတွက် နယ်ဒါးမြသည် KNU အပေါ်မကျေမနပ်ဖြစ်ခဲ့ပြီး တာဝန်မှအနားမယူဘဲ ၎င်းသာလျှင် KNDO စစ်ဦးစီးချုပ်ဟု ကြွေးကြော်ပြီး အကြမ်းဖက်လုပ်ရပ်များကို ပိုမိုလုပ်ဆောင် လာခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် ၂၀၂၂ ခုနှစ် ဧပြီလ တတိယ ပတ်အတွင်းတွင် ယခင်  DKBA အဖွဲ့မှ စောစလုံးဦးဆောင်သည့် အင်အားအချို့သည် နယ်ဒါးမြနှင့် သွားရောက် ပူးပေါင်းခဲ့သည့်အတွက် အကြမ်းဖက်လုပ်ငန်းများကို ပိုမိုလုပ်ဆောင်ခဲ့ပြီး အင်အားအနည်းငယ် တောင့်တင်းလာသည့် အတွက် နယ်ဒါးမြ အနေဖြင့်လည်း KNU မှ ခွဲထွက်နိုင်ရေး ပိုမိုလုပ်ဆောင်လာခဲ့ကြောင်း၊ KNU အဖွဲ့ အကြီးအကဲ ရာထူးယူထားသူ များအနေဖြင့်လည်း ထိန်းမနိုင်၊ သိမ်းမရအခြေအနေ တချို့ရင်ဆိုင်လာရသည်ကို တွေ့ရကြောင်း၊ အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG အဖွဲ့ထံကရလာမည့် ငွေကြေးအချို့နှင့် မြန်မာ ပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေလိုသည့် နိုင်ငံအချို့က ထောက်ပံ့မှုများ ကြောင့် နယ်ဒါးမြသည် ၎င်းလက်အောက်ရှိ အင်အားများစုစည်းပြီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့်အတူ တပ်မတော် တပ်စခန်း တစ်ခုဖြစ်သည့် ဥကရစ်ထစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမှု များပြားစွာနှင့် ဆုတ်ခွာထွက်ပြေး ခဲ့ရကြောင်း၊ ယင်းဥကရစ်ထစခန်းကို တိုက်ခိုက်သည့်ဖြစ်စဉ်ကို ပြန်လည်စိစစ်ကြည့်သည့်အခါ PDF အမည်ခံအကြမ်းဖက် လူငယ် များ သေဆုံး၊ ဒဏ်ရာရမှုများပြားခဲ့ သည်ကိုတွေ့ရကြောင်း၊ ပြောရလျှင်ထိုးကျွေး ခံရခြင်းသာဖြစ်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကို ရောက်နေသည့် လူငယ်များ အသိ၊ သတိနှင့်ဆင်ခြင်စဉ်းစား ကြရန် ထပ်မံပြောကြားလိုကြောင်း၊ ယခင် တစ်ခါကလည်း မိမိပြောပြီးဖြစ်ကြောင်း၊ ယင်းလက်နက်ခဲယမ်းများ မည်သည့်နေရာ ကရသနည်း၊ မိုးပေါ်ကကျလာခြင်းမဟုတ် ကြောင်း၊ အလကားရခြင်းလည်း မဟုတ်ကြောင်း၊ ငွေနှင့် ပေးဝယ်ချင်ဝယ်၊ ထောက်ပံ့ ခြင်းဖြစ်ရင်ဖြစ် တစ်ခုခုသာဖြစ်ကြောင်း၊ မဟာမိတ်အဖွဲ့ဆီကရသည်ဆိုလျှင် မည်သည့် အဖွဲ့ကရမည်နည်း၊ မြန်မာနိုင်ငံထဲက မရနိုင်သည်မှာ သေချာကြောင်း၊ ၎င်းတို့နေထိုင် နေသည်မှာ မည်သည့်နေရာ၌ နေထိုင်နေသနည်း၊ ထိုသို့ဆိုလျှင် မည်သည့်နေရာကရမည်ဆိုသည်ကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ အဖွဲ့တွင်း အကွဲအပြဲတချို့ထပ်မံဖြစ်ပေါ်ခဲ့ သကဲ့သို့ KNU အနေဖြင့်လည်း ပိုမိုဖိအားပေးလာသည့်အတွက် နယ်ဒါးမြသည် တစ်စင် ထောင်နိုင်ရန် ပိုမိုလုပ်ဆောင်လာခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့တွင် နယ်ဒါးမြသည် KNU မှခွဲထွက်ပြီး ကော်သူး လေတပ်မတော်ဆိုသည်ကို ဖွဲ့စည်းကြောင်း၊ NUG အပါအဝင် PDF များ၊ တပ်မတော်ကို တိုက်ခိုက်နေသည့်အဖွဲ့များနှင့် ပူးပေါင်း မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း၊ မီဒီယာအချို့နှင့်အင်တာဗျူးဖြေရာတွင် NCA ကိုသွားနေသည့် KNU အကြီးအကဲများ၊ တပ်များရှိနေသည့်အတွက် ခွဲထွက်ထူထောင်ခြင်းဖြစ်သည်ဟုလည်း ထည့်ပြောသွားသည်ကို တွေ့ရကြောင်း၊ ယင်းစကားတွင်ပင်  အဖြေတော်တော်များများပါကြောင်း၊ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းစေမည့် NCA ကိုလက်မခံဘဲအကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းမည်၊

လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မည်ဆိုသည်မှာ ငြိမ်းချမ်းရေးကို လိုလားသူလား၊ မလိုလားသူလား အဖြေထွက်နိုင်မည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကော်သူးလေ Army ဖွဲ့စည်းခြင်းကို KNLA ဗဟိုစစ်ဦးစီးဌာနချုပ်အနေဖြင့် စာထုတ်ကန့်ကွက်ခဲ့သကဲ့သို့  အချို့နေရာများတွင် တိုက်ပွဲပါဖြစ်ခဲ့သည်ဟုသိရကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး မိမိအဓိကပြောလိုသည်မှာ KNU အဖွဲ့ထဲ တွင် ငြိမ်းချမ်းစေလိုသည့်စိတ်ရှိသူ၊ NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းလိုသူများရှိကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်လျှင် လာတွေ့နိုင်သည်၊ ဆွေးနွေးနိုင်သည်၊ တံခါးဖွင့်ထားသည်ဟုပြောလိုကြောင်း၊ ယင်းနေရာတွင် NCA နှင့်ပတ်သက်ပြီး ပြောရလျှင် NCA ကို ယေဘုယျအားဖြင့် တိုင်းရင်းသားများက အကုန်လက်ခံသည်ကို တွေ့ရကြောင်း၊ အဘယ့်ကြောင့်ဆိုသော်  NCA ကိုစတင်ရေးဆွဲခဲ့သည်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးသာဖြစ်ကြောင်း၊ လက်မခံသည်မှာ နောက်ကွယ် တွင်ရှိနေသည့် အကြံပေးများသာဖြစ်ကြောင်း၊ ယင်းအကြံပေးများက မည်သူများလဲ၊ မြန်မာနိုင်ငံသားမဟုတ်သူများသာဖြစ်ကြောင်း၊ ၎င်းတို့တွင်  လက်နက်ကိုင် အဖွဲ့အစည်းမရှိကြောင်း၊ အဖွဲ့အစည်းအမျိုးမျိုးကို ထောက်ပံ့ပြီး မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းရေးကို ဖျက်ဆီးနေသူများသာဖြစ်ကြောင်း၊ ထောက်ပံ့မှုများ၊ သွေးထိုးမှုများကို အစဉ်အဆက် ပြုလုပ်နေသည်ဖြစ်ကြောင်း၊ ထောက်ပံ့၊    သွေးထိုးလှုံ့ဆော်သည့် အင်အားသာရှိကြောင်း၊ အထောက်အပံ့ခံတိုင်းရင်းသား လက်နက်အဖွဲ့အစည်း အသီးသီးအနေဖြင့်လည်း ၎င်းတို့သည် မိမိတို့နိုင်ငံအကျိုး၊ ဒေသအကျိုး၊ တိုင်းရင်းသားလူမျိုးများ အကျိုးကို တကယ်လိုလားသည်လား၊ ၎င်းတို့လိုချင်သည့် ပုံစံကို ပုံဖော်နေသည်လား သတိရှိရန်လိုကြောင်း ပြောကြားလိုကြောင်း ပြောကြားသည်။

နောက်ဆုံးအချက်အနေဖြင့် NUG အကြမ်းဖက်အဖွဲ့က ထူထောင်ထားသည့် တရားမဝင် ပညာရေးကျောင်းဖြစ်သည့် Kaung For You online ပညာရေးဆိုင်ရာ ကိစ္စရပ်နှင့်ဆက်စပ်မှုများကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ Kaung For You Education Centre ဆိုပြီး တရားမဝင် ပညာသင်ကြားမှု အစီအစဉ်ကို ဦးဆောင်သည့် တရားခံပြေးကောင်းသိုက်စိုး အပါအဝင် ၃ ဦး ဖမ်းဆီးရမိခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြောလိုကြောင်း၊ သတင်းထုတ်ပြန်ပြီးလည်းဖြစ်သည့်အတွက် အားလုံးလည်း သိထားပြီးဖြစ်မည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အစိုးရကျောင်းများ၌ ကျောင်းတက်ရောက်ခြင်းမရှိစေရန်နှင့် အစိုးရ၏ ပညာရေးစနစ် ပျက်ပြားစေရန်   ရည်ရွယ်ချက်များနှင့်  NUG အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ဇော်ဝေစိုးနှင့် ဂျာထွယ်ပန် တို့သည် Kaung For You တရားမဝင် ပညာသင်ကြားမှု အစီအစဉ်ကို Online စနစ်နှင့် သင်ကြားရန်ဆိုပြီး စီစဉ်ခဲ့ခြင်းရှိကြောင်း၊ ယင်းအစီအစဉ်တွင် ကျောင်းအုပ်ကြီး အဖြစ် တာဝန်ယူသည့်သူက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြစ်သားမြို့နယ် ၌ဖြစ်သည့် ဆူပူဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်ခဲ့ သည့်အတွက် မြစ်သားမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ကနှင့် အမှုဖွင့်ခံထားရသည့် တရားခံပြေး ကောင်းသိုက်စိုး ဖြစ်ကြောင်း၊ ၎င်းသည်လက်ထောက်မြို့နယ်ပညာရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး CDM လုပ်ထားသူဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နေ့လယ်ပိုင်းတွင် ကောင်းသိုက်စိုးအပါအဝင် ကျောက်ဆည်မြို့နယ်၊ ကျားကာရွာနေ CDM မူလတန်းပြ ဝင်းဗိုလ်(ခ)ဘိုဘိုနှင့် မြစ်သားမြို့နယ်၊ မြင်းရွာကြီးကျေးရွာနေ CDM မူလတန်းပြ သန့်စင်ထိုက်တို့ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ လှည်းရိုးရပ်ကွက်ရှိ အခကြေးငွေရယူပြီး အမျိုးသမီးများနှင့်  ပျော်ပါးရသည့်နေရာ၌ အမျိုးသမီးများနှင့်အတူ  သောက်စားပျော်ပါး နေချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းပြောကြားသည်။

တရားခံပြေး ကောင်းသိုက်စိုး၏ ထွက်ဆိုချက်များအရ ၎င်းသည် ယခုပညာသင်ကြားမှုအစီအစဉ်တွင် ကျောင်းအုပ်ကြီး တာဝန်ယူ ထားကြောင်း၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ စေခိုင်းမှုနှင့် Kaung For You Federal Private School Team ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ပထမပတ်တွင် အဖွဲ့ဝင် ၁၂ ဦးနှင့် အွန်လိုင်းကတစ်ဆင့် ဖွဲ့စည်းခဲ့ပြီး ဇူလိုင် ၁၃ ရက်နေ့တွင် စတင်သင်ကြားပို့ချရန် ဆောင်ရွက်ထားကြကြောင်း၊ ယင်းသို့ သင်ကြားပို့ချနိုင်ရန်အတွက်လည်း CDM ဆရာ၊ ဆရာမဦးရေ ၄၀၀ ကို ခန့်အပ်ရန် စီစဉ်ခဲ့သည် ဟု သိရကြောင်း၊ ထို့ပြင် ကျောင်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဇွန် ၁ ရက်နေ့မှစပြီး အွန်လိုင်းကတစ်ဆင့် ကျောင်းအပ်လက်ခံခြင်းများ၊ အွန်လိုင်းအခြေပြုသင်ကြားရန်အတွက် Zoom Application? Facebook၊ Telegram၊ Signal၊ Gmail၊ Messenger တို့တွင် Group ဖွဲ့ဆက်သွယ်ထားသည်များကို စစ်ဆေးတွေ့ရှိရကြောင်း ပြောကြားသည်။

နောက်တစ်ချက်မှာ  ထိုကဲ့သို့ အွန်လိုင်းကတစ်ဆင့် စာသင်ကြားပေးမည့် CDM ဆရာ၊ ဆရာမများအတွက် လစာငွေကို ကျောင်းအပ်နှံ သည့် ကလေးများ၏ မိဘများထံမှ တစ်ဦးကို တစ်လလျှင် အနည်းဆုံးကျပ် ၁၀၀၀၀ ကောက်ခံသည်ဟု သိရကြောင်း၊  ယင်း ကောက်ခံရရှိသည့် ငွေကြေးများကို အသုံးပြုပြီး ယခု ဖမ်းဆီးရမိသည့် တရားခံ ၃ ဦးသည် တောင်ကြီးနှင့် ကလောမြို့များ၌ လောင်းကစားလုပ်ခြင်းများ၊ အခကြေးငွေယူသည့် အမျိုးသမီးများနှင့် ပျော်ပါးခြင်းများ၊ သောက်စားခြင်းများ လုပ်နေကြပြီး ငွေလို လာသည့်အချိန်တိုင်းတွင်လည်း CDM လုပ်ထားသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများထံ အွန်လိုင်းမှ တစ်ဆင့် အမည်အမျိုးမျိုး၊ အကောင့်အမျိုးမျိုးနှင့်  ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ ပြုလုပ်ခဲ့သည်ကို စစ်ဆေးဖော်ထုတ် တွေ့ရှိခဲ့ကြောင်း  ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင် တာဝန်ယူစဉ်ကတည်းက အနာဂတ်လူငယ်များ၏ ပညာရည်မြင့်မားရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊  ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးသူငယ်များ၏ ပညာရေးနှောင့်နှေးကြန့်ကြာမှုများ၊ စာသင်နှစ်နစ်နာရမှုများ မရှိအောင် ကိုဗစ်-၁၉ ရောဂါကို စတင်ထိန်းချုပ်လာနိုင်ပြီဆိုသည်နှင့် ပညာရေးကဏ္ဍကိုလည်း ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ ကျန်နေသည့် စာသင်နှစ်များအတွက် အခြေခံပညာ ကျောင်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ဖွင့်လှစ်ရာ တွင်လည်း  နိုင်ငံသားတိုင်း အခြေခံပညာပြီးဆုံးသည်အထိ သင်ယူတတ်မြောက်ရန်ဆိုသည့် ရည်ရွယ်ချက်နှင့် ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာသင်ကြားရေးတွင် အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးပြီး ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး အစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များဆိုပြီး ထုတ်ပြန်ချက်များနှင့် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးများအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝကောက်ခံခြင်း မပြုဘဲ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်က ယခုကဲ့သို့ ကျောင်းနေအရွယ်ကလေးတိုင်းကို  ပညာသင်ကြား နိုင်ရန်နှင့်  အနာဂတ်လူငယ်များ၏ ပညာရည် မြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်နေချိန်တွင် NUG အမည်ခံ အစွန်းရောက်အဖျက်သမားများက မည်သည့်အတွေးအခေါ်၊ မည်သည့် ရည်ရွယ်ချက်မျိုးများနှင့် ယခုလို လေပေါ်ကကြေညာချက်များထုတ်၊ လေကျောင်းများဖွင့်ပြီး အခကြေးငွေကိုမူ လေနှင့်မကောက်ဘဲ  တကယ်ကောက်ခံ၊ ထို့နောက် သောက်စားပျော်ပါးသည့်နေရာနှင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များတွင် သုံးနေသည်မှာ တကယ်ပညာ တတ်စေလိုခြင်းလား၊ အလှူခံကောင်းရုံလားဆိုသည်မှာ ကြည့်လျှင်သိနိုင်ကြောင်း၊ မိဘများအနေဖြင့်လည်း မိမိရင်သွေး၊ မိမိ သားသမီးကို အမှန်တကယ် ပညာတတ်စေလိုသည်လား၊ ကိုယ့်အတ္တအရောင်များပါနေလားဆိုသည်ကို သုံးသပ်စေလိုကြောင်း၊ ပညာရေးတွင်  နိုင်ငံရေးအရောင်များ ရောထွေးနေသည့် မိဘများ၏အတ္တများကြောင့် ယခုရော  မိမိသားသမီးများ ပညာသင်ကြား နေရပြီလား၊ သင်ရိုးများကိုရော လေ့လာပြီးပါပြီလား၊ လက်ရှိသင်ကြားနေသည့် သင်ရိုးများသည် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်နေ သည့်အကြောင်းအရာ ဘာများပါပါသလဲ လေ့လာကြည့်စေလိုကြောင်း၊ နိုင်ငံရေးလုပ်၍ ရကြောင်း၊ သို့သော် ကလေးများ၏ ပညာရေးကိုမူ အသုံးချခံမဖြစ်စေလိုကြောင်း၊ ယင်းသည် မိဘတစ်ယောက်အနေဖြင့် စေတနာစကားသာ ဖြစ်ကြောင်း ပြောကြား သည်။

နောက်တစ်ခုမှာ Kaung For You ဆိုသည့်ကျောင်း၌ စာသင်ကြားကြမည့် ကျောင်းသူ၊ ကျောင်းသားများ၏ ကိုယ်ရေး အချက် အလက်များ ပေါက်ကြားသည့်ကိစ္စများ၊ ယင်းကိုယ်ရေး အချက်အလက်များကိုကိုင်ပြီး ခြိမ်းခြောက်အကျပ်ကိုင် ငွေညှစ်မှုများကို လည်း လူမှုကွန်ရက်တွင် ဆူဆူညံညံပေါက်ကွဲ ထွက်လာသည်များကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့ဖော်ထုတ် ပေးစရာ မလိုကြောင်း၊ ယင်းကိုလည်း အချို့အနီလော်ဘီများက မျက်စိစုံမှိတ်ပြီး ဟိုဘက်ကလုပ်သည်၊ ဒီဘက်ကလုပ်သည်နှင့် ဖာကြ၊  ထေးကြလုပ်နေသည်များ တွေ့ရကြောင်း၊ ယင်းကိစ္စဖြစ်လာသည့်အခါ NUG အကြမ်းဖက်အဖွဲ့နှင့် ပြည်ဖျက်မီဒီယာများက Kaung For You နှင့်ပတ်သက်ခဲ့သည့် ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ မိဘများကို ဘဝဆုံးသွားအောင်၊ တောထဲရောက် အောင် တွန်းပို့လှုံ့ဆော်နေသည်များ တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် ဦးစီးဦးဆောင်လုပ်နေသည့်သူများ၊ သွေးထိုးလှုံ့ဆော် ခေါင်းဆောင် လုပ်နေသူများမှအပ ကျောင်းသား၊ ကျောင်းသူ၊ မိဘများကို အရေးယူဆောင်ရွက်မည် မဟုတ်ကြောင်းကို နိုင်ငံပိုင် မီဒီယာများ၊ အခြားမီဒီယာများ၏ မေးမြန်းမှုများတွင် ပြောကြားခဲ့ကြောင်း၊ ထူးဆန်းသည်မှာ ယင်းပြောကြားချက်ကို နိုင်ငံ့အကျိုး၊ မိဘပြည်သူများ အကျိုးကို လိုလားသူများက ဖော်ပြကြတိုင်း လူမှုကွန်ရက်စာမျက်နှာများအပေါ် တော်တော်များများ ဖြုတ်ချခံခဲ့ ရသည်ကို တွေ့ရကြောင်း၊ ထိုသို့ဆိုလျှင် ၎င်းတို့၏ ရည်ရွယ်ချက်အစစ်အမှန်က ဘာလဲဆိုသည်ကို သိရမည်ဖြစ်ကြောင်း၊ ယခုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် ယင်းကိစ္စကို အသေးစိတ်ဖော်ထုတ်ရာတွင် အချက်အလက်များစွာရခဲ့ကြောင်း၊ ယင်းအဖွဲ့အစည်းနှင့် ပတ်သက်မိခဲ့သည့် ဆရာ၊ ဆရာမများနှင့် အချို့သော ဆရာ၊ ဆရာမ များသည် မိမိတို့လုပ်ဆောင်ခဲ့သည့် မှားယွင်းသည့် လုပ်ရပ်များအပေါ် အသိတရားရပြီး အေးချမ်းစွာ နေထိုင်လိုသည့်အတွက် ပြန်လည်ဆက်သွယ်လာမှုများရှိကြောင်း၊ သြဂုတ်လ (၇) ရက်နေ့ နောက်ဆုံးထားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် ဆက်သွယ်ကြရန် ကြေညာချက်တစ်စောင် ထုတ်ထားကြောင်း၊ အစိုးရအနေဖြင့်လည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝအေးချမ်းစွာ နေထိုင်နိုင်ရေး ဆရာ၊ ဆရာမများကို အာမခံချက်ပေးကြောင်း ထပ်မံအသိပေး ပြောကြားလိုကြောင်း ပြောကြားသည်။

NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ စေခိုင်းမှုများနှင့် အကြမ်းဖက်သမားများသည် နည်းလမ်းမျိုးစုံဖြင့် ပြည်သူများထံမှ ငွေညှစ်နေကြ သည်ကို  တွေ့ရမည်ဖြစ်ကြောင်း၊ မည်သည့်ကဏ္ဍမျှမလွတ်ကင်းကြောင်း၊ Kaung For You ဖြစ်စဉ်ကဲ့သို့ ဖြစ်စဉ်များရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြင့်မားရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခက်အခဲ၊ အနှောင့်အယှက်များအမျိုးမျိုးနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း၊ ၎င်းတို့ အမြဲတိုင်းတာ နေသည့် လူ့အခွင့်အရေးဆိုသည့် ပေတံကို ကြည့်မည်ဆိုပါက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် (၂၆)တွင် လူတိုင်းပညာ သင်ကြားခွင့်ရှိသည်၊ အနိမ့်ဆုံး မူလတန်းပညာကို အခမဲ့သင်ခွင့်ရှိသည် ဆိုသည့်အချက်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယင်းအချက်ကို ပြည်သူ့အတွက်ဟု ပြောနေသည့် လူများကလိုက်နာနေကြပါသလားဟု မေးလိုကြောင်း၊ ပညာသင်ကြားပေးနေသည့်၊ ပညာသင်ယူနေကြသည့် ဆရာ၊ ဆရာမများနှင့်ကလေးများကိုပင် လူတစ်ယောက်အနေဖြင့်ရော ဘာသာတရားအလိုက် အဆုံးအမများ၊ ကျင့်ဝတ်များအနေဖြင့်ပါ လက်မခံနိုင်သည့် မိုင်းထောင်ခြင်း၊ လူသတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကျောင်းများကို မီးရှို့ဖျက်ဆီးခြင်းများကို  ထိုအဖွဲ့များက  လုပ်ဆောင်နေသည်မှာ ကလေးများကို အမှန်တကယ်ပညာတတ်စေလိုခြင်းလားဟု မေးကြည့်စေလိုကြောင်းပြောကြားသည်။

ယခုလိုဖြစ်ရန် စေခိုင်းနေသည့်သူများ၏ သားသမီးများကရော မည်သည့်နေရာတွင် ပညာသင်ကြားနေပါသလဲ၊ ၎င်းတို့ကိုယ်တိုင် ဦးဆောင်ပါဝင်နေသော ၎င်းတို့သတ်မှတ်ထားသည့်  ၎င်းတို့အစိုးရဟု သတ်မှတ်ထားသည့် အစိုးရကဖွင့်သည့် ကျောင်းများတွင် ကျောင်းတက်နေပါသလား၊ ယခုကဲ့သို့လုပ်ရန် တိုက်တွန်းနေသည့်သူများကရော မည်သည့်နေရာတွင် နေထိုင်နေကြပါသလဲ၊ အလှူခံကောင်းရုံ ဓာတ်ပုံများရိုက်ပြတာခြင်းများတော့ ရှိနိုင်ကြောင်း၊ ၎င်းတို့ဘယ်လိုနေရာများတွင် နေထိုင်နေကြပါသလဲ၊ ၎င်းတို့၏ သွေးထိုးမြှောက်ပင့်မှုများကြောင့်  လူငယ်အများအပြား ဆုံးရှုံးနေရကြောင်း၊ အမှန်တကယ်အလှူငွေများရနေသည်မှာ မည်သူများလဲ၊ ယခု Kaung For You ဖြစ်စဉ်တွင် အလှူငွေတောင်မဟုတ်သည့် ပညာသင်ကြားခများကိုပင် ကိုယ်ကျိုးကိစ္စများအတွက် သုံးစွဲနေ သည်ကိုတွေ့ရကြောင်း၊ ဘက်စုံအတွက်လှူပါတယ်ဆိုသည့် ငွေများဆိုလျှင် ဘက်စုံသုံး၊ ဘက်စုံဘုံးနေကြမည်မှာ အသေအချာ ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်တွင်သာမက ဖမ်းဆီးရမိသည့် ဖြစ်စဉ်များကို ကြည့်မည်ဆိုလျှင် ၎င်းတို့ကိုယ်တိုင် ဝန်ခံထားသည့် ထွက်ဆို ချက်များတွင် ရရှိသည့်အလှူငွေများကို လောင်းကစားလုပ်ခြင်း၊ ကိုယ်ကျိုးအတွက် အိမ်၊ ခြံများဝယ်ခြင်း၊ လက်ဝတ် ရတနာများ ဝယ်ခြင်း၊ အခကြေးငွေပေး၍ အမျိုးသမီးများနှင့်ပျော်ပါးသည့် နေရာများတွင်သုံးစွဲခြင်းနှင့် မူးယစ်ဆေးသုံးစွဲသည့် နေရာများတွင် အသုံးချနေကြသည်ကို ၎င်းတို့၏ ထွက်ဆိုချက်များတွင် တွေ့ရမည်ဖြစ်ကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်သည့် Video File များကိုလည်း ပြသပြီးဖြစ်ကြောင်း၊ ယခင်ပြသပြီးသား Video File တစ်ခုကို ပြန်လည်ပြသမည်ဖြစ်ကြောင်း၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ထိခိုက်စေရန် ပြသခြင်းမဟုတ်ကြောင်း ပြောကြား၍ Video File ကိုပြသသည်။

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းအသီးသီးတွင်  သွေးထိုးလှုံ့ဆော်မှုများကြောင့် ရောက်ရှိနေသည့် လူငယ်များ၏ ရင်လေးဖွယ်ရာအဖြစ်များနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းများကို တွေ့ရမည်ဖြစ်ကြောင်း၊ အမျိုးသမီးငယ် အတော်များ များတွင် ကိုယ်ဝန်များရှိနေကြသည်ကိုလည်း မိမိပြောခဲ့ ပြီးဖြစ်ကြောင်း၊ ၎င်းတို့အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အမြတ်ထုတ်မှု များရှိနေသည်ကိုလည်း တွေ့ရကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်၍ မီဒီယာတစ်ခုကလည်း မိမိတို့၏ ရေးသားချက်များအပေါ် ပြင်းပြင်းထန်ထန် ပြန်လည်ရေးသားခဲ့ကြောင်း၊ ဆန့်ကျင်၍ ရေးသားခြင်းမဟုတ်ဘဲ ထိုသို့မဖြစ်သင့်ကြောင်းကို ရေးသားခဲ့ခြင်းဖြစ် ကြောင်း၊  ထူးခြားသည်မှာ NUG အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်စပ်နေ သည့် အဖွဲ့အစည်းအသီးသီးတွင် သွေးထိုးလှုံ့ဆော်မှု များကြောင့် ရောက်ရှိနေသည့် အမျိုးသမီးငယ်များရှိကြောင်း၊ ၎င်းတို့အပေါ်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ၊ အမြတ်ထုတ်မှု များရှိနေကြောင်းကို တွေ့ရပါကြောင်း၊ စိတ်မကောင်းစွာနှင့်ပြောရလျှင် အချို့ကိစ္စများမှာ  လူမှုအရသာခံစားရန်အတွက် ပွဲတော်ကြီး တစ်ပွဲသဖွယ်ဖြစ်နေသည်ကို အံ့သြစွာတွေ့ရကြောင်း၊ အချို့ကိစ္စများဆို မိမိပြောစရာမလိုကြောင်း၊ ၎င်းတို့ကိုယ်တိုင် ပေါက်ကွဲ ထွက်နေကြသည်မှာ  အားလုံးအသိပင်ဖြစ်ကြောင်း ပြောကြားသည်။

နှစ်ထပ်ကွမ်းသက်တမ်းရှိနေပြီဖြစ်သည့် နွေဦးတော်လှန်ရေး၊ ၎င်းတို့ ယခု ပြောသည့် အရေးတော်ပုံကြီးအောင်မြင်ရန် NLD က မွေခံထိုက်စေဘဝနှင့် ဆင်းသက်လာကြသည့် လက်ပါးစေခေါ်မည်လား၊ လက်ကိုင်တုတ်ခေါ်မည်လား အလှူခံစားနေကြသည့် သူများ တစ်ယောက်နှင့်တစ်ယောက် တည့်ကြရဲ့လား၊ ညီညွတ်ကြသလား၊ စည်းလုံးကြသလား၊ ဖေးမကြသလားဆိုသည်ကို    လူမှုကွန်ရက် စာမျက်နှာများတွင် တင်၍ပြောဆိုနေကြသည်များကိုသာ ကြည့်စေလိုကြောင်း၊ မိမိတို့ပြောနေစရာပင် မလိုကြောင်း၊ လေတပ်ချီပြီး လေစစ်တိုက်နေကြသည်ကိုတော့ တွေ့ရကြောင်း၊ မည်သူကမည်မျှလှူပါသည်ဆိုသည်ကိုပင် အလှူရှင်များ၏ လုံခြုံရေးအရ ချမပြဘူးဆိုသည့် အကြောင်းပြချက်ကြီးက အခိုင်အခံ့ရှိနေလေတော့ မည်သူက မည်မျှလှူမှန်းမသိ၊ ကျန်သည့်လူက လူမြင်ကောင်းအောင် လှူပြ၊ အလှူခံပုဂ္ဂိုလ်မိသားစုအတွက်သာ ဖြစ်သွားသည်ကိုလည်း တွေးခေါ်ရန်လိုကြောင်း၊ အမေရိကန်လို နိုင်ငံမျိုး၌ မိမိသာမက မိသားစုတစ်ခုလုံးကို မည်သည့်အလုပ်မှလည်း မယ်မယ်ရရပြစရာမရှိဘဲ ခေါ်ထားနိုင်ခြင်းသည်လည်း စဉ်းစား စရာပင်ဖြစ်ကြောင်း၊ ယင်းနိုင်ငံတွင်တော့ ထိုက်သင့်သည့် အထောက်အပံ့များ ရလိမ့်မည်ဖြစ်ကြောင်း၊ ပြန်လည်ဝင်ရောက်လာသူ အချို့၏ ပြောပြချက်များအရ ရရှိသည့် ထောက်ပံ့မှုများကလည်း ၎င်းတို့အတွက်  နေထိုင်စားသောက်စရိတ်ခန့်သာ  ပေးခြင်းဖြစ်ပြီး သုံးဖြုန်းပျော်ပါးရန် မလုံလောက်ကြောင်း၊ သို့သော် ၎င်းတို့ မည်သို့ပျော်ပါးနေကြသည်၊ မည်သို့ လုပ်ဆောင်နေကြသည်၊ ၎င်းတို့ သားသမီးများ ကျောင်းများ မည်သို့တက်နေကြသည်၊ မည်သို့နေထိုင်ကြသည်ကို လူမှုကွန်ရက်တွင် ၎င်းတို့တင်ထားသည်ကို ကြည့်လျှင်ပင် သိမြင်နိုင်ကြောင်း၊ ထိုအရာများသည် ခိုင်မာသည့် သက်သေ အထောက်အထားများဖြစ်သည်ဟု ပြောလိုပါကြောင်း  ပြောကြားသည်။

NUG အမည်ခံအကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင်ဟုအမည်ခံထားသည့် အချို့လူများက လူမြင်ကောင်းအောင် တောထဲမှ အကြမ်းဖက် များထံသွား၍ ဓာတ်ပုံရိုက်၊ လိုင်းပေါ်တင်ပြီး တော်လှန်ရေးနှင့်အတူ၊ PDF များနှင့်အတူ၊ ပြည်သူများနှင့်အတူ ဟုဆိုပြီး ဟိုကြည့်၊ ဒီကြည့်လုပ် သက်သေပြရန်ကိုမူ လူတိုင်းလုပ်တတ်ကြောင်း၊ မနက်ပိုင်းတစ်ပိုင်းခန့်အချိန်ပေးလိုက်လျှင်ပင်ရကြောင်း၊ ၎င်းတို့၏ သား၊ သမီးများ ထဲမှ PDF များနှင့်အတူ တာဝန်ထမ်းဆောင်နေသူ တစ်ယောက်မှမရှိကြောင်း၊ အကုန် နိုင်ငံခြားရောက် နေကြသည်ဟု မျှော်လင့်ပါကြောင်း၊ အေးချမ်းသည့် နေရာရောက်နေကြကြောင်း၊ လူငယ်များကို အားပေးထောက်ပံ့သည်ဟု အမည်ခံ၍ မြှောက်ပင့်ပေးနေကြောင်း၊ လူငယ်များ၏ အနာဂတ်ကို အသိမှားများနှင့်ဖုံးအုပ်ပြီး ရိုက်ချိုးနေခြင်းဖြစ်ကြောင်း၊ အရေးမပါ သည့်ခံယူချက်အမှားများကြောင့် လူငယ်များ မသေသင့်ဘဲသေနေရသည်ကို တွေ့ရကြောင်း၊ လူငယ်များကို တစ်ခုပြောလိုကြောင်း၊   စဉ်းစားရန်၊  ဆုံးဖြတ်ရန်၊ တွေးတောဆင်ခြင်နိုင်သည့်၊ ချင့်ချိန်မြော်တွေးနိုင်သည့် ဉာဏ်များရှိကြရန် မေတ္တာရပ်ခံလိုကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လူငယ်များကို သဘောထားကြီးစွာနှင့် ပြန်လည်လက်ခံပေးနေသည့်အချိန်ဖြစ်ကြောင်း၊     ပြန်လည်လက်ခံခဲ့ရာတွင်  ယခုအချိန်အထိ PDF လူငယ် ၂၅၀ ဦးခန့်ကို   လက်ခံပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ပြန်လည်လက်ခံရာတွင် ၂၃၀ ဦး တရားဝင်ပြန်လည်ဝင်ရောက် လာပြီးဖြစ်ကြောင်း၊ ၂၅၀ ဦးဟုဆိုရာတွင် နောက်ထပ် ဝင်ရောက်လာသူများကို မိမိတို့စစ်ဆေး နေသည့်သူများရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ အချို့သော မီဒီယာများကလည်း အမျိုးမျိုးရေးသားနေကြကြောင်း၊ ၎င်းတို့ကို တစ်ဖက်အဖွဲ့ အစည်းများက ရေးသားခိုင်းသဖြင့်ရေးနေကြခြင်းဖြစ်ကြောင်း၊ ယခုပြန်လည်ဝင် ရောက်လာသူများမှာ PDF များ မဟုတ်ဘဲ အတုများဖြစ်သည်ဟု  ရေးကြကြောင်း၊ ထို့ကြောင့် Video File တစ်ဖိုင်ကို ပြသမည်ဖြစ်ကြောင်း၊ ထို Video File တွင်ပါဝင်သည့် ပုဂ္ဂိုလ်မှာ မကြာမီရက်ပိုင်းအတွင်းက PDF  အဖွဲ့မှ အလင်းဝင်ရောက် လာသည့် ငပုတောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ NLD လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်ကြောင်း၊ ၎င်း၏နာမည်မှာ သက်ပိုင်စိုးဖြစ်ကြောင်း၊ ဇူလိုင်လ ၂၁ ရက်နေ့ တွင် ပြန်လည်အလင်းဝင်ရောက်ခဲ့သူဖြစ်ကြောင်းပြောကြား၍  Video File ကို ပြသသည်။

ယခုပြသသည့်ပုံကိုကြည့်ပါက အမှန်တကယ် ဟုတ်၊ မဟုတ် သိနိုင်မည်ဖြစ် ကြောင်း၊ အချို့လူငယ်များကိုပြလျှင် မဟုတ်ဘူးဟု ငြင်းချက်ထုတ်ကြဦးမည်ဖြစ်ကြောင်း၊ ၎င်းသည် ငပုတောမြို့နယ်၊ NLD တိုင်းဒေသကြီး(၂) ကိုယ်စားလှယ် ဟောင်းဖြစ်ကြောင်း၊  တောထဲကိုရောက်၍ စစ်သင်တန်းတက်ရောက်ခဲ့သူဖြစ်ကြောင်း၊ ၎င်းင်းကိုယ်တိုင် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့၏ စစ်ဆေး မေးမြန်းချက်များအရ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသည်ကိုလည်း စစ်ဆေးတွေ့ရှိရကြောင်း၊ မိမိတို့လက်ခံနေသည် ဆိုသည့်ကိစ္စသည် အလိမ်အညာဖြစ်သည်ဟု ပြောနေကြသည့် မီဒီယာများကိုမည်သည့် အချက်အလက်များကို သက်သေအထောက်အထားပြု၍  အလိမ်အညာများဟု ပြောနေသည်လဲဟု မေးလိုကြောင်း၊ ၎င်းတို့ ထိုသို့ပြောနေကြခြင်းမှာ PDF အကြမ်းဖက်အဖွဲ့များထဲမှ    ပြန်လည် ဝင်ရောက်လာသည့်လူငယ်များကို အမှောင်တိုက်ထဲ ပိုရောက်အောင် တွန်းပို့နေသည်ဟုသာ မိမိပြောလိုပါကြောင်း၊ ထိုသို့ ပြန်လည် ဝင်ရောက်ရန်အတွက် အချို့ဆက်သွယ်လိုသော်လည်း အနှောင့်အယှက်များ၊ အခက်အခဲများ၊ ယုံကြည်စိတ်ချရမှုနှင့် ပတ်သက်၍ သံသယရှိနေမှုများရှိနေသည်ကို မိမိတို့ကြားသိရပါကြောင်း၊ တချို့သော တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသည့် မီဒီယာများနှင့် တချို့သော တိုင်းရင်းသားပြည်သူများက အထက်ပါအခက်အခဲတချို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့်လက်ခံပေးရန် မိမိတို့ကိုပြော ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံကိုလည်း ထိုသတင်းများရောက်ပါကြောင်း၊ ထို့ကြောင့် အစိုးရအနေနှင့် ယခင်က ကြိုဆို လက်ခံရေးစခန်းများ၊ လုံခြုံရေး အဖွဲ့အစည်းများ၌ လက်ခံရုံတင်မက ယခုဒေသမြို့နယ်ဆိုင်ရာ ကြက်ခြေနီအသင်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းများ၊ လူမှုဝန်ထမ်းရုံးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနနှင့် ဆက်သွယ်ဆောင်ရွက်နေသည့် လူမှုကူညီရေး အသင်းများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် လက်ခံဆောင်ရွက် နေကြောင်း၊ တံခါးကျယ်ကျယ် ဖွင့်ထားသဖြင့် ရဲရဲသာလျှောက်လှမ်းခဲ့ကြပါဟု မေတ္တာရပ်ခံလိုပါကြောင်း၊ အသင်းအဖွဲ့များ အနေဖြင့် လည်း    မိမိတို့၏ ရင်သွေးငယ်များကို စေတနာထား လက်ခံစောင့်ရှောက်လမ်းမှန်ပြပေးကြရန် မေတ္တာရပ်ခံလိုကြောင်း၊ ယခုလည်း လူငယ် အချို့သည် အသိတရားရသဖြင့် အမှောင်မှအလင်းကိုကူးပြီး မိဘရင်ခွင်၊ အေးချမ်းခြင်းရင်ခွင်ကို ပြန်လည် ခိုလှုံနေကြပြီ ဖြစ်ကြောင်း၊ အရှုံးမပေးသရွေ့ ငါတို့နိုင်တယ်ဆိုသည့်မူကိုသာ လက်ကိုင်ထားပြီး တောထဲ၌  မိမိတို့၏ အနာဂတ်ကိုအဆုံးရှုံးခံမလား၊    အသိတရား ကယ်၍ ငါတို့အရင်လို အေးချမ်းမယ်ဆိုသည့် မူကိုလက်ကိုင်ထားပြီးကမ်းသည့်လက်ကို လှမ်းချင်ကြသလားဆိုသည်ကို မှန်ကန်သည့် ရွေးချယ်ဆုံးဖြတ်မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

မိမိတို့ မြန်မာပြည်သူလူထုများသည် အလှူအတန်း အရမ်းရက်ရောကြကြောင်း၊ စေတနာ၊ သဒ္ဓါတရား အလွန်ထွန်းကားကြောင်း၊ လိမ်ညာပြီး အလှူခံလျှင်လည်း လှူလိုက်ကြသည်ကို တွေ့ရကြောင်း၊ လှူဒါန်းမှုတစ်ခု ဒါနမြောက်/မမြောက်ကိုမူ ဆန်းစစ်ကြရ မည်ဖြစ်ကြောင်း၊ အနီးစပ်ဆုံးဖြစ်စဉ်များကို သိနိုင်ရန်ပြောမည် ဖြစ်ကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့က ရက်စက်စွာ သတ်ဖြတ်ခံ လိုက်ရသည့် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်မှ ဆရာတော် ဥူးကုသလ၏ လည်ပင်းကိုဖောက်ဝင်ခဲ့သည့် ကျည်ဆန်၊  မန္တလေး၊ ချမ်းမြသာစည်မြို့နယ်က ဘဏ်ကိုငွေလာထုတ်သည့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးကို သေနတ်နှင့် ပစ်ခဲ့သည့် အတွက် ၎င်း၏ ဝဲချိုင်းအောက်ဖောက်ဝင်ခဲ့ပြီး သေဆုံးစေခဲ့သည့်ကျည်ဆန်၊ ဇူလိုင်လ ၁၃ ရက်နေ့က မြေနီကုန်းခုံးကျော် တံတား အောက်တွင် အပြစ်မဲ့အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား၊ အမျိုးသမီးပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ရသည်အထိ ရမ်းသမ်း ပစ်ပေါက်ခဲ့သည့် လက်ပစ်ဗုံး ၃ လုံး၊ ကန့်ဘလူမြို့နယ်နှင့် မြိတ်မြို့နယ်တို့တွင် ခရီးသည်တင်မော်တော်ယာဉ်များတွင် လိုက်ပါစီးနင်း ခဲ့သည့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရသည်အထိ ပေါက်ကွဲခဲ့သည့် လက်လုပ်မိုင်းများသည် ခင်ဗျားတို့၏ ငွေကြေး အလှူများကြောင့် ဝယ်ယူရရှိခဲ့သည်ဆိုလျှင် ခင်ဗျားတို့ အလှူအတွက် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြမည်လားဟု မေးလို ကြောင်း၊ ထို ငသုံးများ၊ ငဘုံးများကို လှူတိုင်းတောင်းသည့် ဆုအရေးတော်ပုံကြီးသည် အပြစ်မဲ့သူများကို သေကြေပျက်စီးစေပြီး အောင်မြင်နိုင်မည်ဟု ယုံကြည်ပါသလား၊ လှူလိုက်သည့် အလှူအတွက် စိတ်အေးချမ်းသာ အိပ်စက်နိုင်ကြပါမည်လား၊ နဖူးပေါ်ကိုပဲ လက်တင်တင်၊ လက်ပေါ်ပဲ နဖူးတင်တင် သေသေချာချာစဉ်းစားကြရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က ယခုသတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြမည့် အကြောင်းအရာများအနေဖြင့် (က)ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို စစ်ဆေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေ။ (ခ)မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန် ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း များ အပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယခု သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြမည့် အကြောင်း အရာများအနေဖြင့် (က)ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို စစ်ဆေးဆောင်ရွက်လျက်ရှိသည့် အခြေအနေ။ (ခ)မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ အပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဖြစ်ပါကြောင်း ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇ အရ စစ်မှန်၍ စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးအကောင်အထည်ဖော်ရာတွင် ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများဖြစ်လာစေရန်နှင့် ယခင်ကမစစ်ဆေးနိုင်ခဲ့သည့်  နိုင်ငံရေးပါတီများကို စစ်ဆေးရန် လိုအပ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၈ တွင်လည်း “ပါတီတစ်ခု၏ စာရင်းများကိုစစ်ဆေးရန်လိုအပ်လျှင် ကော်မရှင်က စစ်ဆေးနိုင်သည်။ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အားလည်း စစ်ဆေးစေနိုင်သည်။ ယင်းသို့စစ်ဆေးရာတွင် ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲသည် အစိုးရဌာန၊ အဖွဲ့အစည်းများထံမှ အကူအညီ ရယူနိုင်သည်” ဟု  ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ စစ်ဆေးရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်း စစ်ဆေးရေး အဖွဲ့များနှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီဌာနချုပ် အခြေစိုက်သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် စစ်ဆေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့စစ်ဆေးရာတွင် နိုင်ငံရေးပါတီများ၏ ဖွဲ့စည်းမှု၊ ပါတီဝင် အင်အားစာရင်းနှင့်   ပါတီရုံးခန်းများ ဖွင့်လှစ်ထားရှိမှုတို့ကို စစ်ဆေးခြင်း၊ ပါတီဝင်ကြေး၊ လစဉ်ကြေးများ၊ ပြည်တွင်းအလှူရှင်များက လှူဒါန်းသောငွေကြေး၊ ပစ္စည်းစာရင်းနှင့်   ပါတီပိုင်စီးပွားရေး လုပ်ငန်းများအား စစ်ဆေးခြင်း၊  ပါတီစည်းမျဉ်းနှင့်အညီ သတ်မှတ်ထားသော အသုံးစရိတ်များ သုံးစွဲခြင်း ရှိ/မရှိ စစ်ဆေး ခြင်း၊ ပါတီပိုင်ရန်ပုံငွေ၊ ပါတီပိုင်ပစ္စည်းများ နှင့်ပတ်သက်သည့် စာရင်းဇယား၊ မှတ်တမ်း များအား စနစ်တကျ ပြုစုထိန်းသိမ်းထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ပါတီကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ် လောင်းများ၏ ရွေးကောက်ပွဲ အသုံးစရိတ်များကို စနစ်တကျ ပြုစုထိန်းသိမ်းထားခြင်း ရှိ/မရှိ  စစ်ဆေးခြင်း၊  ပါတီ၏နှစ်စဉ်ငွေစာရင်းရှင်းတမ်းများကို ဘဏ္ဍာရေးနှစ် အလိုက်ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းများ နှင့်စပ်လျဉ်းပြီး နှစ်ချုပ်စာရင်းပြုစုခြင်း၊ ယင်းစာရင်းများကို ပါတီတွင်း စာရင်းစစ် ကော်မတီထားရှိစစ်ဆေးခြင်း၊ ပါတီစည်း မျဉ်းစည်းကမ်းနှင့်အညီ အတည်ပြုချက် ရယူခြင်းတို့ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေး ခြင်းအပါအဝင် လိုအပ်သည့်စာရင်းဇယား များကို စစ်ဆေးခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။         

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံရေးပါတီများ စစ်ဆေးခြင်း ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (က) နှင့်အညီ ၃၀-၆-၂၀၂၂ ရက်နေ့ မတိုင်မီ လာရောက်အစစ်ဆေးခံရန် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က စာဖြင့် အသိပေးအကြောင်းကြားခဲ့ပြီးဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနေဖြင့် သတ်မှတ်ကာလဖြစ်သည့် ဇွန်လ ၃၀ ရက်နေ့တွင် လာရောက်အစစ်ဆေးခံသည့်အတွက်  ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး ဌာနဆိုင်ရာ ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် တောင်ကြီးမြို့၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲရုံးတွင် စစ်ဆေးဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ စစ်ဆေးပြီးစီးမှုအနေဖြင့် ၂၀၂၁ ခုနှစ် သြဂုတ် လမှ ဒီဇင်ဘာလအထိ  စစ်ဆေးပြီးစီးခဲ့သည့် နိုင်ငံရေးပါတီ ၅၁ ပါတီ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ တတိယပတ်အထိ စစ်ဆေးပြီးစီးခဲ့သည့် နိုင်ငံရေးပါတီ ၃၅ ပါတီရှိသည့်အတွက် စုစုပေါင်းနိုင်ငံရေးပါတီ ၈၆ ပါတီကို စစ်ဆေးခဲ့ပြီးဖြစ်ပါကြောင်း၊ စစ်ဆေးပြီးသည့် နိုင်ငံရေးပါတီ ၈၆ ပါတီ အနက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ပါတီက  မိမိသဘောဆန္ဒ အလျောက်  ပါတီဖျက်သိမ်းခွင့်ပြုပါရန် တင်ပြလာခဲ့သည့်အတွက်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကိုဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် နိုင်ငံရေးပါတီ ၈၅ ပါတီ ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ စစ်ဆေးရန် ကျန်ရှိသည့် နိုင်ငံရေးပါတီ ၇ ပါတီကိုလည်း ဆက်လက် စစ်ဆေးသွားမည်ဖြစ်ပါကြောင်း၊ ထိုနေရာတွင် အလေးထားပြီး တင်ပြလိုသည်မှာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များသည် နိုင်ငံရေးပါတီများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် ချို့ယွင်း အားနည်းချက် များကို အသေးစိတ်မှာကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် နောက်တစ်ကြိမ်စစ်ဆေးရာ တွင် အလားတူ အားနည်းပျက်ကွက်မှုများ တွေ့ရှိရပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်သည်ကို အသိပေး တင်ပြလိုပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် အခြေအနေကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အခြေခံ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး အတွက် မြေပြင်လူဦးရေစာရင်းများတိုက် ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဆောင်ရွက်ခြင်းကို ၁၄-၂-၂၀၂၂ ရက်နေ့မှစ၍ ပြည်ထောင်စု နယ်မြေအတွင်းရှိ မြို့နယ်များတွင် စတင် ဆောင်ရွက် ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် တွေ့ရှိရသည့် တွေ့ရှိချက်များအပေါ် သက်ဆိုင်ရာပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ခဲ့ပါကြောင်း၊ ယခုအခါတွင် မြေပြင် လူဦးရေစာရင်း  တိုက်ဆိုင်စစ်ဆေးခြင်း များကို  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ သက်ဆိုင်ရာဌာနများက ပူးပေါင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတိုင်းဒေသ ကြီး/ပြည်နယ်တာဝန်ခံ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအနေဖြင့် အနီးကပ်လိုက်လံ စစ်ဆေးကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အထက်ပါ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ ကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ   ဝန်ထမ်းများ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနလက်အောက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၊  ရပ်/ကျေး စာရေးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ မြို့နယ်လဝကမှတာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့များနှင့် ပူးပေါင်း စစ်ဆေး ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊  တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်တွင် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိဆောင်ရွက်ပြီး ၂၉၈ မြို့နယ်၊ ဆောင်ရွက်ဆဲ ၁၄ မြို့နယ်နှင့် ဆောင်ရွက်ရန်ကျန် ၁၃ မြို့နယ်ဖြစ်ပါကြောင်း၊ ဆောင်ရွက် ရန်ကျန်သည့်မြို့နယ်များအနေဖြင့် ကယားပြည်နယ် ၂ မြို့နယ်၊ ချင်းပြည် နယ် ၇ မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ၄ မြို့နယ် တို့ဖြစ်ပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်အလိုက် တိုက်ဆိုင် စစ်ဆေးပြီး ဖြစ်သောအခြေခံလူဦးရေ စာရင်းများကိုရယူပြီး ကနဦးမဲဆန္ဒရှင်များ စိစစ်ခြင်းစနစ် (Initial Voter List Scrutinizer-IVLS Software) ကိုအသုံးပြု စိစစ်လျက်ရှိပါကြောင်း၊ IVLS Software အသုံးပြုနည်း လမ်းညွှန်သင်တန်း များကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည် နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများကို ပို့ချခဲ့ပြီးဖြစ်ပါကြောင်း၊ စစ်ဆေးရာတွင် တွေ့ရှိရသည့် သေဆုံးသူများအပါအဝင် မြေပြင်အခြေအနေ စာရင်းဇယားများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြစ်သည့် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပေးပို့ပြီး အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက်  ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။          

ဆက်လက်ပြီး ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၆ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့မှုကို တင်ပြလိုပါကြောင်း၊ အစည်း အဝေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကား ပြောကြားခဲ့ပါကြောင်း၊ အစည်း အဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးခင်ရီ၊ ဒေါက်တာမျိုးသိန်းကျော် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက် ရောက်ခဲ့ကြ ပါကြောင်း ပြောကြားသည်။  

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဆင့် အလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆက် လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှ သာ လွတ်လပ်ပြီးမျှတသည့် ရွေးကောက်ပွဲ၊ မှန်ကန်သည့်ရွေးကောက်ပွဲ၊ စာရင်းအတိအကျရှိသော ရွေးကောက်ပွဲဖြစ်လာမည် ဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားများနှင့် ဌာနဆိုင်ရာများအတွက် အကျိုးရှိစေမည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာရင်းကောက် ယူခြင်းလုပ်ငန်းများကို ဆက်လက်ပြီး ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်  ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက မဲစာရင်းများမှန်ကန်စေရေး တိုက်ဆိုင် စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လူဦးရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မဲစာရင်းမှန်ကန်စွာရရှိရေး ပူးပေါင်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်းပြီး ရှင်းလင်း တင်ပြခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး  ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများကို တင်ပြမည်ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်အနေဖြင့် ယခင်ရွေးကောက်ပွဲများ၏ အားနည်းချက်များ၊ ချို့ယွင်းချက်များကို လေ့လာ သုံးသပ်ပြီး ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့်အညီ လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးပြုစုဆောင်ရွက်ခြင်းနှင့် ရွေးကောက်ပွဲစနစ်အပါအဝင် သိသင့် သိထိုက်သည်များကို ပြည်သူလူထုနှင့် မဲဆန္ဒရှင်များအား အသိပညာပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ အလားတူ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် လူသားအရင်းအမြစ်များ ဖြည့်တင်း ခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်း၊ အခြေခံ အဆောက်အအုံများဖြစ်သည့် ကော်မရှင်အဖွဲ့ခွဲရုံးများ တည်ဆောက်ပေးနိုင်ရေး ဆောင်ရွက်ခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်ရာတွင် ဆောင်ရွက်မည့် ရှေ့ လုပ်ငန်းစဉ် (၅)ရပ်အနက် လုပ်ငန်းစဉ်(၁) ပါ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင် ရွက်လျက်ရှိပါကြောင်း၊ အရေးပေါ်ကာလ ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင် ရွက်ပြီးစီးပါက လုပ်ငန်းစဉ်(၅)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။ 

ဆက်လက်ဖော်ပြပါမည်။