ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၇၀၁၃ ဦးအတွက် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု ၁၀ ခုခွင့်ပြု

ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၇၀၁၃ ဦးအတွက် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု ၁၀ ခုခွင့်ပြု

ရန်ကုန်၊ ရင်းနှီးမြှုပ်နှံမှု

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ဇူလိုင် ၂၇ ရက်တွင်ရန်ကင်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပရာယင်းအစည်းအဝေးမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၇၀၁၃ ဦး အတွက်ဖန်တီးပေးနိုင်မည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု စုစုပေါင်း ၁၀ ခု အတည်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်   ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ ဖွဲနုများကို တန်ဖိုးမြှင့် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်၊ အိတ်၊ ဖိနပ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ အသင့်စားသောက်ကုန် ကြာဆံခြောက် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ Normal စနစ်ဖြင့် ပြည်တွင်းမှ ငါးနှင့် ပုစွန်မျိုးစုံကို တန်ဖိုးမြှင့်ပြုပြင် ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း စသည်တို့ဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ငွေကျပ် ၃၃၀၉ဒသမ ၅ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁၅ သန်းဖြစ်ပြီး လုပ်ငန်းစုစုပေါင်း ၁၀ ခုမှ  ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၇၀၁၃ ဦးအတွက်  ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် အစည်းအဝေးတွင် ရာနှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွဲနုများကို တန်ဖိုးမြှင့်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ Aluminium Recycling Products ထုတ်လုပ်ခြင်း၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေးဝန်ဆောင်မှု လုပ်ငန်း အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၂ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။            

ဝန်းရံခ