ကမ္ဘာပေါ်၌ မျောက်ကျောက်ရောဂါဖြစ်ပွားမှုတွင် အမေရိကန် ထိပ်ဆုံးက ဦးဆောင်နေ

ကမ္ဘာပေါ်၌ မျောက်ကျောက်ရောဂါဖြစ်ပွားမှုတွင် အမေရိကန် ထိပ်ဆုံးက ဦးဆောင်နေ

ကမ္ဘာပေါ်၌ လက်ရှိပျံ့နှံ့လျက်ရှိသော မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတွင် အမေရိကန်နိုင်ငံက  ထိပ်ဆုံးက ဦးဆောင်နေကြောင်း သိရသည်။

ဇူလိုင် ၂၇ ရက် တစ်ရက်တည်းတွင် နိုင်ငံတစ်ဝန်း၌  မျောက်ကျောက်ရောဂါ ဖြစ်ပွားသူအရေအတွက်  ၁၀၄၈ ဦးရှိပြီး တစ်နိုင်ငံလုံး  အတိုင်းအတာ အနေဖြင့် ထိုရောဂါဖြစ်ပွားသူ  ၄၆၃၉ ဦး ရှိပြီဖြစ်ကြောင်း  အမေရိကန်ရောဂါ ထိန်းချုပ် ကာကွယ်ရေးဌာနက ထုတ်ပြန်ထားသည်။

မျောက်ကျောက်ရောဂါသည်  လက်ရှိအချိန်အထိ  နိုင်ငံပေါင်း  ၇၅ နိုင်ငံသို့ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၁၈၀၀၀ ကျော်ရှိကာ အမေရိကန်ပြီးနောက် စပိန်နိုင်ငံက ရောဂါကူးစက်ခံရသူ ၃၇၃၈ ဦးဖြင့်  ကမ္ဘာပေါ်တွင် ဒုတိယမြောက် မျောက်ကျောက်ရောဂါအဖြစ် အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။

ယခုကဲ့သို့ အမေရိကန်နိုင်ငံ၌ မျောက်ကျောက်ရောဂါ ဖြစ်ပွားသူ များပြားလာရခြင်းသည် ရောဂါပိုးစစ်ဆေးမှုကို သီတင်းပတ်တစ်ပတ်လျှင် အယောက် ၁၀၀၀၀ မှ အယောက် ၈၀၀၀၀ အထိ တိုးမြှင့် လုပ်ဆောင်လာခြင်းကြောင့်  ရောဂါဖြစ်ပွားသူများကို ပိုမိုတွေ့ရှိလာရခြင်း ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  အဆိုပါ မျောက်ကျောက်ရောဂါကို ကမ္ဘာ့အရေးပေါ် ကျန်းမာရေး အခြေအနေအဖြစ် ကြေညာထားပြီးဖြစ်သော်လည်း ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့ကမူ    ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်ကို လိုက်နာရန်  နှောင့်နှေးနေကြောင်း သိရသည်။