အိန္ဒိယတိုက်လေယာဉ်တစ်စင်း ပျက်ကျ လေယာဉ်မှူးနှစ်ဦးစလုံး ကွယ်လွန်

အိန္ဒိယတိုက်လေယာဉ်တစ်စင်း ပျက်ကျ လေယာဉ်မှူးနှစ်ဦးစလုံး ကွယ်လွန်

အိန္ဒိယလေတပ်မှ  တိုက်လေယာဉ်တစ်စင်းသည် ပုံမှန်လေ့ကျင့် ပျံသန်းမှုလုပ်ဆောင်စဉ် ပျက်ကျပြီး လေယာဉ်မှူးနှစ်ဦးစလုံး ကွယ်လွန်သွားကြောင်း လေတပ်က ထုတ်ပြန်ထားသည်။

လေတပ်၌ အသုံးပြုနေသည့် MiG-21 အမျိုးအစား တိုက်လေယာဉ်တစ်စင်းသည် ဇူလိုင် ၂၈ ရက်ညပိုင်းတွင် နိုင်ငံအနောက်ပိုင်း ရာဂျက်စသန်ပြည်နယ်ရှိ ကန္တာရတစ်ခု၌ လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ဇူလိုင် ၂၉ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ သိရှိနိုင်စေရန် စုံစမ်းစစ်ဆေးရေး လုပ်ဆောင်လျက်ရှိကြောင်း လေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

MiG-21တိုက်လေယာဉ်များသည် ၁၉၆၀ ပြည့်နှစ် အလွန်ကာလများမှစ၍ အိန္ဒိယလေတပ်၌ တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိတိုင် လေတပ်၏ ပင်မကျောရိုးအဖြစ်  တည်ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် အိန္ဒိယအစိုးရသည် နိုင်ငံ၏ လေတပ်ကို အဆင့်မြှင့်တင်ရေးအတွက် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံလျက် ရှိကြောင်းသိရသည်။