ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၄၀ ဦးတွေ့ရှိ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၆၄ ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၄၀ ဦးတွေ့ရှိ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၆၄ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဇူလိုင်  ၃၀

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊  ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးခြင်းအား   ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၂၉-၇-၂၀၂၂ ရက် ည ၈ နာရီမှ ၃၀-၇-၂၀၂၂ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၂၇၉ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၄၀ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၆၄ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၅၃၁၇၀၇ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၁၄၀၈၃ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာ များအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၁၀ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၈၈၁ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့်  ယနေ့ အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၃၄ ဦးရှိ  ကြောင်း  ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။