ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းမိသားစုများ၏ သား/သမီး၊ ကျောင်းသား/သူများ ပညာထူးချွန်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနား

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းမိသားစုများ၏ သား/သမီး၊ ကျောင်းသား/သူများ ပညာထူးချွန်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနား

နေပြည်တော်၊ ဇူလိုင် ၃၁      

ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများ၏ သား/သမီးများအနက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသည့် ကျောင်းသား/ကျောင်းသူများအား ပညာထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား/ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁၄ ၃၀ နာရီတွင် နေပြည်တော်၊ရုံးအမှတ်(၈)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊အရိန္ဒမာခန်းမ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး ဒေါ်နီလာစိန်၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ အမြဲတမ်းအတွင်းဝန်၏ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ အရာရှိကြီးများနှင့် ဇနီးများ ၊ တာဝန်ရှိသူများ၊ ဂုဏ်ထူးရ ကေျာင်းသား၊ ကေျာင်းသူများနှင့်၎င်းတို့၏ မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့်  သီဆိုဖျော်ဖြေကြပါသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီအဖွဲ့ဝင်၊ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးရုံးအပါအဝင် တပ်ဖွဲ့/ ဦးစီးဌာနအလိုက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/ ကျောင်းသူ များအတွက် ပညာသင်ထောက်ပံ့ကြေးအားပေးအပ်ချီးမြှင့်ရာသက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များမှ လက်ခံကြပါသည်။    

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက (၆)ဘာသာဂုဏ်ထူးရှင် ကျောင်းသား/ ကျောင်းသူ (၆)ဦးအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်နီလာစိန်က (၆)ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူ (၅)ဦးအားလည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်က (၅)ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူ (၅)ဦးအားလည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၏ ဇနီး ဒေါ်မိုးစန္ဒာဝင်း က (၅)ဘာသာဂုဏ်ထူးရှင် ကျောင်းသား/ ကျောင်းသူ (၄)ဦးအား လည်းကောင်း၊ ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က (၅)ဘာသာ ဂုဏ်ထူးရှင် (၃)ဦးအား လည်းကောင်း၊ ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၏ ဇနီး ဒေါ်သဇင်ခိုင် က (၅)ဘာသာ ဂုဏ်ထူးရှင် (၃)ဦးအား လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၏ ဇနီးက (၄)ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား/ ကျောင်းသူ (၅)ဦး အားလည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က(၄)ဘာသာဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူ (၄)ဦးအားလည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဇနီးက (၄)ဘာသာဂုဏ်ထူးရှင် ကျောင်းသား/ ကျောင်းသူ (၅)ဦး အားလည်းကောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က (၄)ဘာသာဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူ (၄)ဦးအားလည်းကောင်း၊ အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က (၄)ဘာသာဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူ (၄)ဦးအားလည်းကောင်း၊ အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ဇနီးက (၄)ဘာသာဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူ (၄)ဦးအားလည်းကောင်း၊ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က (၄)ဘာသာဂုဏ်ထူးရှင် ကျောင်းသား/ ကျောင်းသူ (၄)ဦးအား လည်းကောင်း၊ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ဇနီးက (၄)ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား/ ကျောင်းသူ (၅)ဦးအားလည်းကောင်း ပညာထူးချွန်ဆုများပေးအပ်ခဲ့ပါသည်။

ထို့နောက် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများကိုယ်စား ခြောက်ဘာသာ ဂုဏ်ထူးရှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ရဲနိုင်အောင်၏ သမီးဖြစ်သူ မသန့်သီရိအောင်က ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကာ ဂုဏ်ပြုတေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေကြပါသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၏ သား/သမီးများ၊ ကျောင်းသား/ ကျောင်းသူများအနက်မှ ခြောက်ဘာသာဂုဏ်ထူးရှင်(၁၁)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၂၁)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင်(၅၂)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၉၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၂၅)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင်(၅၅၂)ဦး၊ စုစုပေါင်း ဂုဏ်ထူးရှင် (၈၅၂)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၁၁၅၉)ဦးတို့ဖြစ် ကြောင်း နှင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ယခုပညာသင်နှစ်အတွက် ကျပ်နှစ်ထောင့်ခြောက်ရာခုနှစ်သိန်း ခုနှစ်သောင်းငါးထောင်တိတိ (၂၆၀,၇၇၅,၀၀ဝိ/-)အား ပညာသင်ထောက်ပံ့ကြေးအဖြစ် ပေးအပ်နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။