စိတ်ကျန်းမာရေးနှင့်ဆီးချိုရောဂါ

စိတ်ကျန်းမာရေးနှင့်ဆီးချိုရောဂါ

စိတ်ဖိစီးမှုတစ်ခုတည်းက   ဆီးချိုရောဂါဖြစ်ပေါ်မှု အတွက် တိုက်ရိုက် အချိုးကျသည်ဟုမဆိုလိုပါ။ စိတ်ဖိစီး မှုနှင့်အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကြား ဆက်စပ်မှုရှိနိုင်သည့် အထောက်အထားအချို့ရှိပါသည်။ စိတ်ဖိစီးမှုဟော်မုန်းမြင့်မားစွာထွက်ရှိလာခြင်း က  ပန်ကရိယရှိအင်ဆူလင် ထုတ်သည့်ဆဲလ်များ ကောင်းမွန်စွာအလုပ်လုပ်ခြင်းကို  ရပ်တန့်စေနိုင်ပြီး ၎င်းင်းထုတ်လုပ်သည့် အင်ဆူလင်ပမာဏကိုလည်း လျှော့ချနိုင်သည့် အတွက် ဆီးချိုသွေးချိုတက်လာစေသည်။ ထိုဖြစ်စဉ်ကို ကျန်းမာရေး သုတေ သီများက တွေ့ရှိထားသဖြင့် စိတ်ကျန်းမာရေးမကောင်းပါက ဆီးချို ရောဂါ ကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်းသတိပေးထားခြင်းဖြစ်သည်။

တစ်နည်းရှင်းပြပါဦးမည်။ စိတ်ဖိစီးမှု၏အရေးပါသော အင်္ဂါရပ်နှစ်ရပ်မှာ adrenaline ဟော်မုန်းနှင့် ဂလူးကို့စ်တို့ဖြစ်ကြသည်။  အတိုချုပ်ပြောရလျှင်  စိတ်ဖိစီးမှုသည် လူ့ခန္ဓာကိုယ်မှဂလူးကို့စ်ထုတ်လွှတ်ရန် adrenaline ကို ညွှန်ပြစေသည်။  ထိုအခါ ဂလူးကို့စ်များလွန်းခြင်းက   ဆီးချိုဝေဒနာရှင်များ အတွက် ကြီးစွာသောကျန်းမာရေးပြဿနာကို ဖြစ်စေသည်။ ထို့ပြင် cortisol ခေါ် စိတ်ဖိစီးမှု ဟော်မုန်းပမာဏမြင့်တက်လာပြီး  ကြွက်သားနှင့် အဆီများ သည် အင်ဆူလင်ကို လက်ခံနိုင်မှုနည်းပါးစေသည်။ ၎င်းသည် သွေးတွင်း ဂလူးကို့စ်ပမာဏကို ထိန်းချုပ်ရန် ပို၍ခက်ခဲသွားစေသည်။

စိတ်ကျန်းမာရေးနှင့်ဆီးချိုရောဂါ ဆီးချိုရောဂါရှိသူများသည် ကယောင်က တမ်းဖြစ် ခြင်း၊ အိပ်ရေးပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း နှင့်အစာစားခြင်းဆိုင်ရာ ချို့ယွင်းချက်ကဲ့သို့သော  စိတ်ကျန်းမာရေး ဆိုင်ရာ ပြဿနာများအချိုးမညီမျှစွာမြင့်မားနေသည်။    ဆီးချိုရောဂါရှိသူတိုင်းသည်  စိတ်ပိုင်းဆိုင်ရာဝေဒနာများကိုလျှော့ချရန်နှင့် မိမိကိုယ် ကိုစီမံခန့်ခွဲ နိုင်မှုတိုးတက်စေရန်အတွက်  စိတ်ပိုင်း ဆိုင်ရာကုသမှုနှင့် ပံ့ပိုးကူညီမှုများ ရယူသင့်သည်။ ဆီးချိုဝေဒနာရှင်တစ်ဦးသည်  အခြေခံအားဖြင့်  နာတာရှည် ဇီဝဖြစ်စဉ်ဆိုင်ရာ  ချို့ယွင်းမှုတစ်ခုဖြစ် သော်လည်း   စိတ်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုနှင့် နောက်ဆက်တွဲဆိုးကျိုးများရှိနေသည်။  အခြား နာတာရှည် မကူးစက်နိုင်သောရောဂါများကဲ့သို့ပင်  ချိုရောဂါဝေဒနာခံစားနေရသူ တစ်ဦးချင်းစီနှင့် ၎င်းင်းတို့၏မိသားစုအပေါ် စိတ်ပိုင်းဆိုင်ရာအတိအကျ သက်ရောက်မှုရှိသည်။

ဆီးချိုရောဂါသည် ရုပ်ပိုင်းဆိုင်ရာအဆင်မပြေမှုများသာမက  စိတ်ကျန်းမာ ရေးဆိုင်ရာအဆင်မပြေမှု များဖြစ်သည့် စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ် ပူပန်ခြင်း တို့လည်းရှိနိုင်သည်။မျက်မှောက်ကာလတွင် အမျိုးအစား-၂ ဆီးချို ရောဂါကိုသက်လတ်ပိုင်းအရွယ် များတွင်လည်း ဖြစ်ပေါ်လာကြ သဖြင့်  စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကိုဖြစ်ပေါ်စေပြီး  လူ့စွမ်းအားအရင်းအမြစ် စွမ်းဆောင်ရည်နှင့်    သက်ရောက်မှုရှိသော အသက်မွေးဝမ်းကျောင်း ရွေးချယ်မှုများအပေါ် များစွာ  အကျိုးသက်ရောက်စေသည်။

ဆီးချိုရောဂါဝေဒနာသည်အများစုတွင် ဖြစ်ပေါ်ခံစား ရလေ့ရှိသော စိတ်ကျန်းမာရေးပြဿနာများမှာ -

      ဝမ်းနည်းခြင်း၊

      အကြိုက်ဆုံးလှုပ်ရှားမှုများကို    စိတ်ဝင်စားမှုလျော့နည်းလာခြင်း၊

      အလွန်အကျွံအိပ်မပျော်နိုင်ခြင်း၊

အာရုံစူးစိုက်မှု သို့မဟုတ် ဆုံးဖြတ်ချက်ချရာတွင် အခက်အခဲရှိခြင်း၊

      အလွန်အမင်းပင်ပန်းနွမ်းနယ်နေသကဲ့သို့ ခံစားရခြင်း၊

      မျှော်လင့်ချက်မဲ့ခြင်း၊

      စိတ်တိုလွယ်ခြင်း၊

      စိုးရိမ်ပူပန်ခြင်း သို့မဟုတ် အပြစ်ရှိသည်ဟုခံစားရခြင်း၊

      ကိုက်ခဲနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊

      ကြွက်တက်ခြင်း၊

      အစာချေလမ်းကြောင်းဆိုင်ရာ   ပြဿနာများရှိခြင်း၊

      မိမိကိုယ်ကိုသတ်သေရန်စိတ်ကူးရှိခြင်း သို့မဟုတ် သတ်သေခြင်းတို့ ဖြစ်သည်။

စိတ်ဖိစီးမှုလျှော့ချနည်းများ

စိတ်ဖိစီးမှုကြောင့် ဆီးချိုပိုတက်စေနိုင်သည်။  တစ်နည်းဆိုသော်  စိတ်ဖိစီးမှု သည်  ဆီးချိုသွေးချို မထိန်းနိုင်ခြင်း၏   အကြောင်းရင်းတစ်ခုလည်းဖြစ် သည်။ ဆီးချိုလူနာများတွင်  သွေးချိုဓာတ် မထိန်းနိုင်ပါက နှလုံး၊  သွေးတိုး၊  ကျောက်ကပ်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်း ဖြစ်နိုင် ကာ အသက်သေဆုံးသည်အထိ နောက်ဆက်တွဲ ဆိုးကျိုးများစွာခံစားရနိုင် သည်။  အဆိုပါဆိုးကျိုး များကိုကာကွယ်ရန် သွေးချိုဓာတ်ကိုထိန်းညှိခြင်းက

ကျန်းမာသောနေထိုင်မှုပုံစံကိုတည်ဆောက်ခြင်းနှင့် အတူ စိတ်ဓာတ်မကျ သွားစေဖို့လည်းအထူးအရေးကြီး ပါသည်။

သို့ပါ၍ စိတ်ဖိစီးမှုကိုလျှော့ချနိုင်မည့် အောက်ဖော် ပြပါနည်းလမ်း တချို့ကို အကြံပြုလိုပါသည်-

      သွေးချိုဓာတ်ကိုထိန်းသိမ်းပါ။

      သွေးချိုဓာတ်ပုံမှန်စစ်ဆေးပါ။

      သွေးပေါင်ချိန်နှင့်  သွေးတွင်းအဆီဓာတ်ပုံမှန် ဖြစ်အောင်ဂရုစိုက်ပါ။

      ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

      ဆီးချိုသွေးချိုနှင့်ပတ်သက်သောဗဟုသုတများကိုလေ့လာမှတ်သား ပါ။

      သင့်တင့်သောအစားအစာနှင့်ပမာဏကို အချိန် မှန်မှန်စားပါ။

      အချိုရည်နှင့်အချိုများသော အစားအစာများ အားလုံးကိုရှောင်ပါ။

      အချိန်မှန်မှန်ဆေးသောက်ပါ။

      အိပ်ရေး၀၀အိပ်ပါ။ အနားယူချိန်၊ အိပ်ချိန် လုံလောက်ပါစေ။

      ထိုင်ခုံမှာကြာကြာထိုင်ပြီးတိုင်း   ၅ မိနစ်ခန့် လမ်းထလျှောက်ပါ။

      ညနေစာစားပြီးတိုင်းလမ်းလျှောက်ပါ။

      အကြောလျော့စေသောလေ့ကျင့်ခန်းများပြုလုပ်ပါ။

(ဥပမာ- ယောဂ၊ ထိုက်ကျိ၊ Zumba)

      မိမိဝါသနာပါရာကိုလုပ်ဆောင်ပါ။ (ဥပမာ- အိမ်တွင်း မှုအလုပ်များ၊ စာဖတ်)

      မိမိရောဂါနှင့်ပတ်သက်၍   ဘဝတူမိတ်ဆွေ များထံမှ အကြံဉာဏ်တောင်းခံပါ။

      အခက်အခဲတစ်စုံတစ်ရာရှိပါက ရင်ဖွင့်တိုင်ပင် ဆွေးနွေးပါ။  လိုအပ်ပါကအကူအညီတောင်းခံ ပါ။

စိတ်ဖိစီးမှုကြောင့် လူ့ကိုယ်ခန္ဓာစနစ်ကိုပိုမို အိုမင်းလာစေနိုင် စိတ်ဖိစီးမှု များခြင်း၊  အိပ်စက်ချိန်နည်းခြင်း၊ အစားအစာအလွန်အကျွံစားသုံးခြင်း၊ လူမှု ကွန်ရက် အသုံးများလွန်ခြင်း၊ အဆိုးမြင်တတ်ခြင်း၊ အဆိုး သတင်းများ အဖတ်များခြင်း၊  အပေါင်းအသင်း မကောင်းခြင်း၊ လူ့ခွစာများနှင့် ပေါင်းသင်း ခြင်း၊ အတိတ် ဆိုးကိုအမြဲပြန်သတိရနေခြင်းတို့သည် စိတ်ဓာတ် ကျခြင်းနှင့်စိတ်ကျရောဂါကို  ပိုမိုဆိုးရွားစေသော အချက်များဖြစ်ကြောင်း စိတ်ကျန်းမာရေးပညာရှင်များက  သတိပေးထားသည်။

လူတို့သည် မိသားစုအတွင်း၌ဖြစ်စေ၊ အလုပ်ခွင်၌  ဖြစ်စေ၊ လူ့အဖွဲ့အစည်း အတွင်း၌ဖြစ်စေ၊  အကြောင်း အမျိုးမျိုးကြောင့်  စိတ်ထွက်ပေါက်မှု မရှိတော့ဘဲ ပိတ်ဆို့ ခြင်းခံရသည့်အဆင့်မှ  စိတ်ဖိစီးမှုဝေဒနာခံစားရသော အဆင့်အထိပြောင်းလဲလာတတ်သည်မှာ  ဓမ္မတာပင် ဖြစ်သည်။ အသက် ငယ်ရွယ်စဉ်က   မည်သူမဆို ကိုယ်ရောစိတ်ပါရွှင်လန်း တက်ကြွနေကြ သည်မှာ   သစ်လွင်သောကိုယ်ခံအားစနစ်ကြောင့်ဖြစ်သည်။ ထိုစနစ်ကြောင့် လူငယ်လူရွယ်အများစုမှာ အကြမ်း ပတမ်းခံနိုင်ပြီး အဖျားအနာ၊ ရောဂါဘယ ကင်းလေ့ရှိ ကြသည်။ အသက်ကြီးလာသောအခါတွင်မူ ကိုယ်ခံအား စနစ်အိုမင်းရာမှ   စွမ်းဆောင်ရည်တဖြည်းဖြည်း ကျဆင်းလာသည်။  ထိုမှ တစ်ဆင့်    လူငယ်ဘဝနှင့်ပြောင်းပြန် အချိုးကျစွာပြောင်းလဲလာပြီး လူကြီး အများစုအနေဖြင့် ရောဂါဘယစွဲကပ်ခြင်းကိုမလွန်ဆန်နိုင်ဘဲ အားလျှော့ ကြရလေတော့သည်။အမေရိကန်ပြည်ထောင်စုကာလီဖိုးနီးယား တောင်ပိုင်း တက္ကသိုလ်မှ သုတေသီများသည် စိတ်ဖိစီးမှုက လူ့ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်ပုံ အကြောင်း မကြာသေးမီက စူးစမ်းလေ့လာခဲ့ကြ သည်။ ယင်းကဲ့သို့လေ့လာရာမှ  စိတ်ဖိစီးမှုကြောင့် လူ့ကိုယ်ခံအားစနစ် ပိုမိုအင်အားနည်းကာ   ပို၍လည်း အိုမင်းလာစေနိုင်ကြောင်း ဖော်ထုတ်တွေ့ ရှိခဲ့သည်။

အချုပ်အားဖြင့်ဆိုသော် လူတို့၏စိတ်ခံစားမှုသည် မိမိတို့ဘဝအပေါ် အလုံးစုံ သက်ရောက်မှုရှိသော ညွှန်ပြချက်တစ်ခုဖြစ်သည်။ “စိတ်ထောင်းလျှင် ကိုယ်ကြေ”   ဟူသည့်စကားကဲ့သို့  မိမိတွင်  စိတ်ပိုင်း ဆိုင်ရာ ရိုက်ခတ်မှု တစ်ခုခုဖြစ်ပေါ်နေပါက ကျန်းမာရေးကို မလွဲမသွေထိခိုက်စေမည်ဖြစ်သည်။  ထို့ကြောင့်  ဆီးချိုသွေးချိုဝေဒနာသည်ဖြစ်စေ၊  ၎င်းင်းဝေဒနာ မရှိသေးသူ ဖြစ်စေ လူအများအနေဖြင့်  ဘဝတွင် ဖြစ်ပေါ်တွေ့ကြုံလာသည့်   အကျပ် အတည်းအခက် အခဲများကို  စိတ်ခွန်အားကောင်းကောင်းဖြင့်ခုခံနိုင် မှသာ  ကျန်းမာပျော်ရွှင်သောဘဝတစ်ခုကိုတည်ဆောက် နိုင်မည်ဖြစ်သည်။

ထို့ကြောင့်  မိတ်ဆွေအပေါင်းအသင်းများနှင့် တွေ့ဆုံခြင်း၊ ရပ်ဝေးမှ မိတ်ဆွေများနှင့် ဖုန်းဆက် စကားပြောဆိုခြင်း၊ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို လေ့လာလိုက်စားခြင်း၊ မိမိအားသန်ရာ အလုပ်တစ်ခုခုကို လုပ်ကိုင်ခြင်း၊ တီဗွီကြည့်ခြင်း၊ စာဖတ်ခြင်း၊ လူမှုကွန်ရက်ကို အချိန်အပိုင်း အခြားတစ်ခုသတ်မှတ်ကာ ကန့်သတ်၍ သုံးစွဲခြင်းဖြင့် စိတ်စွမ်းအား ကိုမြှင့်တင်နိုင်သည်။ ထိုမှတစ်ဆင့်  ပျော်ရွှင်သောဘဝတစ်ခုပိုင်ဆိုင်နိုင်ရန် ဆက်လက်ကြိုးပမ်းအားထုတ်သင့်ပါကြောင်း အကြံပြု လိုက်ရပါသည်။