ပြင်ဦးလွင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျန်ရှိခဲ့သည့် အမှိုက် သရိုက်များနှင့် အနှယ်အနှစ်များ ဖယ်ရှားရှင်းလင်း၊ ဂဲလောင်ချောင်းတစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေရေး စုပေါင်းဆောင်ရွက်

ပြင်ဦးလွင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျန်ရှိခဲ့သည့် အမှိုက် သရိုက်များနှင့် အနှယ်အနှစ်များ ဖယ်ရှားရှင်းလင်း၊ ဂဲလောင်ချောင်းတစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေရေး စုပေါင်းဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် - ၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း၌ ဇူလိုင် ၃၁ ရက် နံနက် ၂ နာရီမှ နံနက် ၁၁ နာရီ ၃၀ မိနစ်ချိန်ခန့်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် မြို့ပေါ် ရပ်ကွက်၊ ကျေးရွာအချို့၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကာ ပျက်စီးဆုံးရှုံးမှုများ  ဖြစ်ပေါ်ခဲ့သည့် နေရာများအား ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများက ရပ်ကွက်ကြီး(၁)အတွင်းရှိ ဂဲလောင်ချောင်း ရေတိုက်စားမှုရှိသည့် ချောင်းဘေးဘောင်များပြင်ဆင်ခြင်း၊ ရပ်ကွက်ကြီး(၃)ရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲ၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၊ ရပ်ကွက်ကြီး(၉)ရှိ အေးမြ ချမ်းသာသီလရှင်ကျောင်း၊  ဂေါ်ရခါးကျောင်းနှင့် ဆင်လမ်းကျေးရွာရှိ ဓမ္မိကာရာမ စာသင်တိုက်တို့၌ ပျက်စီးမှုများအား ဖယ်ရှားရှင်းလင်းခြင်း၊ ဂဲလောင်ချောင်းတစ်လျှောက် ဂန္ဓမာမြိုင်အဝိုင်းမှ မန္တလေး-လားရှိုးလမ်း AGD ဘဏ်အထိ ရေစီးရေလာကောင်းမွန် စေရေးတို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။