မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်

နေပြည်တော်၊ ဩဂုတ် - ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ တန်ယန်းမြို့နယ်၊ မိုင်းရယ်မြိုနယ်၊ တောင်ခမ်းမြို့နယ်တို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များနှင့် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးရှိ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ရဲတပ်ဖွဲ့ဝင်များ၏ တင်ပြချက် များပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ် သည်။

ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် နေအိမ်လိုင်းခန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။