မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နှစ်(၅၀)ပြည့် ရွှေရတုတိုင်းနှစ်ပတ်လည်နေ့  ကျင်းပ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နှစ်(၅၀)ပြည့် ရွှေရတုတိုင်းနှစ်ပတ်လည်နေ့  ကျင်းပ

နေပြည်တော်၊ ဩဂုတ် - ၂

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နှစ်(၅၀)ပြည့် ရွှေရတုတိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့်အဖွဲ့ ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းနှစ်ပတ်လည် နေ့အထိမ်းအမှတ်အဖြစ် ဆုချီးမြှင့်ပွဲကို တိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ဆက်လက်ပြုလုပ်ရာ အိမ်ထောင်သည် လိုင်း စိုက်ပျိုး/မွေးမြူရေးနှင့် သန့်ရှင်းရေး အကောင်းဆုံး ဆုရရှိသူများ၊ နံရံကပ်စာစောင်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ သင်တန်းများ တွင် ထူးချွန်ဆုရရှိသူများ၊ နိုင်ငံအဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် လုံခြုံရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များ နှင့်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တိုင်းနှစ်ပတ် လည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။