အင်းစိန်မြို့နယ်၌ မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

အင်းစိန်မြို့နယ်၌ မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌  မွေးကင်းစမှ  အသက်နှစ်နှစ်အောက် ကလေးငယ်များ  ကျန်းမာမှုရှိစေရန်နှင့် ကလေးငယ်များ  ရောဂါဘယ ကင်းရှင်းစေရန် ရည်ရွယ်၍ မွေးကင်းစမှ အသက် နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး   ထိုးနှံတိုက်ကျွေးခြင်းကို သြဂုတ်  ၄  ရက်တွင်  အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌   ပြုလုပ် သည်။

မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပြီး အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန   ဒုတိယမြို့နယ်   ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး  (စီမံ/ဘဏ္ဍာ) ဒေါက်တာမိုးမိုးမြင့်နှင့်   ဝန်ထမ်းများက မွေးကင်းစမှ    အသက်နှစ်နှစ်အောက် ကလေးငယ်များကို   ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊  မေးခိုင်ရောဂါ၊  ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်    ပိုလီယိုရောဂါ ကာကွယ်ဆေး စသည်တို့ကို ထိုးနှံတိုက်ကျွေးကာ ကိုယ်ဝန်ဆောင်မိခင်များကို ကျန်းမာရေး အသိပညာပေးဟော ပြောခြင်းများ ဆောင်ရွက်သည်။

အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် လစဉ်ကိုယ်ဝန်ဆောင် မိခင်နှင့်   မွေးကင်းစမှ   အသက်နှစ်နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်း၊    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်း စသည့် လုပ်ငန်းများနှင့် ကျန်းမာရေးအသိ ပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။