ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ် 

ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း  ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ  ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ စိန်ရာဇာသာသနာလင်္ကာရ ကျောင်းတိုက်သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့နယ်ရှိ အောင်မြေအရှေ့ကျောင်းတိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်ရှိ မြို့မပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ပုညဝတီမိုးကုတ် ဓမ္မရိပ်သာ ကျောင်းတိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဒက္ခိဏာရာမ ပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ ပဇ္ဇောတာရုံပါဠိ တက္ကသိုလ်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ နယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။