ဘင်္ဂလားဒေ့ရှ်၌ စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ဆီဆိုင်များတွင် လူတန်းရှည်ကြီးနှင့် ဆန္ဒပြမှုများဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်၌ စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ဆီဆိုင်များတွင် လူတန်းရှည်ကြီးနှင့် ဆန္ဒပြမှုများဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ဆီဆိုင်များတွင် လူတန်းရှည်ကြီးနှင့် ဆန္ဒပြမှုများဖြစ်ပွားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံတစ်ဝန်းရှိ ဓာတ်ဆီဈေးနှုန်းကို ၅၁ ဒသမ ၇ ရာခိုင်နှုန်းနှင့် ဒီဇယ်ဈေးနှုန်းကို ၄၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ဆွဲတင်ကြောင်း သြဂုတ် ၆ ရက်တွင်ကြေညာသည်။

ထို့ကြောင့်   စက်သုံးဆီဈေးနှုန်းများ မတက်မီ လူအများအပြားက ဆီဆိုင်များတွင် တန်းစီကာ စက်သုံးဆီများကို  အလုအယက် ဝယ်ယူကြသည့်အတွက် လူတန်းရှည်ကြီး ဖြစ်ပေါ်လာသည်။

ဆီဆိုင်အချို့ကမူ ရောင်းချမှုကို ရပ်ဆိုင်းခြင်း၊ ဆီဈေးကို ချက်ချင်းတက်ရန်ပြင်ဆင်ခြင်းတို့ လုပ်ဆောင်သောကြောင့် ဆန္ဒပြမှုများလည်း ဖြစ်ပွားလာရခြင်းဖြစ်သည်။

စက်သုံးဆီဈေးနှုန်းကို တိုးမြှင့်ရခြင်းသည် လက်ရှိ ကမ္ဘာ့အခြေအနေများနှင့် အညီ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ ထိုအခြေအနေများ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါက စက်သုံးဆီဈေးကိုလည်း သင့်လျော်သလို ပြန်လည်သတ်မှတ် ပေးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး နာစရူဟာမစ်က သတင်းထောက်များကို ပြောထားသည်။