မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမား များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မီးရှို့ခဲ့ခြင်းကြောင့်   အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အလယ်တန်းပြဆရာမ ၁ ဦး အပါဝင် စုစုပေါင်း အရပ်သားပြည်သူ ၁

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမား များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မီးရှို့ခဲ့ခြင်းကြောင့်   အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အလယ်တန်းပြဆရာမ ၁ ဦး အပါဝင် စုစုပေါင်း အရပ်သားပြည်သူ ၁၁ ဦး သေဆုံး၊ ၁၂ ဦးဒဏ်ရာရ

နေပြည်တော်၊ ဩဂုတ် - ၇

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက် သမား ၂၀ ဦးခန့်သည် ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်ခြံဝန်း တစ်ခုအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက် ဆီးခဲ့ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အလယ်တန်းပြ ဆရာမ ၁ ဦး အပါအဝင် အရပ်သားပြည်သူ ၁၁ ဦးသေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမား ၂၀ ဦးခန့်က တွင်းမကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်းရှိ ဦးသာဘို ၏ နေအိမ်ခြံဝန်းအား လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မီးရှို့ခဲ့ခြင်းကြောင့် ဦးသာဘို ၏ နေအိမ်တွင် လာရောက်တည်းခိုနေထိုင်လျက်ရှိသည့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အလယ်တန်းပြဆရာမ ၁ ဦး အပါအဝင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာတွင်နေထိုင်သည့် အမျိုးသား ၂ ဦးအား သတင်းပေး ဒလန်ဟုစွတ်စွဲ၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာကျေးရွာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ အကြမ်းဖက် သူများအား ဖမ်းဆီးရမိနိုင်ရေး ကျေးရွာနှင့်ပတ်ဝန်းကျင်တစ်ဝိုက် စစ်ဆေးဖော်ထုတ်လျက်ရှိပြီး လိုအပ်သည့်လုံခြုံ ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကာ ဒဏ်ရာရရှိသူများအား ပခုက္ကူမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိသည်။ ထို့ပြင် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများ အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တို့က ထောက်ပံ့ သည့် ထောက်ပံ့ငွေများအား တစ်ဦးချင်းလိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။