ရန်ကုန် အရှေ့ပိုင်းခရိုင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်) ပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန် အရှေ့ပိုင်းခရိုင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်) ပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်  သြဂုတ်  ၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၏ ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ယနေ့ ညနေ ၃ နာရီတွင် မြတ်ပညာခန်းမ၌ ကျင်းပရာ အဆို၊ အက၊အရေး၊ အတီး (ခရိုင်အဆင့်)  ပြိုင်ပွဲတွင် ဝါသနာရှင် ပထမတန်းအဆင့်၊ ဝါသနာရှင် ဒုတိယတန်းအဆင့်၊ ဘာသာရပ်အလိုက် ပြိုင်ပွဲများတွင်  ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုရရှိသူများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများက  ဆုများ ချီးမြှင့်ပေးအပ်ကြပြီး   ဆုရရှိသူများ၏ ဖျော်ဖြေတင်ဆက်မှုကို   ကြည့်ရှုအားပေးကြသည်၊၊

ထို့နောက် အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲတွင် ဘာသာရပ်အလိုက် အကဲဖြတ် အမှတ်ပေးကြသည့်  ဒိုင်အဖွဲ့များအား  အမှတ်တရ လက်ဆောင်ပစ္စည်း များကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ကြသည်၊၊

ယင်းနောက်  အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်)ပြိုင်ပွဲ ခရိုင်အဆင့် ပြိုင်ပွဲဝင် မြို့နယ် ၁၄ မြို့နယ်ရှိသည့်အနက် ဆုတံဆိပ်အများဆုံး ရရှိသော မြောက်ဥက္ကလာပမြို့နယ်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က   တံခွန်စိုက်ဆုကို ချီးမြှင့်ပေးအပ်သည်၊၊

ရန်ကုန်အရှေ့ပိုင်းခရိုင် ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်) ပြိုင်ပွဲကို ရန်ကင်း ဒီဂရီကောလိပ်နှင့် သင်္ဃန်းကျွန်း ဒီဂရီကောလိပ်တို့တွင် နှစ်နေရာခွဲ၍ သြဂုတ် ၆ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ရာ အဆိုပြိုင်ပွဲတွင် ၇၉ ဦး၊ အကပြိုင်ပွဲတွင် ၁၇ ဦး၊ အရေးပြိုင်ပွဲတွင် ၁၃ ဦးနှင့် အတီးပြိုင်ပွဲတွင် ၆၆ ဦး စုစုပေါင်း ၁၇၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။