ယခင်ပြိုင်ပွဲတွေထက် ယခုပြိုင်ပွဲပိုမိုအောင်မြင်မှုရလို့ ကျေနပ်ဝမ်းသာရပါတယ်

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်

(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို   အင်ဒိုနီးရှားနိုင်ငံဆိုလိုမြို့၌ ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်အထိကျင်းပခဲ့ရာ မြန်မာမသန်စွမ်းအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အခြေအနေ၊  ဆုရရှိမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား မြန်မာနိုင်ငံမသန်စွမ်းအားကစား

အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်ထံ ဆက်သွယ်မေးမြန်းဖြစ်ပါသည်။

ပြိုင်ပွဲဝင်ဖို့အတွက်   ရန်ကုန်ကနေ ဘယ်နေ့က ထွက်ခွာသွားပြီး ဘယ်လိုနေထိုင် ဆောင်ရွက်ခဲ့တယ် ဆိုတာလေး အရင်သိပါရစေ။

ကျွန်တော်တို့ ရန်ကုန်ကနေ ဇူလိုင် ၂၆ ရက် မနက်အစောကြီး မြန်မာအမျိုးသား လေကြောင်းလိုင်း အထူးလေယာဉ်နဲ့ ထွက်ခွာသွားတာ ဖြစ်ပါတယ်။   အထူးလေယာဉ်နဲ့ တိုက်ရိုက်သွားရလို့ အဆင်ပြေပါတယ်။ အားကစားနည်း ခုနစ်မျိုးကို ခုနစ်နေရာပေါ့။

Hotel ခွဲထားလို့   စုစည်းမှု၊ အုပ်ချုပ်မှုနည်းနည်းခက်ခဲပါတယ်။  ဒါပေမဲ့လည်း ပြိုင်မယ့်နေရာနဲ့   အနီးလေးမှာထားလို့ လေ့ကျင့်မှု၊ ယှဉ်ပြိုင်မှုအားလုံး အဆင်ပြေပါတယ်။ ယခင်ပြိုင်ပွဲတွေထက်  ယခုပြိုင်ပွဲ  ပိုမိုအောင်မြင်မှုရလို့  ကျေနပ်ဝမ်းသာရပါတယ်။

ပြိုင်ပွဲမှာ  အိမ်ရှင်နိုင်ငံက ထည့်သွင်းကျင်းပတဲ့  အားကစားနည်းတွေနဲ့ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အားကစားနည်းတွေကိုလည်း ပြောပြပေးပါဦး။

(၁၁)ကြိမ်မြောက်ပြိုင်ပွဲမှာ  အိမ်ရှင်ဖြစ်တဲ့  အင်ဒိုနီးရှားနိုင်ငံက   မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ သြခခငေ ၊ ဂျူဒို၊ ဘောလုံး၊ မျက်မမြင်စစ်တုရင်၊ ဂိုးလ်ဘော၊ အလေးမ၊   ထိုင်လျက်ဘော်လီဘော၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ဝှီးချဲဘတ်စကက်ဘောနဲ့ တင်းနစ်စတဲ့အားကစားနည်း ၁၄ ခုကို ထည့်သွင်းကျင်းပပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ပြေးခုန်ပစ်၊ မြားပစ်၊ ဂိုးလ်ဘော၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက် ဘော်လီဘောနဲ့  အလေးမအားကစားပြိုင်ပွဲများတွင်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ရဲ့ ဆုရရှိမှုနဲ့  ဆုရအားကစားနည်းတွေကိုလည်း ပြောပေးပါဦး။

ဆုရရှိမှုမှာ ရွှေ ၁၄ ခု၊ ငွေ ၁၂ ခု၊ ကြေး ၁၇ ခု စုစုပေါင်း ၄၃ ခုရရှိပါတယ်။ နိုင်ငံအလိုက်အဆင့် ၆ ဖြစ်ပါတယ်။ အားကစားနည်းအလိုက်ဆိုရင်တော့   ပြေးခုန်ပစ်အားကစားနည်းက ရွှေ ကိုးခု၊ ငွေ ခုနစ်ခုနဲ့ ကြေး ၁၁ ခု၊ ရေကူးအားကစားနည်းက ရွှေငါးခု၊ ငွေသုံးခုနဲ့ ကြေးနှစ်ခု၊ ဘောလုံးက ကြေးတစ်ခု၊ အလေးမက ငွေ နှစ်ခု၊ ကြေး

နှစ်ခု၊ မြားပစ်က ကြေးတစ်ခုရရှိခဲ့ပါတယ်။

မသန်စွမ်းထိုင်လျက်ဘော်လီဘောနဲ့ မျက်မမြင် ဂိုးလ်ဘောအားကစားကတော့ ဆုတံဆိပ်နဲ့ လွဲချော်ခဲ့ရပါတယ်။ ကျွန်တော်တို့ ထိုင်လျက်ဘော်လီဘောက ယခင်ရွှေနှစ်ကြိမ်ရထားလို့ ယခုရွှေသုံးကြိမ်ရအောင် ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့လည်း နံပါတ် ၄ သာရလို့ ဆုမဝင်ဘဲ ဖြစ်ခဲ့ပါတယ်။     အားကစားသမားဟောင်းတွေ    ကိုဗစ်ကြောင့် လျော့နည်းပြီး  လေ့ကျင့်မှုလည်း ကင်းကွာခဲ့ပါတယ်။ 

နောက်ပွဲတွေအတွက်  လူငယ်၊  လူသစ်လဲလှယ်လေ့ကျင့်ပေးသွားမှာ   ဖြစ်ပါတယ်။

အခုလိုဆုရရှိခဲ့တဲ့ အားကစားသမားတွေကို နိုင်ငံတော်အစိုးရက ဘယ်လိုဂုဏ်ပြုပြီး ဆုချီးမြှင့်မလဲဆိုတာလည်း သိပါရစေ။

ကျွန်တော်တို့မသန်စွမ်းအားကစားအဖွဲ့ကို နိုင်ငံတော်ကများစွာ အားပေးချီးမြှောက်နေပါတယ်။ အခုပွဲမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရွှေရတာနဲ့ အမေရိကန်ဒေါ်လာ ၁၀၀၀၊ ငွေရရင် အမေရိကန်ဒေါ်လာ ၇၀၀၊ ကြေးရရင် အမေရိကန်ဒေါ်လာ ၅၀၀ လှမ်းပို့ပေးပါတယ်။ ပြန်ရောက်ရင်လည်းဂုဏ်ပြုပွဲရှိပါဦးမယ်။ ရွှေကိုသိန်း ၃၀၀၊ ငွေကိုသိန်း၂၀၀၊ ကြေးကို သိန်း ၁၀၀ လို့ ပြောထားပြီးဖြစ်ပါတယ်။

နောက်(၁၂)ကြိမ်မြောက်   ပြိုင်ပွဲကို ဘယ်နိုင်ငံမှာကျင်းပပြီးတော့ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့အနေနဲ့ ဘယ်အားကစားနည်းတွေ  ယှဉ်ပြိုင်သွားမယ်ဆိုတာလည်း သိချင်ပါတယ်။

ကျွန်တော်တို့လာမယ့်(၁၂)ကြိမ်မြောက်ပြိုင်ပွဲက ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် မေလ ဒါမှမဟုတ် ဇွန်လထဲမှာ ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီပြိုင်ပွဲမှာ အားကစားနည်းတွေ ထပ်တိုးယှဉ် ပြိုင်သွားဖို့ ရည်ရွယ်ထားပါတယ်။  အခုကျွန်တော်တို့ ခုနစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်တာပါ။ (၁၂)ကြိမ်မြောက်မှာတော့ သေနတ်ပစ်၊ မျက်မမြင်စစ်တုရင်၊  ဝှီးချဲနဲ့ပြိုင်တဲ့ အားကစားနည်းတွေ ထပ်တိုးဖို့ရည်ရွယ်ထားပါတယ်။

နောက်ထပ်ပြိုင်ပွဲတွေရောရှိပါသေးလား။

ရှိပါတယ်။ အာရှပြိုင်ပွဲပါ။ ၂၀၂၂ ကနေ ၂၀၂၃ ကိုရွှေ့ထားပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ လုပ်မှာပါ။ အဲဒီမှာတော့  အာရှအဆင့်နိုင်ငံကြီးတွေများလို့ ကျွန်တော်တို့အနေနဲ့ နည်းနည်းနဲ့ကျဲကျဲပါဝင်ယှဉ်ပြိုင်မှာပါ။ မျိုးဆက်သစ်မသန်စွမ်းအားကစားသမားတွေလည်း မွေးရမှာဖြစ်ပါတယ်။ အဲဒီအတွက် ကာကွယ်ရေးတို့၊ လူမှုဝန်ထမ်းဌာနတွေမှာ   လူရှာရဦးမှာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။   မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ နောက်ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေ  ဒီထက်ပိုဆွတ်ခူးနိုင်ပါစေ။

ကျွန်တော်လည်း  မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ကိုယ်စား မြဝတီနေ့စဉ်သတင်းစာကို ကျေးဇူး တင်ပါတယ်။

(၁၀)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို  ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ကမ္ဘာတစ်ဝန်းဖြစ်ပွားသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ပွဲဖျက်ခဲ့ရပြီး မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၉)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့သည်  ရွှေ ၁၁ ခု၊ ငွေ ၁၅ ခု၊ ကြေး ၁၇ ခု စုစုပေါင်း ၄၃ ခုရရှိပြီး   နိုင်ငံအလိုက်   အဆင့် ၆ ရရှိခဲ့သည်။   ။

 

ဝန်းရံခ