တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၈

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားနေ မှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဆုပေးပွဲကို ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိ သူများနှင့် ဒိုင်းဆုရရှိသည့် ပဲခူးတပ်နယ်အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင်အသင်း ၈ သင်းတို့ဖြင့် ဇူလိုင် ၂၉ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြ ကြောင်း သတင်းရရှိသည်။