ဂျိုးဘိုင်ဒင် သို့မဟုတ် ဒေါ်နယ်ထရမ့် သမ္မတပြန်ဖြစ်လျှင် အမေရိကန်အတွက် ကံဆိုးမိုးမှောင် ကျနိုင်ဟုဆို

ဂျိုးဘိုင်ဒင် သို့မဟုတ် ဒေါ်နယ်ထရမ့် သမ္မတပြန်ဖြစ်လျှင် အမေရိကန်အတွက် ကံဆိုးမိုးမှောင် ကျနိုင်ဟုဆို

၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင်  လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် သို့မဟုတ် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့သာ သမ္မတပြန်ဖြစ်ပါက အမေရိကန်နိုင်ငံ အတွက် ကံဆိုး မိုးမှောင်ကျနိုင်သည်ဟု အမေရိကန်နိုင်ငံသား ၄၇ ရာခိုင်နှုန်းက ယူဆထားကြောင်း သြဂုတ် ၈ ရက်ထုတ် စစ်တမ်းတစ်ရပ်အရ သိရသည်။

့သကွသလ အမည်ရှိ စစ်တမ်းကောက်ယူရေး အဖွဲ့က အဆိုပါစစ်တမ်း ကောက်ယူမှုကို လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့၏စစ်တမ်းအရ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်သည် ၂၀၂၀ ပြည့်နှစ်ကထက် ယခုအချိန်တွင် ပိုမိုအားနည်းလာပြီ ဖြစ်ကြောင်း အမေရိကန်နိုင်ငံသား ၅၄ ရာခိုင်နှုန်းက ယုံကြည်ထားသည်ကို တွေ့ရသည်။

ထို့ပြင် အမေရိကန်နိုင်ငံသား ၅၅ ရာခိုင်နှုန်းက ဂျိုးဘိုင်ဒင် အနေဖြင့် အမေရိကန် နိုင်ငံက ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်တော့မည် မဟုတ်ကြောင်း ယုံကြည်ထားသည်။

အလားတူ ဂျိုးဘိုင်ဒင်ကို  သမ္မတနေရာနှင့် ထိုက်တန်သည်ဟု  လက်ခံသူအရေ အတွက်သည် ၃၈ ရာခိုင်နှုန်းအထိ   ကျဆင်းလာသည်ကို တွေ့ရသည့်အတွက်  လူထုထောက်ခံမှုကို  အနည်းဆုံး ရရှိခြင်းဖြစ်သည်ဟု  Gallup Poll စစ်တမ်းကောက်ယူရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဂျိုးဘိုင်ဒင်အပေါ် လူထုထောက်ခံမှု ကျဆင်းလာရသည့် အဓိက အကြောင်းရင်းမှာ အမေရိကန်နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှု သိသိသာသာ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။

ဇွန်လအတွင်း အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၉ ဒသမ ၁ ရာခိုင် နှုန်းရှိပြီး နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံး ဖြစ်လာကြောင်း သိရသည်။