တရုတ်နှင့်ကုန်သွယ်ရေး စစ်ဖြစ်လျှင် ဂျာမနီက Brexit ထက် ခြောက်ဆ ဆုံးရှုံးမည်

တရုတ်နှင့်ကုန်သွယ်ရေး စစ်ဖြစ်လျှင် ဂျာမနီက Brexit ထက် ခြောက်ဆ ဆုံးရှုံးမည်

ဂျာမနီနိုင်ငံနှင့် ဥရောပသမဂ္ဂတို့ အနေဖြင့်  တရုတ်နှင့်ကုန်သွယ်ရေး စစ်ဖြစ်ပွားပါက ဗြိတိန်က ဥရောပသမဂ္ဂမှ ခွဲထွက်သည့် Brexit ဖြစ်စဉ်ထက် ဆုံးရှုံးမှုက ခြောက်ဆ ပိုများမည်ဖြစ်ကြောင်း  Ifo သုတေသနဌာနက သြဂုတ် ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ဂျာမနီက တရုတ်နှင့် ကုန်သွယ်ရေးစစ် ဖြစ်လျှင်   ဆုံးရှုံးမှုကြီးမားမည့် ကဏ္ဍမှာ မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းဖြစ်မည် ဖြစ်ကြောင်း  Ifo ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတွက်ကြောင့် ကုမ္ပဏီများအနေဖြင့် အချို့သော ဈေးကွက်များနှင့် နိုင်ငံများ အပေါ်သာ မှီခိုနေရမှုကို လျှော့ချနိုင်ရေး အတွက် ဦးတည်လုပ်ဆောင်သင့်ကြောင်း Ifo က သတိပေးထားသည်။

အလားတူ ဂျာမနီနှင့် ဥရောပသမဂ္ဂတို့၏ စီးပွားရေးမူဝါဒ ရည်မှန်းချက်သည် စိတ်တူ ကိုယ်တူရှိသည့်နိုင်ငံများနှင့် မဟာဗျူဟာမြောက် မိတ်ဖက် ထူထောင်ရန်နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်များ ရရှိနိုင်ရေး လုပ်ဆောင်ရန်အဖြစ် ရည်မှန်း ထားသင့်ကြောင်း  Ifo မှ ပူးတွဲသုတေသီ ဖလော်ရီယန်ဒွန်းက ပြောသည်။